Library Image

ပြည်တက္ကသိုလ်စာပေပွဲတော်တွင်ပြုလုပ် မည့် ပညာရေးဆိုင်ရာစကားဝိုင်း

27/08/19



ပြည်တက္ကသိုလ်စာပေပွဲတော်တွင်ပြုလုပ်
မည့် ပညာရေးဆိုင်ရာစကားဝိုင်း
•__________________________
.
မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေး
ရှင်း ( ပဲခူးတိုင်းအနောက်ပ်ုင်း )မှစီစဉ်
သောအထက်ပါစာပေပွဲတော်တွင်
ပြည်မြို့ရှိ လူငယ်များဖြင့် ဖွဲ့စည်းထား
သော SOC Network မှအထက်ပါ
စကားဝိုင်းလေးကိုပူပေါင်းပါဝင်သူများ
အနေဖြင့်ထည့်သွင်းစီစဉ်ထားပါတယ် ။
.
HDEIအနေနဲ့တော့နိုင်သည့်ကဏ္႑တစ်
ခုမှအားဖြည့်ထားချင်းဖြစ်ပါတယ် 
ယခုလိုအသိအမှတ်ပြုပေးသည့်အတွက်
လည်းကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။
.
ပညာရေးအတွက် ရွေးချယ်ခွင့်

ယခင်ကပညာရေး
အပါအဝင်အခြားသော
ရွေးချယ်ခွင့်ပုံသဏ္႑များသည် များများစားစားရှိလှသည်မဟုတ် ။ တိုးတက်ရာ
တိုးတက်ကြောင်း ထွက်ပေါက်အဖြစ်
ရွေးကြသည့်အခါ ယခုဖွံ့ဖြိုးစခေတ်ကဲ့
သို့ ဟုတ်သယောင်ယောင်ခံစားရသည့်
ခံစားမှုသည့် ယခုလောက်မများဟုထင်
သည် ။ထိုကာလတွင်လည်း အနည်းနှင့်
အများဆိုသလို အကြပ်အတည်းတို့ရှိရာ
( မှောင်လွန်း၍ဘာရွေးရမယ်မသိ ) သည့် အကြပ်အတည်းဟု ထိုခေတ်ကိုဆို
ရပါမည် ။
.
ဖွံ့ဖြိုးပွင်းလင်းစ ဒီဘက်ခတ်တွင်လူငယ်
များအတွက် ပညာရေးအစပြု၍ မည်သည့် ကဏ္႑တွင်မဆို ရွေးချယ်ခွင့်ထွက်ပေါက်များ များလွန်းလှသဖြင့် ဘာရွေးရမယ်မှန်း မသိသည့်အကြပ်အတည်းကို
လည်းရင်ဆိုင်နေရပါသည် ။
ထိုကာလကိုတော့ 
( လင်းလွန်း၍ ဘာရွေးရမယ်မှန်းမသိ )
သည့်ခေတ်ဟုဆိုချင်ပါသည် ။
.
သေချာသည်မှာ မှောင်လွန်း၍မမြင်သည်ထက် လင်းလွန်း၍ ဘာရွေးရတော့
မည်မသိသည့်အကြပ်အတည်းကပိုးဆိုး
သည်ဟုခံစားမိပါသည် ။
ပညာရေး၏ ဖွံ့ဖြိုးမှုမဏ္႑ိုင်သည်
သင်ကြားရေး ( Learning ) ဖြစ်ပြီး
ထိုမဏ္႑ိုင်ကို အဓိကအကူပေးနေသည့်
ထောက်တိုင်များမှာ သုတေသန ( Research ) ဖြစ်ပြီး စဉ်ဆက်မပြတ်ရှာဖွေနေရခြင်းဖြစ်သည်ဟု ပညာရှင်
များကဆိုကြပါသည် ။
.
ယခုစကားဝိုင်းသည် ပြင်ပမှာလာသော
ဖွံ့ဖြိုးရေး လမ်းမထက်တွင်ခြေကုန်ပြေး
နေသည့် နိုင်ငံများမှ ပေးလာသော ခန့်
ထည်သည့် ဖွံ့ဖြိုးရေးပုစၧာများကိုအသား
ပေး မျှဝေသည့်စကားဝိုင်းမဟုတ်ဘဲ
ကိုယ့် ဝါသနာ ကိုယ့်ခံယူချက်နှင့်ကိုက်
ညီသည့် 
အဖြေရှာ တွက်နည်းကိုသာ မျှဝေသည့်
စကားဝိုင်းဖြစ်ပါသည် ။
.
ခေတ်အဆက်ဆက်
သုတေသနယဉ်ကျေးမှု အားနည်းခဲ့
သည့် အကျိုးဆက်များထဲမှ ကိုယ်ထူ
ကိုယ်ထ ဖောက်ထွက်ခဲ့သည့်
လူငယ်များ ခံစားနေရသည်ကို အနီးဆုံး
ခံစား နားလည်ပေးနိုင်သော ဆရာများ
ဖြစ်သည့်
ဆရာဖြိုးဝေ
ဆရာမဖြူအိသိမ်း
ဆရာမချောစုနိုင်တို့မှ သူတို့အတွေ့အ
ကြုံများ
ပြည်တက္ကသိုလ်ရှိ လူငယ်များဘက်မှ
လည်း သူတို့ခံစားချက်များကို ရင်ဖွင့်
မျှဝေမည့် စကားဝိုင်းတစ်ခုဖြစ်ပါသည် ။
•__________________________

#SOC Net Workသည်ပြည်မြို့အ
နီးအနားရှိ ကလေးငယ်များအားစာဖတ်
ခြင်းအလေ့အထကို ပျိုးထောင်လေ့ကျင့်
ပေးနေသည့် လူငယ်အဖွဲ့ဖြစ်ပါသည် ။