Library Image

၂၀၂၁ ခုနှစ် စာဖတ်အားနှင့် အကြိုက်ဆုံး ၁၀ အုပ်

31/12/21



၂၀၂၁ ခုနှစ် စာဖတ်အားနှင့် အကြိုက်ဆုံး ၁၀ အုပ်

မအလကြောင့် စာဖတ်အားကျ၊ မနှစ်ကလောက် မဖတ်နိုင်ပါ။ ဘာသာရပ်အလိုက် စာပဒေသာ ၅၉ အုပ်၊ ဝတ္ထုရှည် ၃၁ အုပ်၊ ဘာသာပြန် ရသ ၂၄ အုပ်၊ ဘာသာပြန်သုတနှင့် ကဗျာ ၁၁ အုပ်စီ၊ ဝတ္ထုတိုစုနှင့် ကလေးလူငယ်စာပေ ၁၀ အုပ်စီ၊ အက်ဆေးစု ၈ အုပ်၊ သုတပဒေသာ (ဝိဇ္ဇာ/သိပ္ပံ) ၆ အုပ်၊ ဘာသာရေး ၅ အုပ်၊ နိုင်ငံရေး ၃ အုပ်၊ ပေါင်း ၁၇၈ အုပ်။

အကြိုက်ဆုံး စာအုပ်တွေကတော့-

၁။ သူတို့နှင့် ကျွန်တော်၊ မောင်စွမ်းရည်။
ညွှန်း-

၂။ ဝါဆောက ရုပ်သေးဆရာလေး၊ စိန်ဝင်းစိန်။ 
ညွှန်း -

၃။ နေမင်းတစ်ထောင်၊ ဆင်ဖြူကျွန်းအောင်သိန်း။
ညွှန်း -

၄။ ဟိမဝန္တာခရီးသည်၏ ဆေးဘုရားရှာပုံတော်၊ လင်းထက်ဆွေ။ 
၅။ ဗေဒင်ယုံတဲ့ အီတာလျံ၊ အတ္တကျော်။
ဒီ၂အုပ် အညွှန်း-

၆။ မောင်စွမ်းရည်ကဗျာပေါင်းချုပ်၊ မောင်စွမ်းရည်။ - - ရန်ကုန်၊ စိတ်ကူးချိုချိုစာပေ၊ ၂၀၁၇။ ၇၃၆ စာ၊ ၂၁ စင်တီ။ တန်ဖိုးကျပ် ၉၀၀၀။

၇။ ဒဿန၏ အရသာ ၂တွဲ၊ လှိုင်သင်း။
ညွှန်း-

၈။ မှန်ကင်းတစ်လှည့် ထင်းတစ်လှည့်၊ ဆာဝီလျံ ဆလင်း၊ ဘာသာပြန်သူ ကျမြီး။ - - ၃ ကြိမ်၊ မြဝတီစာပေတိုက်၊ ရန်ကုန်၊ ၂၀၂၀။ ၆၁၈ စာ၊ ဓာတ်ပုံ၊ မြေပုံ၊ ၂၆ စင်တီ။ မူရင်း- DEFEAT INTO VICTORY by Sir William Slim
ဗမာပြည် ဒုတိယကမ္ဘာစစ် မှတ်တမ်းနှင့် ပတ်သက်လို့ အပြည့်စုံဆုံးနှင့် အခိုင်မာဆုံး စာအုပ်။ တောင်ခိုး၊ ဆရာမြတို့ ပြန်တဲ့ အကြာဆုံးစစ်ပွဲ အပါအဝင် တခြား ဒု-ကမ္ဘာစစ်မှတ်တမ်းတွေက ဒီအုပ်ကို လက်ရင်းထား ကိုးကားကြရ။

၉။ စာပေသဘောတရား၊ စာပေဝေဖန်ရေး၊ စာပေလှုပ်ရှားမှု၊ ဒဂုန်တာရာ။ - - ၃ကြိမ်။ ရန်ကုန်၊ စိတ်ကူးချိုချိုစာပေ၊ ၂၀၁၉။ ၅၀၅ စာ၊ ၂၁ စင်တီ။ တန်ဖိုးကျပ် ၆၀၀၀။
ဒီအုပ်ကတော့ ဆရာတာရာရဲ့ အထင်ရှားဆုံး အုပ်တွေထဲ ပါတာမို့ အထူးညွှန်းပြုနေစရာ မလိုတော့။

၁၀။ တော့တိုကျန်၊ ရဲမြလွင်။
တင်ဖူးတဲ့ပို့စ်-