Library Image

ဇန်နဝါရီ ၄

02/01/20



လွတ်လပ်ရေးနေ့မှာကျိုက်ထီးရိုးဘုရားဖူးရင်းကုသိုလ်ပြုဆေးကုပေးကြမယ်...တီးကြဆိုကြမယ်...စာပေဟောပြောလေးနဲ့လူမှုအကျိုးပြုကြမယ်...
4.1.2020 ရက်နေ့မနက် ငါးနာရီ တာမွေမော်ဒယ်လ္ဘက်ရည်ဆိုင်မှာစုရပ်လုပ်ပြီးငါးနာရီခွဲစတင်ထွက်ခွာပါမယ်...
ကျိုက်ထီးရိုးခရီးစဉ်လမ်းမပေါ်ရှိစစ်တောင်းကျေးရွာလေးမှာမနက် ၁၀နာရီမှ ညနေ ၆နာရီထိ ချို့တဲ့ဖျားနာသူများသက်ကြီးရွယ်အိုများကိုဆေးကုပေးပြီးညဘက်မှာ ဒါရိုက်တာအဏ်ထော်နီ စာရေးဆရာလယ်တွင်းသားစောချစ် ဆရာမကြီးသန်းမြင့်အောင်တို့မှစာပေဟောပြောပေးမှာဖြစ်ပါတယ်...ထို့နောက်မှာတော့Stage Show သီဆိုဖျော်ဖြေပေးမှာဖြစ်ပြီး စစ်တောင်းကျေးရွာလေးမှာပဲ ညအိပ်မှာပါ...
၅ ရက်နေ့ မနက်စောစောမှာ ကျိုက်ထီးရိုးဘုရားသိုတက်ရောက်ဖူးမျှော်လယ်ပတ်ရင်းညနေခင်းမှာရန်ကုန်မြို့သို့ပြန်လည်ထွက်ခွာလာမှာဖြစ်ပါတယ်...
ဆေးဝါးလှူဒါန်းလိုသူများ လိုက်ပါကုသိုလ်ပြုလိုသူများ ကျွန်တော့်ထံစာရင်းအမြန်ပေးနိုင်ပါတယ်ခင်ဗျ...
လူဦးရေကန့်သန့်ချက်လေးတော့ရှိပါတယ်ကားမဆန့်မှာစိုးလို့ပါ...ဆေးကုခရီးစဉ်ထွက်တိုင်းတွေ့ကြုံရတဲ့ဒုက္ခက ကားအဆင်မပြေခြင်းပါ... အမြဲတမ်းလို သုံးလေးသိန်းပေးငှါးနေရပါတယ်... ကျွန်တော် ကျောက်အောင်တော့မှ ကားအကြီးကြီးဝယ်ပြီး ဘုရားဖူးချင်သူမှန်သမျှကိုသီးသန့်လိုက်ပို့ပေးပါ့မယ်ခင်ဗျ..
????????????

တေးရေးမင်းကို(ခ)မင်းခေတ်မင်း
အနပညာသစ်ပြတိုက်ဖောင်ဒေးရှင်း
       2 2..2020