Library Image

ဇော်ဋီကာ(ဆရာဇော်ဂျီ၏ စာပေအထုပ္ပတ္တိ) ဒေါက်တာ ကျော်စိန်

22/12/22



ဇော်ဋီကာ(ဆရာဇော်ဂျီ၏ စာပေအထုပ္ပတ္တိ)
ဒေါက်တာ ကျော်စိန်
၆၀၀၀ ကျပ်
----/-/-

စာအုပ်အမည် - ဇော်ဋီကာ (ဆရာဇော်ဂျီ၏ စာပေအတ္ထုပ္ပတ္တိ)
စာရေးဆရာ - ဒေါက်တာကျော်စိန်

နယ်ပယ်တစ်ခုမှာ ပညာရှင်တယောက်လက်ရာတွေကို နောက်ပညာရှင်တယောက်က လေ့လာဆန်းစစ်အကဲဖြတ်
တာမျိုးက အရေးကြီးပြီး နယ်ပယ်အတွက်လည်း အကျိုးကျေးဇူး များတတ်လေ့ရှိတယ်။ မြန်မာစာပေလောကမှာ သခင်ကိုယ်တော်မှိုင်းရဲ့စာတွေကို ဇော်ဂျီက "သခင်ကိုယ်တော်မှိုင်းဋီကာ"ဆိုပြီးရေးခဲ့သလို
မင်းသုဝဏ်ကလည်း" သခင်ကိုယ်တော်မှိုင်းသာ စာမဆိုခဲ့သော်" ဆိုပြီး ရေးခဲ့တာ ရှိတယ်။ စာပေရှုထောင့်ကနေ ရေးခဲ့့တာလို့ ဆိုကြပါစို့။ နိုင်ငံရေးထောင့်ကနေ ရေးခဲ့တာတွေလည်း အများကြီး ရှိခဲ့ပါတယ်။ ထားတော့။ အခုဒီစာအုပ်ကတော့ ဇော်ဂျီရဲ့စာပေလက်ရာတွေကို ဒေါက်တာကျော်စိန်က လေ့လာအကဲဖြတ်ထားတာပါ။
ဆရာဇော်ဂျီရဲ့ စာပေလက်ရာတွေအားလုံးကို ပညာရှင်ရှုထောင့်က လေ့လာသုံးသပ်ထားတဲ့ ဆရာဒေါက်တာကျော်စိန်ရဲ့ စာပေကျမ်းတစ်ဆူ လည်းဖြစ်ပါတယ်။
ဆရာဇော်ဂျီ ကွယ်လွန်ပြီးမှ ရေးသားပြုစုထားတာကြောင့် ဆရာဇော်ဂျီ ရဲ့စာပေလက်ရာတွေ စုံလင်တယ်လို့ဆိုနိုင်ပါတယ်။
စာအုပ်ကို အပိုင်းသုံးပိုင်း ခွဲထားပါတယ်။
ပထမပိုင်းမှာ- ၁။ဝတ္ထုရှည်(ဘာသာပြန်)ဆရာ ၂။ဋီကာဆရာ ၃။ဒဿန(ဘာသာပြန်)ကျမ်းပြုဆရာ
ဒုတိယပိုင်းမှာ-၄။ရသစာပေကျမ်းပြုဆရာ ၅။ခရီးသွားစာပေဆရာ ၆။ပြဇာတ်စာပေဆရာ
တတိယပိုင်းမှာ-၇။ဝတ်ထုတိုဆရာ ၈။ကဗျာဆရာ
စသဖြင့် အပိုင်း ၃ ပိုင်းခွဲကာပြုစုထားပါတယ်။
ပြုစုသူ ဆရာဒေါက်တာကျော်စိန်ကလည်း ထင်ရှားပြီးဖြစ်တဲ့ ပညာရှင်တစ်ဦး၊ ပြုစုခံ ဆရာဇော်ဂျီ ဆိုတာကလည်း မြန်မာစာပေလောကမှာ အထူးပြောဖွယ်ရာမလို နေလိုလလို ထွန်းလင်းပြီးသား ဖြစ်တာကြောင့် ဒီစာအုပ်ဟာ ဆရာဇော်ဂျီ ရဲ့စာပေကို လေ့လာမယ့်သူတွေအတွက် အထူးအလေးထားရမယ့် စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ဒီစာအုပ်ဟာ ၁၉၉၄ ခုနှစ်က စာပေဗိမာန် စာပဒေသာ ပထမဆုရခဲ့တဲ့ စာအုပ်ဖြစ်ပြီး ၁၉၉၇ ခုနှစ်က စာပေဗိမာန်က ပထမအကြိမ်ထုတ်ခဲ့ပြီး စျေးကွက်မှာ လွန်စွာရှားပါးနေပြီဖြစ်ပါတယ်။ 
အနှစ်နှစ်ဆယ်ကျော်မှ တစ်စုတစ်စည်းတည်း ပထမအကြိမ်ထွက်လာတဲ့ စာအုပ်ဖြစ်ပါတယ်။
စာအုပ်မှာယူလိုပါကလင့်ကိုနှိပ်ပြီးမှာယူနိုင်ပါသည်