Library Image

“ယနေ့ခေတ်လူငယ်စကား၀ိုင်း” ပွဲအစီအစဉ်ကို လာမည့် ၂၇.၈.၂၀၁၉ (အင်္ဂါနေ့)တွင် ကွန်ပျူတာတက္ကသိုလ် (ပြည်) စုေ၀ခန်းမ၌ ပြုလုပ်ကျင်းပသွားမှာဖြစ်ပါတယ်။

25/08/19



ကွန်ပျူတာတက္ကသိုလ် (ပြည်) စာပေနှင့်အနုပညာအသင်းမှ ပဉ္စမအကြိမ်မြောက် ကြီးမှူးကျင်းပမည့် “လူငယ်စကား၀ိုင်း” အကြောင်းလေး လက်တို့လိုက်ပါရစေ။

လူငယ်တွေ ဘယ်လိုအခက်အခဲတွေကိုကြုံတွေ့နေရလဲ။ လူငယ်တွေအတွက် ဘယ်လိုအခွင့်အလမ်းတွေရှိမလဲ။ ပညာသင်ကြားနေစဉ် ဘ၀အတွက် ဘာတွေပြင်ဆင်ထားရမလဲ။ သင်ကြားနေရသောဘာသာရပ်နှင့် မိမိဝါသနာ ကိုက်ညီမှုမရှိခြင်းတွေ။ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး စသဖြင့် လူငယ်များနှင့်စပ်ဆိုင်သော အကြောင်းအရာကဏ္႑အရပ်ရပ်ကို ဆွေးနွေးပြောဆိုကြမည့် “ယနေ့ခေတ်လူငယ်စကား၀ိုင်း” ပွဲအစီအစဉ်ကို လာမည့် ၂၇.၈.၂၀၁၉ (အင်္ဂါနေ့)တွင် ကွန်ပျူတာတက္ကသိုလ် (ပြည်) စုေ၀ခန်းမ၌ ပြုလုပ်ကျင်းပသွားမှာဖြစ်ပါတယ်။ 

လူငယ်စကား၀ိုင်းဆိုသည့်အတိုင်း အောင်မြင်နေသောလူငယ်စာရေးဆရာများက စကား၀ိုင်းတွင် ဦးဆောင်ဆွေးနွေးသူများအဖြစ် ပါ၀င်မှာဖြစ်ပြီး ကျွန်တော်တို့ကျောင်းသား/သူ လူငယ်များအနေနှင့်လဲ ကိုယ်ပါ၀င်ဆွေးနွေးလိုသော အကြောင်းအရာများကိုကြိုတင်ပြင်ဆင်လာ၍ ပါ၀င်ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။ မေးမြန်းလိုသောအရာများရှိပါလျှင်လည်း လွတ်လပ်စွာမေးမြန်းဆွေးနွေးနိုင်မှာဖြစ်ပါတယ်။ လူငယ်စာရေးဆရာများနှင့်ကျောင်းသားလူငယ်များ လွတ်လပ်စွာစကားပြောဆိုဆွေးနွေးနိုင်သော လူငယ်စကား၀ိုင်းပဲဖြစ်ပါတယ်။

ဒါတွေတင်မကပဲ ဆရာမသုတေးစစ်ကလည်း စာအုပ်များကိုမဲဖောက်ပေးသွားဦးမှာလည်းဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်တိုင်ပါ၀င်ဆွေးနွေးရင်း စာအုပ်များလဲပိုင်ဆိုင်နိုင်အောင် လူငယ်စကား၀ိုင်းမှာပျော်ရွှင်စွာပါ၀င်ဖို့အတွက် ဖိတ်ခေါ်လိုက်ရပါတယ်။ မည်သူမဆိုတက်ရောက်ဆွေးနွေးနိုင်ပါကြောင်းကိုလည်း သတင်းကောင်းပါးလိုက်ရပါတယ်။

#စာ​ပေစကားဝိုင်​း
#ကွန်​ပျူတာတက္ကသိုလ်​(ပြည်​)စာ​ပေနှင်​့အနုပညာအသင်​း
#UCSPyay