Library Image

“သိပ္ပံရုပ်ရှင်ပွဲတော် ၂၀၂၀” ကို နိုဝင်ဘာလ (၂၈) ရက်နေ့မှ ဒီဇင်ဘာလ (၁၀) ရက်နေ့အထိ ကျင်းပပြုလုပ်မည်

16/11/20



????????????နှစ်တိုင်း ပြုလုပ်နေကြဖြစ်တဲ့ “သိပ္ပံရုပ်ရှင်ပွဲတော် ၂၀၂၀” ဟာ (၉) ကြိမ်မြောက် ရောက်ရှိလို့လာခဲ့ပါပြီ။  ????????????

အရင်လို ကျောင်းတွေမှာ မောင်လေးတွေ၊ ညီမလေးတွေနဲ့ တွေ့ဆုံပြီး ဇာတ်ကားတွေကြည့်၊ လက်တွေ့စမ်းသပ်ချက်လေးတွေ အတူ မလုပ်နိုင်ပေမယ့် အိမ်ကနေဘဲ ကြည့်ရှုလို့ရမယ့် နည်းလမ်းလေးတွေကို ပြင်ဆင်ထားပါတယ်။ အဲ့ဒါအပြင် အတူ ပါဝင်လို့ရမယ့် ပြိုင်ပွဲလေးတွေလဲ ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။ ????????

“သိပ္ပံရုပ်ရှင်ပွဲတော် ၂၀၂၀” ကို နိုဝင်ဘာလ (၂၈) ရက်နေ့မှ ဒီဇင်ဘာလ (၁၀) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီနှစ်ရဲ့ Theme လေးကတော့ “Sustainable Development Goals” ဖြစ်ပါတယ်။ မြန်မာလိုဆိုရင်တော့ “စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ပန်းတိုင်များ” ဘဲ ဖြစ်ပါတယ်။ SDGs မှာ စုစုပေါင်း (၁၇) ချက် ပါဝင်ပါတယ်။ အဲ့ဒါတွေကတော့ ????????????????
1. No Poverty (ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး)
2. Zero Hunger (ငတ်မွတ်ခေါင်းပါးမှု မရှိရေး)
3. Good Health and Well-being (ကောင်းမွန်သော ကျန်းမာရေး စောင့်ရှောက်မှုရရှိရေး)
4. Quality Education (အရည်အချင်းပြည့်ဝသော ပညာရေး ရရှိရေး)
5. Gender Equality (ကျား - မ တန်းတူညီမျှရှိရေး)
6. Clean Water and Sanitation (သန့်ရှင်းသော သောက်သုံးရေနှင့် မိလ္လာစနစ် ရရှိရေး)
7. Effortable and Clean Energy (လူတိုင်းလက်လှမ်းမှီမှုရှိပြီး သန့်ရှင်းသော စွမ်းအင် ရရှိရေး)
8. Decent Work and Economic Growth (သင့်တင့်လျောက်ပတ်သော အလုပ်အကိုင်နဲ့ စီးပွားရေး ဖွံ့ဖြိုးမှု ရရှိရေး)
9. Industry, Innovation and Infrastruture (စက်မှု၊ ဆန်းသစ်တီထွင်မှုနှင့် အခြေခံ အဆောက်အအုံ မြှင့်တင်ရေး)
10. Reduce Inequalities (မညီမျှမှုများ လျော့နည်းသွားစေရေး)
11. Sustainable Cities and Communities (မြို့ပြနှင့် ကျေးလက် လူ့အဖွဲ့အစည်းများ ရေရှည်တည့်တံ့စေရေး)
12. Responsible Consumption and Production (တာဝန်သိသော စားသုံးမှု ပုံစံ ဖြစ်ပေါ်စေရေး)
13. Climate Action (ရာသီဥတု ထိန်းသိမ်းရေး လုပ်ငန်းစဥ်များ ချမှတ်ဆောင်ရွက်ရေး)
14. Life Below Water (ရေအောက် သက်ရှိလောက ထိန်းသိမ်းစောင့်ရှောက်ရေး)
15. Life on Land (မြေပေါ် သက်ရှိလောက ထိန်းသိမ်းစောင့်ရှောက်ရေး)
16. Peace, Justice and Strong Instituitions (ငြိမ်းချမ်းရေးနှင့် တရားမျှတမှု တည်ဆောက်ရေး)
17. Partnership for the Goals (ရည်မှန်းချက်များအားလုံးအတွက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေး)

“သိပ္ပံရုပ်ရှင်ပွဲတော် ၂၀၂၀” မှာ ပြသသွားမည့် ဇာတ်လမ်းတိုတွေကတော့ ဒီ (၁၇) ချက်နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာလေးတွေ ဖြစ်ပါတယ်။ 

နောက်ရက်တွေမှာလဲ ပြသမယ့် ဇာတ်လမ်းတိုလေးတွေကို ညနေ (၅)နာရီတိုင်းမှာ မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ????????

အားလုံးဘဲ စောင့်မျှော်ကြည့်ရှုပေးကြပါဦးရှင်။
Page

Stay Tuned 

#SFFMyanmar2020
#9thSFFMyanmar
#SFFMyanmar_goes_Virtual