Library Image

ဖန်တီးသူနဲ့ခံစားသူတွေ့ဆုံပွဲ ၁၈.၃.၂၀၁၇ နေ့ခင်း - ၂နာရီခွဲ

11/03/17



ဖန်တီးသူနဲ့ခံစားသူတွေ့ဆုံပွဲ

၁၈.၃.၂၀၁၇ နေ့ခင်း - ၂နာရီခွဲဖန်တီးသူနှင့် ခံစားသူ တွေ့ဆုံပွဲ


- ဘယ်သူတွေ တွေ့ဆုံကြမှာလဲ။

The art of hearing heart beats နဲ့ A well tempered heart ဆိုတဲ့ မြန်မာပြည်နောက်ခံ ဇာတ်လမ်း စာအုပ်၂အုပ်ရဲ့ မူရင်းစာရေးသူ ဂျာမန်လူမျိုး စာရေးဆရာ၊ ဂျာနယ်လစ် ယန်းဖိလစ်ဆန်ကာ


အဆိုပါ စာအုပ်နှစ်အုပ်ကို '' နားစွင့်ကြားဟန် ရင်ခုန်သံ '' နဲ့ '' နူးညံ့စိတ်ထား နှလုံးသား '' အမည်တွေနဲ့  မြန်မာဘာသာသို့ ပြောင်မြောက်စွာ ဘာသာပြန်ဆိုခဲ့တဲ့ ဆရာ သင့်လူ တို့ နှစ်ယောက်က စာဖတ်သူတွေနဲ့ တွေ့ဆုံဆွေးနွေး လက်မှတ်ထိုးကြမှာ ဖြစ်ပါတယ်။


- မူရင်းစာအုပ်နဲ့ ပတ်သတ်ပြီးဖြစ်ဖြစ်၊ ဘာသာပြန်ဆိုခြင်းနဲ့ ပတ်သတ်ပြီးဖြစ်ဖြစ် ဆွေးနွေးမေးမြန်းချင်တာ၊ မေးခွန်းထုတ်ချင်တာများရှိရင် ကြွရောက်ခဲ့ဖို့ နွေးထွေးစွာ ဖိတ်ခေါ်ပါရစေ။


- ကျင်းပမယ့် နေ့ရက်ကတော့ ၁၈၊၃၊၂၀၁၇(စနေနေ့) နေ့လယ် ၂နာရီခွဲမှ ၄နာရီခွဲအထိ၊ အမှတ် ၁၀၂၊ ဘိုကလေးဈေးလမ်းမှာ ရှိတဲ့ ပန်သူရိယ အနုပညာဆုံမှတ်နေရာမှာ ဖြစ်ပါတယ်။


စာရေးသူနဲ့ ဘာသာပြန်သူတို့မှ အမှတ်တရ လက်မှတ်ရေးထိုးပေးမယ့် အစီအစဉ်လည်း ပါပါတယ်။ မေးခွန်းများအတွက် ဘာသာပြန်ပေးမယ့်သူလည်း ထားရှိပေးပါတယ်။ စာချစ်သူများအားလုံး ကြွရောက်ပေးကြဖို့ ခင်မင်ရင်းနှီးစွာ ဖိတ်ခေါ်လိုက်ပါတယ်။    ။


#ကံ့ကော်ဝတ်ရည် #သင့်လူ #နားစွင့်ကြားဟန် #နူးညံ့စိတ်ထား #Pansuriya #ပန်သူရိယ