Library Image

WHO ကပြောတဲ့ PANDEMIC ဆိုတာ

13/03/20



WHO ကပြောတဲ့ PANDEMIC ဆိုတာ

-Pandemic ဆိုတာ ရောဂါဘယ်လောက်ပြင်းထန်တယ်လို့ ပြောတာမဟုတ်ပါဘူး။ ဘယ်လောက်ကျယ်ကျယ်ပြန့်ပြန့် ကူးစက်နေပြီလဲဆိုတာကို ဖော်ပြတာပါ။

-ဒီလို Pandemic အဖြစ် ကြေညာလို့ လက်ရှိထိန်းချုပ်ဖို့လုပ်နေတာတွေ ရပ်တန့်ရမယ်ပြောတာမဟုတ်ပါဘူး။ တားဆီးကာကွယ်ရေးတွေကို နှစ်ဆပိုတိုးပြီး ပြင်းပြင်းထန်ထန်လုပ်ရမယ်လို့ဆိုပါတယ်။

-Pandemic ဆိုတဲ့ တံဆိပ် တပ်လိုက်ရင်ဘာလုပ်ကြမှာလဲ

ဒီလိုကြေညာလိုက်ရင် နိုင်ငံတကာအစိုးရတွေက လူထုကိုကာကွယ်ဖို့အတွက် အရေးပေါ်လုပ်ငန်းတွေ ပြင်ဆင်မှု လုပ်ဖို့လိုလာပါတယ်။ ခရီးသွားလာဖို့ တားမြစ်တာ၊ ကုန်သွယ်မှု ကန့်သတ်တာ တွေ လုပ်ဖို့လိုလာပါတယ်။
 "pandemic " ဆိုတဲ့စာလုံးကို သုံးတယ်ဆိုရင် တကမ္ဘာလုံး ကြောက်လန့်ပြီး ကာကွယ်တားဆီးတာတွေ မလုပ်နိုင်တော့ပဲ ဖြစ်မှာကိုလည်း စိုးရိမ်ရပါတယ်။

-ဘာလို့ ဒီလိုကြေညာဖို့ ဆုံးဖြတ်ချက်ချခဲ့တာလဲ။

WHO က ဒီလိုကြေညာဖို့ စဉ်းစားခဲ့တာတွေရှိပါတယ်။ ရောဂါဖြစ်နေတဲ့နေရာမှာ နေတဲ့သူတွေက အလိုလို Risk ကရှိပြီးသားပါ။ သူတို့ ဖျားရင် ကူးစက်ခံရတာ ဖြစ်ဖို့များတယ်။ ကျန်းမာရေးပညာရှင်တွေက သာ ဒီကူးစက်တဲ့လမ်းကြောင်းကို လိုက်နိုင်ရင် ရောဂါကို ထိန်းချုပ်လို့ ရပါသေးတယ်။

ဒါပေမယ့် လူထုထဲမှာ တချို့တွေက အကြောင်းအရင်း မည်မည်ရရမရှိပဲ ဆက်စပ်မှုမရှိပဲ ကူးစက်ခံနေရတယ်ဆိုရင်တော့ ဒါက Pandemic ကြေညာဖို့ လုံလောက်နေပါပြီ။

တုပ်ကွေးတုန်းက ကမ္ဘာ့ တိုက်ကြီးနှစ်ခုမှာ ကူးစက်ခဲ့ပါတယ် ။ အခု Covid 19 ကတော့ ၆ ခုထိ ကူးစက်နေပါပြီ။

-နောက်ဆုံး Pandemic ကြေညာခဲ့တာဘယ်အချိန်ကလဲ

၂၀၀၉ ခုနှစ်က H1N1( swine flu) ဝက်တုပ်ကွေးက နိုင်ငံပေါင်းစုံမှာ ၆ပတ်လောက် လည်ပတ်ကူးစက်နေခဲ့ပါတယ်။ အခုတော့ အဲဒီ တုပ်ကွေးက Endemic( ဖြစ်ရိုးဖြစ်စဉ်) ကူးစက်မှုဖြစ်လာပြီး ရာသီတုပ်ကွေးထဲက တစ်ခုဖြစ်လာပါတယ်။

ဒီလို Corona virus က နေ Pandemic ဖြစ်တာကတော့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

????Outbreak ဆိုတာ
နေရာတစ်ခုမှာ ရုတ်တရက် ရောဂါဖြစ်ပွားမှုတွေ မြင့်တက်လာတာကိုခေါ်ပါတယ်။ 

????Epidemic ဆိုတာ
အပေါ်မှာပြောထားတဲ့ Outbreak ကို နေရာအကြီးကြီးမှာဖြစ်တာကိုခေါ်ပါတယ်။

????Pandemic ဆိုတာ
Epidemic ကို တစ်ကမ္ဘာလုံးမှာ ဖြစ်တာကို ဆိုလိုပါတယ်။ 

(ထပ်ပြောရရင်တော့ Covid19 က ကူးစက်မြန်တယ်ဆိုတာကို အတည်ပြုပြောကြားလိုက်ခြင်းဖြစ်ပါတယ်။ Pandemic ဖြစ်တဲ့ အတွက် လူတော်တော်များများ ကူးစက်ခံရပါလိမ့်မယ်။ ဒါပေမယ့် ကူးစက်ခံရမှု တော်တော်များများက အပျော့စားကူးစက်မှုဖြစ်ပါလိမ့်မယ်။ ရက်သတ္တပတ် အနည်းငယ်ကြာရင် ပြန်ကောင်းသွားတာမျိုးဖြစ်နိုင်ပါတယ်။ 
အသက်ကြီးသူတွေနဲ့ အခြား ရောဂါရှိသူတွေမှာတော့ နျူမိုနီးယားလို ဆိုးဆိုးရွားရွားဖြစ်နိုင်ပါလိမ့်မယ်။. :( ) 

မြန်မာပြည်မှာကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသည် ဟု သံသယရှိပါက ဆက်သွယ်ရန်

Emergency / Health contact phone numbers:
- Public Health Emergency Operation Center – 067- 3420268
- Yangon Airport Health Quarantine Unit – 09-799983833
- Yangon Regional Department of Public Health – 09-449001261, 09-794510057
- Mandalay Regional Department of Public Health – 09-2000344, 09-43099526


Resources