Library Image

စာအုပ်စျေးတန်းနှင့်စာအုပ်စတုဒိတာ

29/08/22



မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့်ဖြန့်ချိသူများအသင်း နှင့် 
တော်ဝင်စင်တာတို့ ပူးပေါင်းကျင်းပသည့် 

#စာအုပ်စျေးတန်းနှင့်စာအုပ်စတုဒိတာ

နေရာ - တော်ဝင်စင်တာ၊ဒုတိယထပ်၊
 ပဲခူးကလပ်မှတ်တိုင်၊ပြည်လမ်း၊ရန်ကုန်မြို့။

၁.၉.၂၀၂၂ မှ ၇.၉.၂၀၂၂ ရက်နေ့ထိ
စာအုပ်အဟောင်းအသစ်မျိုးစုံကို စျေးသက်သက်သာဖြင့် ရောင်းချပေးသွားမှာဖြစ်သလို စာအုပ်စတုဒိတာအဖြစ် လူတစ်ယောက် စာအုပ်တစ်အုပ် အခမဲ့ပေးမည့်အစီအစဥ်လည်း ထည့်သွင်းထားပါတယ်
(စာအုပ်လာရောက်ဝယ်ယူသော စာကြည့်တိုက်များရှိပါက စာအုပ်များလှူဒါန်းပေးသွားပါမည်)

ရှားပါးစာအုပ်များဖတ်ရှုနိုင်သည့် Online ဒေတာ ပါဝင်သော စာမှတ်ကဒ်၊စာရေးဆရာကြီးများ၏ကိုယ်ရေးအကျဥ်းနှင့်စာစုစာရင်းပါဝင်သော စာမှတ်ကဒ် များကိုလက်ဆောင်ပေးမယ့်အစီအစ​ဥ်လည်းပါပါတယ်

တော်ဝင်စင်တာမှာကျင်းပတဲ့ #စာအုပ်တန်းရဲ့နောက်ဆုံးပွဲလေးမို့ စာအုပ်ချစ်သူများ၊စာကြည့်တိုက်များအား လာရောက်လေ့လာဝယ်ယူကြဖို့ ဖိတ်ကြားအပ်ပါသည်