Library Image

ထာဝရ - တယောက်များ ရွှေကြယ်မိုး

08/12/22



ထာဝရ - တယောက်များ
 ရွှေကြယ်မိုး 
တန်ဖိုး ၅၀၀၀ ကျပ်၊ စာ ၁၂၆ ၊ အုပ်ရေ ၁၀၀၀၊
ပထမအကြိမ် ဒီဇင်ဘာလ ၂၀၂၂၊

#စာအုပ်ပေါင်းကူးစာအုပ်ဆိုင်
စာအုပ်မှာယူလိုပါက
အောက်ကလင့်ကိုနှိပ်ပြီးမှာယူနိုင်ပါသည်

ဆိုင်မှာလာဝယ်ချင်သူများအနေဖြင့်
ဗိုလ်ချုပ်စျေးရှေ့ 
Junction Center L2 (The Body Shop မျက်စောင်းထိုး) တွင်ဖြစ်စေ၊တာမွေရာပြည့်စျေးတွင်ဖြစ်စေ လာရောက်ဝယ်ယူနိုင်ပါသည်

အဆိုတော် စိုးလွင်လွင်၊ ဗဒင်၊ ထူးအိမ်သင် အပါအဝင် တခြားတခြားသော ဂီတခံစားမှုများ။
ကဗျာဆရာ ဖော်ဝေး၊ မောင်ချောနွယ်၊ အောင်ချိမ့် အပါအဝင် တခြားတခြားသော ကဗျာခံစားမှုများ။

အနုပညာဆိုတာ ဘာတွေ၊ညာတွေလို့ တကူးတက ပြောနေစရာမလိုဘဲ ကမ္ဘာမြေပေါ် ဖန်တီးတည်ဆောက်ပြခဲ့တဲ့ အနုပညာရှင်တွေ ခေတ်အသီးသီးမှာ ရှိခဲ့တယ်။ ကဗျာတွေ၊ သီချင်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ အတွေးအခေါ်ရှုထောင့်တွေကို ခံစားမိတဲ့အခါ ထာဝရ-တယောက်များ ဖြစ်ပေါ်လာစေခဲ့ပါတယ်။

အမှတ်ရချက်ဟာ ဘယ်တော့မှ မပြီးဆုံးနိုင်တဲ့ ရုပ်ပုံလွှာများပဲ ဖြစ်တယ်။ ဒါတွေဟာ ကျနော်တို့ အမြဲပြောနေတဲ့ အကြောင်းတွေ၊ အောက်မေ့သတိရချက်တွေအပြင် ကွဲပြားခြားနားတဲ့ ခံစားမှုများအကြောင်းတွေကို ဖော်ပြချက်ဖြစ်ပါတယ်။ အနုပညာနဲ့ လူမှုဘဝ ယှဉ်တွဲနီးစပ်ခြင်းအပြင် နတ်ဘုရားသဖွယ် တင်စားရလောက်မယ့် အနုပညာဖန်တီးချက်တွေဟာ 

ထာဝရ - တယောက်များ ကို ဖြစ်ပေါ်စေပါတယ်။

စာအုပ်မှာပါဝင်တဲ့ အနုပညာရှင်တွေ တဦးတယောက်မှ သက်ရှိထင်ရှား မရှိတော့ပါဘူး။ သူတို့အပေါ် အမှတ်ရချက်တွေကတော့ ဘယ်တော့မဆို ဆက်ရှိနေမှာပါ။ အမြဲနှမျောတမ်းတ ဖြစ်နေကြမှာပါ။ ထူးထူးခြားခြားအနေနဲ့ မရှိတော့ပြီဖြစ်တဲ့ လူငယ်ကဗျာဆရာ(၂)ယောက်အကြောင်းကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။ ဖတ်ရှုဖို့ထိုက်တန်တဲ့ စာအုပ်တအုပ်အဖြစ် ကြိုးစားအားထုတ်ထားပါတယ်။

ချစ်ခင်မြတ်နိုး- အောက်မေ့-သတိရမှုဖြင့် ဂုဏ်ပြုလျက်

ရွှေကြယ်မိုး

ကာဗာဒီဇိုင်း - ဟိန်းထက်ကျော်
အတွင်းသရုပ်ဖော် - ကေသွယ်စိုး