Library Image

စာရေးဆရာကြီး မိုးမိုးတာရောစန် (၉၄)နစ်ကွယ်လွန်

10/06/20



#စာရေးဆရာကြီး 
မိုးမိုးတာရောစန်
(၉၄)နစ်ကွယ်လွန်ရှာပြီ
******************************
ရန်ကုန် ဇွန်၉

စာဆိုစစ်သည် စာရေးဆရာကြိး
မိုးမိုးတာရောစန်
 (ဗိုလ်မှူးကြီးခင်မောင်သောင်း ) အသက် ၉၄ နှစ် ၊ ဒီကနေ့ဇွန်၉ရက် မနက် ၈ နာရီခွဲမှာ ကွယ်လွန်သွားရှာပြီလို့ သိရပါသည်

တပ်မတော်ထဲမှာ
နှစ်ပေါင်းများစွာတာဝန်
 ထမ်းဆောင်ခဲ့တဲ့တပ်မတော်သားတစ်ဦးရဲ့ အတွေ့အကြုံတွေကို ဆောင်းပါးပေါင်းများစွာရေးသားခဲ့တဲ့ ဆရာကြီးဟာ အထက်တန်းပညာသင်ဆဲမှာ ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာပြီး 

ဘီအိုင်အေတပ်များ အမရပူရမြို့ကို ရောက်ရှိလာချိန်မှာ ဘီအိုင်အေတပ်ထဲကို ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။

 ၁၉၄၃ခုနှစ် ပျဥ်းမနား၊ဗမာ့ကာကွယ်ရေးတပ်မတော်ဖွဲ့တဲ့အချိန်မှာ တပ်ရင်း(၄)ကနေ 
မဂ်လာဒုံဗိုလ်သင်တန်း ဒုတိယပတ်တက်ရောက်ခဲ့ပါတယ်။

၁၉၄၄ ခုနှစ်အစပိုင်းမှာ 
ဂျပန်နိုင်ငံ၊ဘုရင့်စစ်တက္ကသိုလ်တက်ရောက်ရန် သွားရောက်ခဲ့ပြီး ၁၉၄၅ ခုနှစ်အကုန်ပိုင်းမှာ မြန်မာနိုင်ငံ ပြန်ရောက်ခဲ့ပါတယ်။
.
၁၉၄၆ ခုနှစ် ၊ဗမာ့တပ်မတော်မှာ ပြန်တမ်းဝင်အရာရှိအဖြစ်ခန့်အပ်ခံရပြီး တပ်ရင်းပေါင်းများစွာမှာ တာဝန်ထမ်းဆောင်ခဲ့ကာ
 ၁၉၇၁ ခုနှစ် အမှတ် (၇၇)ခြေမြန်တပ်မဌာနချုပ်၊ဒုတိယတပ်မမှူးအထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ 

ထို့နောက် ကုန်သွယ်ရေးဝန်ကြီးဌာနတွင် ၁၉၈၆ ခုနှစ် အထိတာဝန်ထမ်းဆောင်ပြီး အနားယူကာ စာပေဆောင်းပါးများ ရေးသားလျက်ရှိသူဖြစ်သည်
.
နိုင်ငံ့ဂုဏ်ရည်(ပထမအဆင့်)၊လွတ်လပ်ရေးမော်ကွန်းဝင် (ဒုတိယဆင့် )၊ဇေယျကျော်ထင်ဘွဲ့တံဆိပ်များနှင့် စစ်မှုထမ်းကောင်းတံဆိပ်များ ရရှိခဲ့သူဖြစ်ကြောင်းသတင်းရရှိသည်

ဆရာကြိးသည်မြန်မာနိုင်ငံစာရေးဆရာအသင်းနင့် မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်တို့၏သက်ကြိးအကန်တော့ခံစာရေးဆရာကြိးဖြစ်ကြောင်းသတင်းရရှိသည်

ဆုံစည်းရာသတင်းမီဒီယာ