Library Image

Digital Art Exhibition

10/08/23



မကြာခင်မှာ လူငယ် Digital အနုပညာရှင်များ ဖွဲ့စည်းတည်ထောင်ထားတဲ့ BANG - Art Studioနှင့် Ahnanda Artspace တို့ ပူးပေါင်းတင်ဆက်တဲ့ Digital Art Exhibition လေးတစ်ခု ပြသသွားမှာဖြစ်ပါတယ်ခင်ဗျာ။ 


ဒီပြပွဲလေးမှာ Bang Art Studio နဲ့ လူငယ် Digital Artist ၂၄ယောက်တို့ရဲ့ ဆန်းသစ်ထူးခြားတဲ့ အနုပညာလက်ရာတွေကို တဝကြီးကြည့်ရှုခံစားခွင့်ရမှာဖြစ်ပါတယ်။ ယခု ပြသမယ့် Visuals of Biodiversity ပြပွဲမှာ ထူးခြားချက်ရှိပါတယ်။
 ပြပွဲမှာ ပြသမယ့် Digital Artwork တွေဟာ Artist ကိုယ်တိုင်က ပြပွဲအတွက်ရည်ရွယ်ပြီး တစ်ကားတည်သာ ထုတ်ပြီး ပြသသွားမှာဖြစ်ပါတယ်။ Artist အနေနဲ့ နောင်ကို ထပ်မံထုတ်လုပ်သွားမှာမဟုတ်လို့ ဝယ်ယူစုဆောင်းသူအနေနဲ့ တစ်ခုတည်းသာ ပိုင်ဆိုင်ခွင့်ရနိုင်မှာဖြစ်ပါတယ်ခင်ဗျာ။ 

Bang Art studio ကတော့ လူငယ်Artistများနဲ့ဖွဲ့စည်းထားပြီး အဓိကအားဖြင့် comic တွေနဲ့ တခြား side art project လေးတွေ ဖန်တီးနေတဲ့ Local Art studio ဖြစ်ပါတယ်။ Ahnanda Artspace ကလည်း လူငယ်များဦးစီးလုပ်ကိုင်နေတဲ့ အနုပညာရပ်ဝန်းလေးတစ်ခုဖြစ်တာမို့ လွတ်လပ်ပေါ့ပါးပြီး ဆန်းသစ်တဲ့ ပြပွဲတစ်ခု ဖြစ်လာဖို့ ကြိုးစားပြသသွားမှာဖြစ်ပါတယ်။ ဆက်ဆက်လာရောက်ကြည့်ရှုဖို့ ဖိတ်ကြားအပ်ပါတယ်ခင်ဗျာ။ 

နေ့ရက် - ၂၀၂၃၊ ဩဂုတ်လ ၁၈ရက်နေ့မှ ၂၀ရက်နေ့ထိ။

အချိန် - မနက် ၉နာရီခွဲမှ ညနေ ၅နာရီထိ။

လိပ်စာ - အမှတ် ၉၇/၉၉၊ သီရိကွန်ဒို ပထမထပ်၊ ၄၉လမ်း (အလယ်ဘလောက်)၊ ရန်ကုန်မြို့။