Library Image

အညာသားလေး ရန်အောင်

22/12/22



စာရေးသူ- ရန်အောင်
စာအုပ်- အညာသားကလေး
မျက်နှာဖုံး- မိုးထက်မိုး
စာအုပ်တိုက်- စိတ်ကူးချိုချို

ခက်ခဲတဲ့ဘဝလမ်းကြောင်းတစ်ခုကို ဖြတ်သန်းရတဲ့အချိန်မှာ ခံစားရတဲ့စိတ်အခြေအနေတွေကို ထည့်သွင်းဖော်ပြထားသည်။ တောရွာရဲ့ကလေးတစ်ယောက်ဟာ ကံအလှည့်အပြောင်းကြောင့် အရေးပိုင်မင်းရဲ့မွေးစားသားအဖြစ်ကို ရောက်သွားခဲ့သည်။ ကလေးတစ်ယောက်ရဲ့ပျော်ရွှင်မှုဟာ မထင်မှတ်တဲ့လောကဘီလူးရဲ့ ရိုက်မောင်းမှုတွေကြောင့် ပျက်စီးမှုတွေစတင်ခဲ့ချိန် ကယ်ဆယ်ရာအချစ်ကို ရှာတွေ့ခဲ့သည်။ တောရွာက ကလေးတစ်ယောက်ရဲ့ ရုန်းကန်ကြိုးစားရတဲ့ဘဝကို ဘဝအသိတွေထည့်သွင်းရင်း အချစ်ဆိုတဲ့ ဆေးဟာ ဘဝအနာတစ်ခုအတွက် အရေးကြီးကြောင်း လှပစွာ ရေးဖွဲ့ထားသည်။ အညာသားကလေးစာအုပ်သည် အောင်မြင်ထင်ရှားသောစာအုပ်ဖြစ်ကြောင်း စာရေးသူ၏အမှာစကားတွင်ဖတ်ရှုရသည်။

မျက်နှာဖုံးရေးဖွဲ့ဖို့အကြောင်းအရာကို ရှာဖွေတဲ့အခါ တောရွာက ကလေးတစ်ယောက်ရဲ့ ဘဝအစကိုသာ ခံစားမိလေသည်။ ရှေ့ဖြစ်လာမည့်ဘဝအခြေအနေကို သူမသိ။ သူ့ဘဝတွင် သူချစ်သော နွားများသာ ရှိသည်။ တောအလှ တောဘဝရဲ့ ရိုးသားသောဘဝကို ဖော်ပြဖို့သာ ခံစားမိသည်။ သူချစ်သောမိန်းကလေးနဲ့ ဝေးကွာ ပျောက်ဆုံးသွားချိန် ထိုမိန်းကလေးကို ပြန်လည်ရှာဖွေခဲ့ရသော သူ့ဘဝရဲ့ နာကျင်မှုတွေကိုတော့ စာဖတ်သူတွေကသာ ဆက်လက်သရုပ်ဖော် ခံစားကြည့်စေတော့။

မိုးထက်မိုး
စာအုပ်မှာယူလိုပါကလင့်ကိုနှိပ်ပြီးမှာယူနိုင်ပါသည်