Library Image

အချိန် - မနက် (၉) နာရီ မှ နေ့ (၁၁) နာရီထိ ◩ နေ့ရက် - ၈ ရက်၊ မတ်လ ၂၀၂၀ ပြည့်နှစ်၊ တနင်္ဂနွေနေ့

29/02/20



စာကြည့်တိုက်နယ်ပယ်မှ ကျနော်တို့ မိတ်ဆွေသင်္ဂဟအပေါင်းကို ချစ်ကြည်လေးစားစွာ ဖိတ်ကြားပါ၏။

#ယုံကြည်ရာရုံးသစ်ဖွင့်ပွဲနှင့်_နှစ်ပတ်လည်ပွဲ

(မိတ်ဟောင်းဆွေဟောင်းများ၊ မိတ်သစ်ဆွေသစ်များ၊ အားလုံးအားလုံးကို ချစ်ကြည်လေးစားစွာ ဖိတ်ကြားပါ၏)

❏ ခရစ် ၂၀၁၄ ခု၊ ဇန်နဝါရီလမှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ကျနော်တို့ ယုံကြည်ရာအသင်းနဲ့ အခမဲ့စာကြည့်တိုက်။ ဟော၊ အခု ၂၀၂၀ ပြည့်နှစ်မှာ သက်တမ်း (၆) နှစ်ပြည့်တယ်ဗျာ။

❏ သက်တမ်း (၆) နှစ်ပြည့် အခါသမယမှာ ထူးခြားတာကတော့ ကျနော်တို့ ယုံကြည်ရာရုံးကို နေရာအသစ်သို့ ရွေ့ပြောင်းခဲ့ကြခြင်းပါ။ ပဓာနရည်ရွယ်ရင်းဖြစ်တဲ့ ပိုမိုကျယ်ဝန်းတဲ့၊ ပိုမိုပြည့်စုံကောင်းမွန်တဲ့ စာကြည့်တိုက်ဝန်ဆောင်မှုတွေ ဖြည့်ဆည်းပေးလိုတာကြောင့် ခုလိုနေရာသစ်ကို ပြောင်းရွေ့ကြရတာပါ။

❏ ကျနော်တို့ ဖြတ်သန်းလာခဲ့တဲ့ (၆) နှစ်တာ ကာလအတွင်း ယုံကြည်ရာဝိုင်းတော်သား‌တွေ၊ မိတ်ဆွေသင်္ဂဟတွေရဲ့ စုစည်းညီညွတ်မှု၊ ကြိုးပမ်းဆောင်ရွက်မှု၊ ကူညီဝန်းရံမှုတို့ကြောင့် မန္တလေးမှာတော့ တစ်စုံတစ်ရာ အကျိုးပြုနိုင်တဲ့ အခမဲ့စာကြည့်တိုက်နဲ့ အရပ်ဖက်အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

❏ ချုပ်ပြောရရင်တော့၊ တိုင်းပြည်နဲ့ လူထုအတွက် ကျနော်တို့ နိုင်သလောက် စွမ်းသလောက် တစ်တပ်တစ်အား ထမ်းဆောင်ကြတာပါပဲ။ ခုဆိုရင် ယုံကြည်ရာဟာ မန်းလေးမြို့ လူငယ်လူရွယ်တို့အတွက် မိမိတို့ ဘဝလမ်းခရီးမှာ တိုးတက်ရာ တိုးတက်ကြောင်း တစ်ထောက်ကွန်းခိုရာ ဘုံရိပ်သာလေးသဘော ဖြစ်လာပါတယ်။

❏ ဒီအဖွဲ့အစည်း၊ ဒီစာကြည့်တိုက်လေး ရေရှည်တည်တံ့ခိုင်မြဲဖို့ရေး၊ တိုးတက်သထက် တိုးတက်လာဖို့အရေးတွေလည်း မိတ်ဆွေတို့နဲ့ ဆွေးနွေးချင်တယ်ဗျာ။ အလေးအနက် ပြောလိုတာလေးတွေလည်း ရှိ‌တယ်ဗျာ။ ဒါ့ကြောင့် မိတ်ဆွေတွေအားလုံးကို ကျနော်တို့ ရုံးသစ်ဖွင့်ပွဲနဲ့ နှစ်ပတ်လည်အခါသမယမှာ ဆုံစည်းကြရအောင် လေးလေးနက်နက် ဖိတ်ကြားပါ‌ကြောင်း။

➥ အခမ်းအနား အစီအစဉ်

◩ အချိန် - မနက် (၉) နာရီ မှ နေ့ (၁၁) နာရီထိ

◩ နေ့ရက် - ၈ ရက်၊ မတ်လ ၂၀၂၀ ပြည့်နှစ်၊ တနင်္ဂနွေနေ့

◩ နေရာ - ယုံကြည်ရာအသိပညာပြန့်ပွားရေးအသင်းနှင့် အခမဲ့စာကြည့်တိုက်၊ အမှတ် (I - ၆)၊ ရတနာပုံလမ်း၊ ၆၅ × ၆၆ လမ်းကြား၊ ၁၀၅ × ၁၀၆ လမ်းကြား၊ မြို့သစ် (၁) ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့

ဖုန်း -

၀၉ ၉၇၇ ၂၄၀ ၉၇၇

၀၉ ၉၇ ၄၈၅ ၄၇ ၄၄