Library Image

ကိုယ်ထူ ကိုယ်ထ စာကြည့်တိုက်သမားများသို့ ပေးစာ (၁)

02/11/20



ကိုယ်ထူ ကိုယ်ထ စာကြည့်တိုက်သမားများသို့ ပေးစာ (၁) 

Covid-19 ကပ်ရောဂါဖြစ်ပွားသည့်အခါ လူစုလူဝေးကန့်သတ်လိုက်သည့်အတွက် လုပ်ငန်း တော်တော်များများ ရပ်တန့်ကုန်ပါသည်။ ထိုအထဲမှာ စာကြည့်တိုက်များ လည်း ပါဝင်ကြမည် ထင်ပါသည်။ အခြား သာမာန် အချိန်တွေ မှာတောင် စာကြည့်တိုက်သမားများ ၊ စာကြည့်တိုက် ဦးဆောင်သူများ ၊ စာကြည့်တိုက်မှူးများသည် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရန်အတွက် အင်မတန် ရုန်းကန်ရပါသည်။ ယခု လို အချိန် မှာဆိုတော့ ဆိုဖွယ်မရှိတော့ (တစ်ချို့လည်း စာဖတ်အား ပိုကောင်းလာသည်ဟု သိရ) . 

စာကြည့်တိုက်သမားများ စကားဝိုင်း ဆိုပြီး Save The Library မှ အပတ်စဉ် တိုင်း ဆွေးနွေးသည် ကို သိရပါသည်။ ထို စကားဝိုင်း မှ ရရှိသော အချက်အလက်များ ကို အခြေခံပြီး တစ်နိုင်ငံလုံးရှိ စာကြည့်တိုက်သမား များ ကို အပိုင်းလိုက် မျှဝေလိုပါသည်။ စကားဝိုင်းလုပ်ခဲ့သည် မှာ လ အတော်ကြာမှ စာရေးဖို့ စိတ်ကူးမိတာကြောင့် ယခု အပိုင်းသည် အလယ်ပိုင်း ဖြစ်သွားနိုင်ပါသည်။ သို့ပါသော်လည်း သည်းခံပြီး ဖတ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။ 

မှတ်တမ်းတင်ခြင်း စာမျက်နှာ (ဓာတ်ပုံရိုက်ပါ)
************************************
စာကြည့်တိုက် တစ်တိုက်သည် တစ်နှစ်မှ ဆယ်နှစ် ဆယ်နှစ်မှ နှစ်နှစ်ဆယ်သည် သမိုင်း ဖြစ်သွားပါပြီ။ ထိုသမိုင်းကို တစ်နေ့ ပြီး တစ်နေ့ ဖြည်းဖြည်း မှန်မှန် ဆောင်ရွက်ခြင်းဖြင့် မှတ်တိုင် တစ်ခု ကိုဖန်တီးနိုင်ခဲ့ကြပါသည်။ ထို မှတ်တိုင်များအတွက် မှတ်တမ်းသည် အရေးကြီးပါသည်။ ဓာတ်ပုံသည် အရေးကြီးပါသည် ။ စာကြည့်တိုက်ဖွင့်ပွဲက ဓာတ်ပုံသည် ထိုစာကြည့်တိုက်အတွက် မမေ့နိုင်သည့် မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ Event များ ၊ Activity များ ၊ စာငှားစာဖတ် များ စာကြည့်တိုက် စာလာဖတ်နေသော ကလေးငယ်များကို လျှပ်တစ်ပျက် မှတ်တမ်းတင်ထားခြင်းအားဖြင့် ထိုပုံများကို နောင်လေးငါးနှစ် ကြာသော် မှတ်တမ်းတစ်ခု ဖြစ် ပြန်လည် ချပြခြင်း ၊ မိမိတို့ စာကြည့်တိုက် နှစ်ပတ်လည်များတွင် ပြန်လည်း အသုံးပြုခြင်း ၊ မိမိတို့ စာကြည့်တိုက်အကြောင်း မသိသေးသူများကို ရှင်းပြရာတွင် ထို ဓာတ်ပုံများကို အသုံးပြုခြင်းဖြင့် အသုံးဝင်ပါလိမ့်မည် ။ သို့ပါသောကြောင့် စာကြည့်တိုက် သမားများ မှတ်တမ်းတင်ခြင်း ကို မမေ့စေချင်ပါဘူး။ 

