Library Image

အိန်ဂယ်ရဲ့ စံတော်ဝင်ဂျာမာန်အဘိဓမ္မာရဲ့နိဂုံး

10/01/23



ဖီလော်ဆော်ဖီသမိုင်းတလျှောက် ဟေဂဲလ်ရဲ့ လွှမ်းမိုးမှုက အတော့်ကို ကြီးမားတယ်။ ဟေဂဲလ်ကို မှောက်လှန်ပစ်ခဲ့တဲ့ မာ့က်စ်အိန်ဂယ်တို့ကလည်း ပိုလို့တောင် ကြီးကျယ်ခမ်းနာပါတယ်။ ဒီစာအုပ်မှာ ဟေဂဲလ်နဲ့ ဖူးဝါးဘတ်ကို မှောက်လှန်ပစ်ခဲ့တဲ့ မာ့က်စ်အိန်ဂယ်တို့ရဲ့ စာတမ်းကို ဖတ်ရှုရမှာပါ။ မြန်မာပြည်မှာ ထွက်ရှိဖူးသမျှ ဟေဂဲလ်နဲ့ပတ်သက်သမျှ စာအုပ်တွေထဲ အတွင်းပိုင်းအကျရောက်ဆုံးစာအုပ် ဖြစ်လာမယ်လို့ ပြောလို့ရပါတယ်။ ဒါ့အပြင် ဆဲလ်ကိုရှာဖွေတွေ့ရှိခြင်း၊ သက်ရှိမျိုးစိတ်ဖြစ်တည်ခြင်း၊ ဆင့်ကဲပြောင်းလဲခြင်းတွေထက်ပိုတဲ့ ရုပ်ဝါဒဆိုင်ရာ ဖြည့်စွက်ချက်စာအုပ်လည်း ဖြစ်ပါတယ်။ အိန်ဂယ်ရဲ့ စံတော်ဝင်ဂျာမာန်အဘိဓမ္မာရဲ့နိဂုံး စာအုပ်မှာ ဟေဂဲလ်အပြင် ဖူးဝါးဘတ်၊ ကားလ်မာ့က်စ်တွေရဲ့ ဆွေးနွေးချက်တွေလည်း ပါဝင်တယ်။ ဟေဂဲလ်နဲ့ ဖူးဝါးဘတ်ကို ဘယ်လိုပြင်ဆင် ချေပခဲ့သလဲ။ အတွေးအခေါ်ပိုင်း စိတ်ဝင်စားတဲ့ စာဖတ်သူတွေအတွက် စာအုပ်ကောင်းတအုပ်ဖြစ်လာမှာပါ။

လေသက်သံလွင် စာအုပ်တိုက်
3500 ကျပ်
စာအုပ်မှာယူလိုပါကလင့်ကိုနှိပ်ပြီးမှာယူနိုင်ပါသည်