Library Image

မော်လမြိုင်ကလေးစာပေပွဲတော် (25-26-27)

23/03/17





မော်လမြိုင်ကလေးစာပေပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

နေပြည်တော် မတ် ၂ဝ

''ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ'' ကို မော်လမြိုင်မြို့ မော်လမြိုင်တက္ကသိုလ် (ဘက်စုံခန်းမ)၌ မတ် ၂၅၊ ၂၆၊ ၂၇ ရက်တို့တွင် နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။

ကလေးစာပေပွဲတော်ကို ကလေး များ၏ ဉာဏ်ရညဉာဏ်သွေးနှင့် အတွေး အခေါ်အယူအဆများ ထက်မြက်လာစေ ရန်၊ တီထွင်ဖန်တီးလိုစိတ်များ ရင့်သန်လာ စေရန်၊ စာပေနှင့် ရင်းနှီးပြီး စာဖတ်ခြင်း တွင် ပျော်မွေ့တတ်လာစေရန်နှင့် ကလေးများ၏ ပျော်ရွှင်မှုကို ဖန်တီးပေး ရန် ရည်ရွယ်၍ ပြန်ကြားရေးဝန်ကြီး ဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် မွန် ပြည်နယ် အစိုးရအဖွဲ့တို့ ပူးပေါင်း၍ ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

ကလေးစာပေပွဲတော်တွင် စာအုပ် ပြပွဲနှင့် စာအုပ်အရောင်းပွဲ၊ (၃၈)ဖြာ မင်္ဂလာသုတ်ရွတ်ဆိုပြိုင်ပွဲ၊ ကဗျာရွတ်ဆို ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကျပန်းစကား ပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စက္ကူ ခေါက်ပြိုင်ပွဲ၊ ကာတွန်းပြပွဲနှင့် ပုံတူပန်းချီ ရေးဆွဲခြင်း၊ ပန်းချီပြိုင်ပွဲ၊ အိမ်တည် ဆောက်မှုပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ ဂိမ်းကစားနည်းပြိုင်ပွဲ များ၊ ပြခန်းများ၊ စာပေဟောပြောပွဲနှင့် ဆွေးနွေးပွဲများဖြင့် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပမည်ဖြစ်ရာ မည်သူ မဆို ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရှိရသည်။

ကလေးစာပေပွဲတော်(မော်လမြိုင်)တွင် ပြည်သူများ ပျော်ပျော်ရွှင်ရွှင် ပါဝင် ဆင်နွှဲနိုင်ရန်အတွက် မော်လမြိုင်မြို့ရှိ လူစည်ကားရာ နေရာများ၌ ကလေး စာပေပွဲတော် လှုံ့ဆော်မြေစိုက်ပိုစတာ များ စိုက်ထူထားပြီး ပြည်သူများ၏ စိတ်ပါဝင်စားမှုလည်း မြင့်တက်လျက် ရှိကြောင်း သိရှိရသည်။
မော်လမြိုင်မြို့၌ လာမည့် မတ် ၂၅ ရက်မှ စတင်ကာ ၃ ရက်တာ ကျင်းပမည့် ကလေးစာပေပွဲတော်သည် တတိယ အကြိမ် ကျင်းပခြင်းဖြစ်ပြီး ပထမအကြိမ် အဖြစ် နေပြည်တော်၌ ၂ဝ၁၆ ခုနှစ် နိုဝင်ဘာ ၅ ရက်တွင် လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် မန္တလေးမြို့၌ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက်အထိ လည်းကောင်း ကျင်းပခဲ့ကြောင်း သိရှိ ရသည်။ အောင်မင်းဟန်(သုတေသန)
#MOI