Library Image

အမှောင် လာမယ့် ဧပြီ ၃ရက်၊ သောကြာနေ့မှာ ဆရာချမ်းမြေ့ဝင်းရဲ့ဘာသာပြန်စာအုပ်သစ်မိတ်ဆက်ပွဲ

10/03/20



လာမယ့် ဧပြီ ၃ရက်၊ သောကြာနေ့မှာ ဆရာချမ်းမြေ့ဝင်းရဲ့ဘာသာပြန်စာအုပ်သစ်မိတ်ဆက်ပွဲနဲ့ ပရိသတ်နဲ့ရင်းရင်းနှီးနှီးတွေ့ဆုံပွဲကို Kalaw Cafeyard မှာကျင်းပမှာဖြစ်ပါတယ်။ပွဲကတော့ပေါ့ပေါ့ပါးပါးပုံစံပါပဲ။ Kalaw Cafeyard ရဲ့မြက်ခင်းပြင်ပေါ်မှာ ညနေပိုင်းထိုင်ပြီး စာအုပ်သစ်အကြောင်းမိတ်ဆက်အမြည်းပြောမယ်။ စကားစမြည်တွေပြောကြမယ်။ အမှတ်တရလက်မှတ်ထိုးတာလည်းပါတာမို့လို့ကိုယ်ဝယ်ထားတဲ့အရင်ထွက်ပြီးသားစာအုပ်လေးတွေယူလာလည်းရတယ်။ ပွဲကျမှစာအုပ်အသစ်ကိုအားပေးပြီးတစ်ပါတည်းလက်မှတ်ထိုးလည်းရတယ်။ ထွက်ပြီးစာအုပ်တွေကိုလည်းပွဲမှာ discount price နဲ့ဝယ်ယူလို့ရပါတယ်။

ဆရာချမ်းမြေ့ဝင်းကတော့ပရိသတ်အယောက် ၃၀ ကိုစာအုပ်အသစ် မေတ္တာလက်ဆောင်ပေးဖို့ရှိပါတယ်။ Kalaw Cafeyard ကလည်း အမှတ်တရလက်ဆောင်လေးတွေ giveaway မဲဖောက်ပေးဖို့ရှိပါတယ်။ ဧည့်ပရိသတ်တွေအတွက် refreshments လေးတွေလည်းဧည့်ခံဦးမှာပါ။ 

အခမ်းအနားဆိုတာထက်ပျော်စရာပွဲလေးသဘောမျိုးပါပဲ။ စာအုပ်ရောင်းပွဲလေးလည်းပါမှာမို့ တခြားစာအုပ်တွေဖတ်ချင်၊ ဝယ်ချင်တဲ့စာချစ်သူတွေအတွက်လည်းကော်ဖီလေးသောက်ရင်းစာအုပ်ကောင်းလေးတွေဝယ်လို့ရပါတယ်။ ဧပြီ ၃ရက်နေ့မှာ စာအုပ်တွေနဲ့ညနေခင်းလေးတစ်ခုကို Kalaw Cafeyard မှာဖြတ်သန်းလိုက်ကြရအောင်လား။ ????????

Sayar Chan Myae Win's new book launch and signing event will be held on April 3rd, Friday in our Kalaw Cafeyard. There shall be friendly meet up with the writer: having some conversations; getting sign; taking photos together. Also the writer shall gift his new published book to 30 lucky people. Moreover, there would be book fair, giveaway activities and refreshments provided by our Kalaw Cafeyard. 

Don't miss out the chance of many fun activities. We're warmly welcoming our dear customers and fans to attend this delightful event! ????