Library Image

စာအုပ်လမ်း ဧပြီ ၁၊၂ ဖွင့်ပြီး ပိတ်မည် အထူးအစီအစဉ်များရှိပါသည်

30/03/17



ဒီတစ်ပတ် စနေတနင်္ဂနွေ စာအုပ်လမ်းလေးယာယီပိတ်ပါပြီ။

ပိတ်ပွဲအတွက် အစီအစဉ်လေးတွေရှိပါတယ်။


စနေနေ့လယ် ၁၂ နာရီမှာ မြိတ်ကတ်ကြေးကိုက်နဲ့ဧည့်ခံပါမယ်။

တနင်္ဂနွေပိတ်ပွဲနေ့မှာတော့ ပြန်ကြားရေးဌာနပြည်ထောင်စုဝန်ကြီး

တက်ရောက်မှာဖြစ်ပြီး ဆရာမသန်းမြင့်အောင်နဲ့ သရဝဏ်(ပြည်)တို့ရဲ့

ရေးသူဖတ်သူဆွေးနွေးပွဲနဲ့အတူ နေ့လယ်ဖက်မှာ ရွှေရင်အေးနဲ့ဧည့်ခံပါမယ်။

နှစ်ရက်စလုံးမှာ လာရောက်ဝယ်ယူကြတဲ့စာချစ်သူများကို စာအုပ်လက်ဆောင်

အခမဲ့ဝေကြပါဦးမယ်။ပန်းရဲ့လမ်းအဖွဲ့သားများကလည်း တေးဂီတဖျော်ဖြေမှုတွေ

တင်ဆက်ပေးပါမယ်။ဆိုင်တွေကလည်း လျှောဈေးနဲ့ ရောင်းချပေးကြမှာမို့

သိမ်ဖြူစာအုပ်လမ်းလေးကို ကြွရောက်ဖို့ ဖိတ်ကြားအပ်ပါတယ်။