Library Image

Psychology of Persuasion B2B အခမဲ့ စကားဝိုင်းကြီး၂၃ ရက် ၊ ဇွန်လ ၊ ၂၀၁၉ ( တနင်္ဂနွေ)

15/06/19



Psychology of Persuasion B2B အခမဲ့ စကားဝိုင်းကြီး

==============================

Psychology of Persuasion ဆိုတာ အကြမ်းဖျင်းပြောရရင်တော့ မိမိဆွဲခေါ်ယူလိုတဲ့ အကြောင်းအရာတွေကို နားထောင်သူတွေ စိတ်၀င်စားပြီး နားလည်လာအောင် လုပ်ရသော နည်းလမ်းမျိုးပဲ ဖြစ်ပါတယ်။ Psychology of Persuasion မှာ အချက် ၆ ချက်ရှိပါတယ်။

☑️Reciprocity ဆိုသော အပေးအယူ - ကိုယ်က သူ့ဆီကလိုချင်တဲ့ ပစ္စည်းရဖို့အတွက် ကိုယ့် ဘက်ကရော လိုချင်နေတဲ့ ပစ္စည်းနဲ့ တန်အောင် ဘယ်လောက်ပြန်ပေးနိုင်မှာလဲ???

☑️Consistency ဆိုသော ကိုက်ညီမှု၊ ညီညွှတ်မှု - ဆုံးဖြတ်ချက်ချတဲ့အခါမှာ တော်တော်လေး အရေးပါပါတယ်။ အတင်းအဓ္ဓမ ခိုင်းစေတာမျိုး မဟုတ်ဘဲ အလိုအလျောက် လက်ခံလာအောင် မည်သို့၊ မည်ပုံ ပြောမှာလဲ???

☑️Social Proof ဆိုတာက မိမိတင်ထားသော ပို့စ်မှာ ဘာတွေပါလဲဆိုတာထက် မိမိ၏ ပို့စ်က ဘယ်လောက်ထိ လူသိများကြပြီလဲ ??? သိပြီးသားလူတွေကရော မိမိပို့စ်ကြောင့် ဘာတွေပြောင်းလဲသွားကြပြီလဲ ???

☑️Liking ဆိုတာကတော့ မိမိ၏ လုပ်ရပ်၊ ပို့စ်ကို ဘယ်လို တုံ့ပြန်ကြလဲ ???

☑️Authority ဆိုတာ လုပ်ပိုင်ခွင့်၊ အာဏာရရှိအောင် ဘယ်လိုကြိုးစားမလဲ ???

☑️Scarcity ဆိုတာကတော့ Psycho လေးနည်းနည်းရောပြီး မိမိလိုရာပန်းတိုင်ကို ရောက်အောင်သွားမယ့် အစီအစဉ်ပဲ ဖြစ်ပါတယ်။ လူတွေက မရှိလေ၊ ပိုလိုချင်ကြလေ ဆိုတဲ့ စကားအတိုင်း မိမိဖြစ်ချင်တဲ့အရာဖြစ်အောင် လျှော့သင့်တာလျှော့ ၊ တိုးသင့်တာတိုး နဲ့ မျှတအောင် ဘယ်လိုလုပ်ကြမလဲ ???

ယခုလို နည်းပညာမျိုးစုံ ၊ အရာရာခေတ်မှီနေတဲ့ လောကကြီးမှာ ရှင်သန်ရပ်တည်နိုင်ဖို့ Psychology of Persuasion ဆိုတာကို သေချာသိထားဖို့လိုပါတယ်။

ဒီစကားဝုိင်းမှာ

- စီးပွားရေး ပညာရှင် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က ကြီးမှူးဟောပြောပေးသွားမှာ ဖြစ်ပြီး

- ကို Alex Khine (Digital Marketer)

- မခင်နှင်းကြည်သာ (Author)

- မခင်မြတ်မြတ်နိုင် (Food & Travel Blogger; Go With Me )

- မမေဇွန်၀င်း (Travel Blogger ; I Love Travelling) က ပါ၀င်ဆွေးနွေးကြမှာဖြစ်ပါတယ်။

ယခုလို ပြောင်းလဲတိုးတ်က်လာတဲ့ ဒစ်ဂျစ်တယ်ခေတ်မှာ ရှင်သန်ရပ်တည်နိုင်ဖို့ Psychology of Persuasion ဆိုတာကို သေချာသိထားဖို့လိုပါတယ်။

==============================

တက်ရောက်သင့်တဲ့သူများကတော့

- ကိုယ်ပိုင်စီးပွားရေးလုပ်ချင်ပေမဲ့ ယုံကြည်ချက်ပျောက်ဆုံးနေသူများ

- အောင်မြင်တဲ့ အရောင်းသမားဖြစ်လိုသူများ

- တိုးတက်လာတဲ့ ခေတ်အလိုက် Digital Media ပေါ်မှာ မိမိ ကုန်ပစ္စည်း အမှတ်တံဆိပ် ထိုးဖောက်လိုသူများ စတဲ့သူတွေ တက်ရောက်သင့်တဲ့ပွဲဖြစ်ပါတယ်။

နေ့ရက် - ၂၃ ရက် ၊ ဇွန်လ ၊ ၂၀၁၉ ( တနင်္ဂနွေ)

အချိန် - နံနက် ၉း၃၀ မှ မွန်းတည့် ၁၂း၀၀ ထိ

နေရာ - Hotel Yangon (8 Miles) အမှတ် ၉၁/၉၃ ၊
Royal Ballroom,2nd Floor
ပြည်လမ်း နှင့် ကမ္ဘာအေးဘုရားလမ်းထောင့် ၊ 
၈မိုင် လမ်းဆုံ ၊ မရမ်းကုန်းမြို့နယ်။

စိတ်ပါ၀င်စားသူ ဘယ်သူမဆို အခမဲ့နာမည်စာရင်းပေးသွင်းနိုင်ပါတယ်။ စာရင်းပေးသွင်းပြီးနောက် အတည်ပြုချက် စောင့်ဆိုင်းဖို့မလိုဘဲ တက်ရောက်နိုင်မှာဖြစ်ပါတယ်။

အောက်ပါနည်းလမ်းတွေထဲနေ တစ်ခုခုကိုသုံးပြီးစာရင်းပေးသွင်းနိုင်ပါတယ်။

-SMS Register- (အမည်၊ ဖုန်းနံပါတ်၊ အလုပ်အကိုင်ရာထူး၊ ကုမ္မဏီအမည်နဲ့ Email လိပ်စာတွေကို 09 785606060 (သို့မဟုတ်) 09 968557560

- Online Register - https://www.eventbrite.com/e/b2b-tickets-62909641431

အသေးစိတ် သိရှိမေးမြန်းလိုပါက Hot Line ဖုန်းနံပါတ်တွေဖြစ်တဲ့ 
09 785606060/ 09968557560 ကို ဆက်သွယ်နိုင်ပါတယ်။