Library Image

ရှားပါးစာအုပ်ပြပွဲနှင့် စာအုပ်စျေးတန်း

02/08/22



''ရှားပါးစာအုပ်ပြပွဲနှင့် စာအုပ်စျေးတန်း'' မှာ
ပါဝင်ဆင်နွှဲဖို့ အသင့်ဖြစ်ပြီလားဗျို့ ????

➡️ ''ရှားပါးစာအုပ်ပြပွဲနှင့် စာအုပ်စျေးတန်း'' ပွဲလေးဟာဆိုရင် မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့်ဖြန့်ချိသူများအသင်း နှင့် တော်ဝင်စင်တာတို့ ပူးပေါင်းကျင်းပတဲ့ စာပေပွဲလေးဖြစ်ပါတယ်။ 

???? ''ရှားပါးစာအုပ်ပြပွဲနှင့် စာအုပ်စျေးတန်း'' မှာ 
ရှားပါးစာအုပ်တွေကိုလေ့လာလို့ရမယ်ဆို ❓❓

➡️ ဟုတ်ပါတယ်ဗျ ''ရှားပါးစာအုပ်ပြပွဲနှင့် စာအုပ်စျေးတန်း'' ပွဲကိုလာရောက်ဆင်နွှဲမယ်ဆိုရင် စာအုပ်စျေးကွက်မှာဝယ်ယူဖို့မလွယ်တော့တဲ့ ရှားပါးစာအုပ်များကို ကြည့်ရှုလေ့လာခွင့်ရမှာဖြစ်သလို များလွန်းလှတဲ့စာအုပ်ဆိုင်တွေကြားထဲမှာ စာအုပ်တွေကိုတစ်ဝကြီး ဝယ်ယူဖတ်ရှုနိုင်ဦးမှာဖြစ်ပါတယ်။ 

???? ''ရှားပါးစာအုပ်ပြပွဲနှင့် စာအုပ်စျေးတန်း'' ပွဲမှာ စာဖတ်သူတွေအတွက် အထူးအစီအစဉ်ရှိတယ်လို့ သတင်းကြားမိတယ်ရော ❓❓

➡️ ဟုတ်ပါတယ်ခင်ဗျာ ''ရှားပါးစာအုပ်ပြပွဲနှင့်စာအုပ်စျေးတန်း'' ပွဲလေးကို ၁.၈.၂၀၂၂ ရက်နေ့မှ မှ ၇.၈.၂၀၂၂ ရက်နေ့ထိ တော်ဝင်စင်တာမှာ ကျင်းပမှာဖြစ်ပြီးတော့ . . . စာချစ်သူများအတွက်အကျိုးများစေမယ့် အထူးအစီအစဉ်လေးတစ်ခုလည်း ရှိပါသေးတယ်။ 

➡️ အဲဒီ အထူးအစီအစဉ်က ရှားပါးစာအုပ်များကို ဖတ်ရှုနိုင်တဲ့ Online ဒေတာ ပါဝင်သော စာမှတ်ကဒ်များ၊ စာရေးဆရာကြီးများ၏ကိုယ်ရေးအကျဉ်းနှင့်စာစုစာရင်း ပါဝင်သောစာမှတ်ကဒ်များကို လက်ဆောင်ပေးဦးမှာဖြစ်သလို 

➡️ စာအုပ်တိုက်တစ်ချို့ရဲ့စာအုပ်များ၊ နာမည်ကြီး စာရေးဆရာများ၏ စာအုပ်များကို မူရင်းစျေးထက်လျော့ပြီးရောင်းချပေးမယ့် အစီအစဉ်လည်းရှိသေးတယ်။

???? ''ရှားပါးစာအုပ်ပြပွဲနှင့် စာအုပ်စျေးတန်း'' ပွဲကိုကျင်းပမယ့်
အချိန်နဲ့နေရာကို ပြန်ပြောပြပေးပါဦး ❓❓

➡️ ''ရှားပါးစာအုပ်ပြပွဲနှင့် စာအုပ်စျေးတန်း'' ပွဲကို
 နေရာ  ???? တော်ဝင်စင်တာ Promotion Area 
နေ့ရက် ????  သြဂုတ်လ ၁ ရက်နေ့မှ ၇ ရက်အထိ ကျင်းပပေးမှာဖြစ်တဲ့အတွက် စဉ်းစားမနေဘဲ မြန်မြန်သာလှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ဗျာ ☺️☺️