စာကြည့်တိုက်သည် စာဖတ်ဖို့ တစ်ခု တည်းမဟုတ်ပါ
**************************************************
စာကြည့်တိုက်သည် ပညာရေး၏ ကြောရိုးဖြစ်သည် ။ အသက်ဖြစ်သည် ။ စာကြည့်တိုက်ကို ဗဟိုပြုသည့် ပညာရေးသည် အောင်မြင်မည် ဟု ယုံကြည်သည်။ တက္ကသိုလ်၏ အသက်သည် Research ဖြစ်သည် ဟု မှတ်သားဖူးပါသည်။ Research သည် ဆိုသည် အထဲတွင် စာကြည့်တိုက် မဖြစ်မနေပါဝင် ပတ်သတ်ရပါတော့မည်။ တက္ကသိုလ်စာကြည့်တိုက် ၊ ပြည်သူ့ စာကြည့်တိုက် ၊ ကျောင်းစာကြည့်တိုက် ၊ ရည်ညွန်းစာကြည့်တိုက် ၊ ကိုးကား စာကြည့်တိုက် အစသဖြင့် အမျိုးမျိုး ရှိသော်လည်း ရပ်တည်မူ ခက်ခဲဆုံးသည် ပြည်သူ စာကြည့်တိုက်များ ဖြစ်ပါ သည်။ ပြည်သူ့ စာကြည့်တိုက်တော်တော်များများသည် ကိုယ်ထူကိုယ်ထ ဆောင်ရွက်ကြရသည် တစ်ကြောင်း ၊ စာကြည့်တိုက်ကို အားပေးရကောင်း လှူဒါန်းရကောင်းမှန်း မသိသည် တစ်ကြောင်း ၊ စာကြည့်တိုက်သို့ လှူလိုက်သော အလှူသည် ပညာဖြစ်သည့်(Soft Scale) အတွက် လက်ဆုပ်လက်ကိုင်ပြမရသောကြောင့် စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်မူ တိုင်းတာခြင်း သည် ခက်ခဲပါလိ့မ်မည်။ စာကြည့်တိုက်သည် စာဖတ်ဖို့ တစ်ခု တည်း မဟုတ်ပါဘူး ။ ပြည်သူ ကို ဝန်ဆောင်မူ ပေးသော ဆောင်ရွက်မူ တစ်ခု ဖြစ်ပါသည်။ တစ်ချို့ စာကြည့်တိုက်များသည် Covid-19 Supporting Center အဖြစ်လည်းကောင်း ၊ တစ်ချို့ စာကြည့်တိုက်ဦးဆောင်သူများသည် Covid Volunteer အဖြစ်လည်းကောင်း
ပြောင်းလဲပြီး တာဝန်ထမ်းဆောင်နေကြပါသည်။ အေးဆေးသည့် အရပ်ဒေသ မှ တော့ စာဖတ်အားပိုကောင်းလာသည့် စာကြည့်တိုက်များလည်း ရှိကောင်း ရှိပါသည်။ စာကြည့်တိုက်သမားများ စာကြည့်တိုက်နေရာ အဆောက်အဦး သည် စာဖတ်ဖို့ တစ်ခု တည်း တိုက်တွန်းလိုခြင်း မရှိပဲ ပြည်သူ့ အတွက် လိုအပ်သော နေရာမှ ပူးပေါင်းပါဝင်းခြင်းဖြင့် ၊ အသုံးပြုစေချင်ဖြင့် ပြည်သူ နှင့် စာကြည့်တိုက် ပို၍ နီးကပ်စေပါသည်။ 

နည်းစနစ်များ ဖလှယ်ဖို့ မမေ့ဖို့ နှင့် တိုက်ရိုက်ယူရန် မသင့်ပါ 
******************************************************
စာကြည့်တိုက် ဦးဆောင်သူများသည် အခြား တိုင်းနှင့်ပြည်နယ် တိုင်းဒေသအသီးသီးမှ အောင်မြင်သည်ဟု ယူဆထားသော စာကြည့်တိုက်သမားများ ၊ စာကြည့်တိုက်ဖြင့် သက်ဆိုင်သော ပညာရှင် အသီးသီးများဖြင့် မကြာ မကြာ ဆွေးနွေးမူ ပြုလုပ်ဖို့ လိုအပ်သည်ဟု မှတ်ချက်ပြုလိုပါသည်။ ထိုမှသာလျှင် မိမိရင်ဆိုင်နေရသော အခက်အခဲများ၊ လိုအပ်မူများ ၊ အဆင်ပြေမှုများ၊ မပြေမှုများကို ဆွေးနွေးအဖြေရှာပြီး တိုးတက်သင့်သလောက် တိုးတက်မည်ဟု ထင်မိပါသည်။ ထိုသို့ ဆွေးနွေးနိုင်ရန်အတွက် Save The Library မှလည်း အပတ်စဉ် တနင်္ဂနွေ စကားဝိုင်း ဆောင်ရွက်နေလျက်ရှိပါသည်။ ထိုစကားဝိုင်းများတွင် ဆွေးနွေးကြသည့် အခါ စာကြည့်တိုက်သမားများ တူညီသည့် အခက်အခဲများ ရှိသလို မတူညီကြသော အခက်အခဲများလည်း ရှိကြပါလိမ့်မည်။ အခက်အခဲကို ပြေလည်ဖို့ နည်းစနစ် ပေးသည် အခါ ထို စနစ်သည် မိမိ ဒေသဖြင့် ကိုက်ညီမူ ရှိ မရှိ ကို သုံးသပ်ပြီး မှ လက်ခံ ကျင့်သုံးဖို့ သတိပေးလိုပါသည်။ နေရာ တစ်ခု မှ ပြေလည် ခြင်းသည် အခြား နေရာ ကို ပြေလည်ချင် ပြေလည်မည် ပြေလည်ချင်မှ ပြေလည်မည် ။ စာကြည့်တိုက် ဦးဆောင်သူများသည် ရရှိလာသော အတွေ့အကြုံများကို မိမိတို့ ဦးနှောက် နှလုံးသာ တည်း ထည့်ပြီး မိမိတို့ စာကြည့်တိုက်ဖြင့် ကိုက်ညီသော စနစ်တစ်ခု ၊ နည်းလမ်းတစ်ခု ကို အကောင်အထည်ဖော်သင့်ပါကြောင့် မေတ္တာရပ်ခံအပ်ပါသည်။ 

(စာကြည့်တိုက်များအကြောင်း၊စာအုပ်တိုက်များအကြောင်း၊စာအုပ်နှင့်စာပေလောကအကြောင်း သိရှိလိုပါက Youtube တွင် Save The Library in Myanmar Channel ကို SUBSCRIBE လုပ်ပေးထားခြင်းဖြင့် လေ့လာသိရှိနိုင်ပါမည် https://www.youtube.com/channel/UCdLYKA7xuwsWNrQhtcvAcFw
#စာကြည့်တိုက်အရေးဆောင်ရွက်သူအားလုံးကို ဦးညွှတ်လျက်????
#ဇော်ဝင်းမောင်
#SaveTheLibrary
#SagaingLibraryNetwork