Library Image

ဖိတ်ကြားလွှာ

07/06/19



နက်ဖြန် ကဗျာညနေခင်းမှာ တစ်ယောက်ယောက် မယ်ခွေ့ကဗျာ အမှတ်တရ ရွတ်ဖို့ကောင်း။ သင်ရိုးအဖွဲ့ဟာ လိုအပ်သလို သူ့ဆင်ခြင်မှုနဲ့ ပညာဉာဏ်ကို ကောင်းကောင်းသုံးပြီး သင်ရိုးကို ပြင်တာ၊ ပြောင်းတာ၊ လဲတာ သူ့ပိုင်ခွင့်ပါ။ ဒါပေမဲ့ ဒီကဗျာ ဖြုတ်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ 'ဒီမိုကရေစီခေတ်မို့ public voice ကိုနားထောင်ရတယ်တို့၊ sensitive ဖြစ်တဲ့ လူတွေ၊ အဖွဲ့အစည်းတွေက လူငယ်တွေ အတုယူမမှားစေရန် ပယ်ဖျက်ခိုင်းလို့တို့' ဆိုတဲ့ အကြောင်းပြတွေကတော့ ကဗျာသိမှု စာပေသိမှု နုန့်နဲ့ရာ ကျတယ်။ ဒီကြားထဲ အနူကိုယ်ရမ်းမသိ ပွဲဝင်ခံသူကလည်း ဝင်လာလိုက်သေးဆိုတော့ ပြောစရာတွေ ဖြစ်ကုန်တာပေါ့။ ဘာပဲဖြစ်ဖြစ် ရေတိမ်နစ်ရတဲ့ မယ်ခွေ့ကဗျာနဲ့ မယ်ခွေအတွက် ကျွန်တော်တို့ ကဗျာညနေခင်းမှာ တိုက်လည်းတိုက်ဆိုင်နေတော့
အစီအစဉ်တစ်ခုခုတော့ ပါသင့်တယ် ထင်ပါတယ်။ စဉ်းစားကြည့်ကြပါဦး။

မောင်လင်းရိပ်