Library Image

ကိုဗစ် နောကကြောင်းပြန်

21/04/20




ဒီကပ်ဘေးကြီးက ဂလိုဘယ်လိုက်ဇေးရှင်းနဲ့

 အမြတ်သာပဓာန စီးပွားရေးကို 

ကမ္ဘာကြီးရဲ့ ဇီဝစနစ်က မထမ်းပိုးနိုင်ကြောင်း ပြလိုက်တာပါပဲ။ 

– မိုက်ဒေးဗစ်



ဂေဟသစ်ပင်ကိုလှုပ်ခါလိုက်တဲ့အခါ 

ဗိုင်းရပ်စ်က ကျုပ်တို့အပေါ် ကျလာတော့တာပေါ့။ 

      – ဒေးဗစ်ကွာမန်း


ဂေဟစနစ်ပျက်စီးလာနေသော တိုင်းပြည်၊ ပြည်သူ့ဘဝလုံခြုံမှု ကင်းမဲ့နေသောတိုင်းပြည်၊ ရိုးရာနှင့် သဘာဝမြေယာများကို လုယူနေသောတိုင်းပြည်၊ တရုတ်နိုင်ငံ၏ အိမ်နီးချင်းတိုင်းပြည်အနေနှင့် ကိုဗစ်-၁၉ ကပ်ဘေး၏ နောက်ခံ အခြေအနေများကို လေ့လာနိုင်ရန် ရည်ရွယ် စုစည်းထားသည့် စာအုပ်ဖြစ်ပါသည်။ 


စာအုပ်တွင် အခန်း (၆) ခန်း ပါဝင်ပါသည်။


ကျုပ်တို့ ဖန်တီးတဲ့ရောဂါ

ကြိုမြင့်ခဲ့တဲ့ ကပ်ဘေး

ထွက်နှုန်းမြင့်မွေးမြူရေး (သို့) ရောဂါပိုးစက်ရုံများ

စနစ်ကို ဆန်းစစ်ကြရအောင်

လမ်းများခရီးများအကြောင်း

ကျန်းမာရေးပြိုလဲခြင်း စသည်တို့ ဖြစ်ပါသည်။

စာရေးသူ ဒေါက်တာမြင့်ဇော်သည် သြစတေးလျအမျိုးသားတက္ကသိုလ်တွင် သယံဇာတ စီမံခန့်ခွဲမှုနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပါရဂူဘွဲ့ ရရှိခဲ့ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းများတွင် ပါဝင် လှုပ်ရှားလျက် ရှိပါသည်။


သာလာယံကနေတစ်ဆင့် ယခုစာအုပ်ကို PDF အနေဖြင့် Online မှ ဖြန့်ချိလိုက်ပါသည်။


ဂေဟာရပ်ဝန်းကို ချစ်သော ဂေဟရပ်ဝန်းကျန်းမာရေးအတွက် ဆောင်ရွက်နေကြသော မိတ်ဆွေများအားလုံးအတွက် ဝေမျှပေးလိုက်ပါရစေ။

အောက်က Link ကတစ်ဆင့် စာအုပ်ကို အခမဲ့ Download ရယူနိုင်ပါသည်။

စာအုပ်အား download လုပ်ရန်

https://www.salayam-media.org/wp-content/uploads/2020/04/Looking-back-Covid-19-MYINT-ZAW.pdf