Library Image

စာအုပ်မိတ်ဆက်ပွဲ "သစ္စာဖြင့် ဖွဲ့တည်အပ်သော ဤလက်နှစ်ဖက်တို့ဖြင့် "

02/06/23



စာအုပ်မိတ်ဆက်ပွဲ 

"သစ္စာဖြင့် ဖွဲ့တည်အပ်သော ဤလက်နှစ်ဖက်တို့ဖြင့် "

ဆိုတဲ့ .. ဆရာမကြည်မွေ့အိမ်ရဲ့ လုံးချင်းဝတ္ထုရှည် အသစ် စာအုပ်မိတ်ဆက်ပွဲနှင့် အမှတ်တရ လက်မှတ်ရေးထိုးပွဲလေးကို ၄၊ ၆၊ ၂၀၂၃ (တနင်္ဂနွေ) နေ့ နေ့လယ် (၁) နာရီမှ (၃) နာရီအထိ
လှည်းတန်းစင်တာ ပထမထပ်မှာ အကျဉ်းရုံးပြုလုပ်သွားမယ်လို့သိရပါတယ်။ 

ယခုစာအုပ်လေးကို အမြွှာညီနောင် စာအုပ်တိုက်က ပထမအကြိမ် ထုတ်ဝေတာဖြစ်ပြီး ရောင်းစျေးကတော့ ၆၅၀၀ ကျပ်ဖြစ်ကာ စာအုပ်မိတ်ဆက်ပွဲလေးမှာ လာရောက်ဝယ်သူတွေအနေနဲ့ ဆရာမလက်မှတ်နှင့်အတူ ၂၀ ရာနှုန်းလျှော့စျေးဖြင့်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

စာအုပ်ပါ အကြောင်းအရာကတော့ လူဖြစ်လာရခြင်း
ရဲ့အနက် အဓိပ်ပါယျနဲ့ မေတ္တာတရားရဲ့ မြင့်မားလှတဲ့ 
ပြယုဂ် အပြင်၊ စောင့်သိအပ်တဲ့ သစ္စာတရားဆိုတဲ့ 
အဓိပ်ပါယျက ဘယ်လို။

စောင့်ရှောက်အပ်တဲ့ မြတ်နိုးခြင်းတရားက ဘာလဲ။
ဆိုတာကို ကျွန်မက မီးမောင်းထိုးပြလိုရင်း ဖြစ်လို့  
စာအုပ်ပါ အကြောင်းအရာ၊ စရိုက် ၊ကျင့်ဝတ်သိက္ခာ၊ ဖောက်ဖျက်မှု၊ ပြစ်ဒဏ်၊ လျော်ကြေးနဲ့ အကြင်နာ
တရားတို့ရဲ့ နက်ရှိုင်းတဲ့ အဓိပ်ပါယျတွေ ပါဝင် စီးမျော
နေမှာ ဖြစ်ပါတယ်။

ပြည်ပက တင်သွင်းလာတဲ့ အရှက်အကြောက်တရား
ကင်းမဲ့ပြီး လူလူချင်း ထားသင့်ထားအပ် ရှိသင့်ရှိအပ်
တဲ့ စာနာခြင်း အလှတရားတွေ မဲ့ပျောက်နေကြလို့မို့
သည် Subject ကို ကလောင်ကိုင်သူ တစ်ယောက်ရဲ့ 
တကယ့် ကိုယ်ကျင့် သိက္ခာတရားနဲ့ စီရင်ထုံးဖွဲ့ပြီး
ကျေနပ်ဝမ်းမြောက်စွာ ရေးဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ဖတ်ပြီးရင်လည်း ဝေဖန် အကြံပြုပေးကြဖို့နဲ့ 
စာတစ်အုပ် ဖတ်လို့ ဆင်ခြင်နှလုံးသွင်းစရာ
တစ်ခုခု ရလိုက်တယ် ဆိုရင်ပဲ သည်စာအုပ်ကို
ရေးရကျိူး နပ်ပါပြီ။

အကျဥ်းရုံး စာအုပ်ပွဲလေးမှာ ပြန်လည်ဆုံတွေ့ကြပါစို့။
နိုင်ငံသူ နိုင်ငံသား အပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ
ဘေးကင်းကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါ
တယ်။

#ကြည်မွေ့အိမ်
#စာအုပ်မိတ်ဆက်