Library Image

ကလေးအဖော် စာဖတ်ပျော် အမျိုးသားပြတိုက် ၂၀၁၇ ဇန်နဝါရီလ ၆- ၈ရက်နေ့ထိ

04/01/17



ကာတွန်းအဖော် စာဖတ်ပျော် ကလေးစာကြည့်တိုက်အစီအစဉ် ပြုလုပ်ဖို့ ၂ ရက်ဘဲလိုပါတော့တယ်။ 
အစီအစဉ်မှာ ကလေး လူကြီး အရွယ်မရွေးပါဝင်နိုင်စေဖို့ ကာတွန်းရုပ်ပြခေတ်ကိုပြန်လည်ခံစားစေမဲ့ ရုပ်ပြကာတွန်းစာအုပ်များပြပွဲလေးလဲ ပါဝင်ပါတယ်။ 
ငယ်ငယ်တုန်းကကာတွန်းဇာတ်ကောင်လေးတွေကို ပြန်လည်တွေ့မြင်နိုင်အောင်လဲ တတ်စွမ်းသရွေ့ ပြုလုပ်နေကြပါတယ်။ 
ဝါရင့်ကာတွန်းဆရာကြီးတွေရဲ့ကာတွန်းလက်ရာတွေကိုလဲ တကွက်ကာတွန်းတွေအပြင် ကိုယ်တိုင်အမှတ်တရယူသွားနိုင်အောင် စီစဉ်ထားပါတယ်။ 
တကွက်ကာတွန်းတွေကို ပုတက်ကာတွန်းဂျာနယ်က အရောင်ခြယ်ပေးထားပါတယ်။
ကလေးစာကြည့်တိုက်အစီအစဉ်တွေအတွက် ပုံပြောခြင်း၊ လက်မှုပညာ၊ ဉာဏ်စမ်း၊ ပြဇာတ်၊ ပန်းချီဆွဲခြင်း စတဲ့အစီအစဉ်တွေကိုလဲ သက်ဆိုင်ရာအသင်းအဖွဲ့အသီးသီးက ပြင်ဆင်နေကြပါပြီ။
ကလေးတွေအတွက် စာအုပ်စာပေရောင်းချပေးမဲ့ စာအုပ်ထုတ်ဝေဖြန့်ချီသူတွေအတွက် သပ်ရပ် လှပတဲ့စင်တွေကိုလဲ Lion Group က အဆင်သင့်လုပ်ပြီးပါပြီ။
ကလေးစာကြည့်တိုက်အစီအစဉ်အတွက် ချစ်စရာကောင်းတဲ့ ပိုစတာ၊ စာအုပ်ဒီဇိုင်းတွေကို ကိုသူရက စိတ်ရှည်လက်ရှည်လုပ်ပေးခဲ့လို့ ကြော်ငြာနဲ့ စာအုပ်တွေကို ပြုလုပ်ထားပြီးပါပြီ။
အရင်တုန်းကကာတွန်းတွေကို စာအုပ်အပြင် ebook အဖြစ်လဲဖတ်ရှုနိုင်အောင် စာကြည့်တိုက်ဝန်ထမ်းတွေက ပြုလုပ်ခဲ့ပြီး လာရောက်ကြသူတွေအတွက် ကြည့်ရှုဖို့ Tablet တွေကို MBAPF က ငှားရမ်းပေးထားပါတယ်။

ကာတွန်းအဖော် စာဖတ်ပျော်ဖို့ ကလေး လူငယ် လူရွယ် လူကြီး အားလုံးကို ဖိတ်ခေါ်ပါတယ်။ 

ပါဝင်ဆင်နွှဲကြပါစို့။