Library Image

စာဆိုတော်နေ့ အထိမ်းအမှတ်၊ ဆောင်းပါးပြိုင်ပွဲ

17/11/16



၁၃၇၈ ခုနှစ်၊ နတ်တော်လဆန်း (၁)ရက်နေ့၊ စာဆိုတော်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ၊ စာအုပ်စျေးရောင်းပွဲ၊ ဆောင်းပါးပြိုင်ပွဲကို စာပေမြတ်နိုးသူများအသင်း၊ အလိမ္မာပျိုးခင်း စာကြည့်တိုက်မှ ဦးဆောင်၍ ၁၃၇၈-ခုနှစ်၊ နတ်တော်လဆုတ် (၁၀)ရက်မှ စတင်ကာ ၁၃၇၈-ခုနှစ်၊ နတ်တော်လကွယ်နေ့အထိ ဒီဇင်ဘာ (၂၄)ရက်မှ (၂၈)ရက်အထိ (၅)ရက်တိုင်တိုင် ပြုလုပ်ကျင်းပမည် ဖြစ်ပါသည်။


ဆောင်းပါးနှင့် ပတ်သက်၍ အောက်ပါအချက်အလက်များကို ပြိုင်ပွဲဝင်လိုသူများ သိရှိစေရန် ဖော်ပြအပ်ပါသည်။

  1. ဆောင်းပါးပြိုင်ပွဲကို အခြေခံပညာအလယ်တန်းမှစ၍ တက္ကသိုလ်ကျောင်းသား/သူများ၊ စာပေဝါသနာရှင်များ မည်သူမဆို ပါဝင်ရေးသား ပေးပို့ ယှဉ်ပြိုင်နိုင်သည်။
  2. တစ်ဦးလျှင် ဆောင်းပါး (၁)ပုဒ်သာ ရေးသားပေးပို့ ယှဉ်ပြိုင်ခွင့်ပြုသည်။
  3. မြန်မာစာပေယဉ်ကျေးမှုကို အခြေခံသော ဆောင်းပါးဖြစ်ရမည်။
  4. မြန်မာ့စာပေယဉ်ကျေးမှုကို အခြေခံ၍ မိမိနှစ်သက်သော ခေါင်းစဉ်ဖြင့် ရေးသားနိုင်သည်။
  5. မိမိကိုယ်တိုင် ရေးသားသော ဆောင်းပါးဖြစ်ရမည်။
  6. အနည်းဆုံး A4 စာမျက်နှာ (ကွန်ပျူတာစာစီ) ၄ မျက်နှာခန့် ရှိရမည်။
  7. ပထမ၊ ဒုတိယ၊ တတိယ၊ အထူးဆု (၂)ဆု - စုစုပေါင်း (၅)ဆု ရွေးချယ်ပါမည်။
  8. ဆုရဆောင်းပါးများကို ဒီဇင်ဘာ (၂၄/၂၅/၂၆/၂၇/၂၈ ရက်နေ့တွင် ပြုလုပ်မည့် စာပေဟောပြောပွဲများတွင် ကြော်ငြာပါမည်။
  9. ဆောင်းပါးကို ပေးပို့ရာ၌ မိဘအမည်၊ နေရပ်လိပ်စာ အပြည့်အစုံ၊ အတန်းပညာ၊ ဘွဲ့၊ အမည်ရင်း၊ ကလောင်အမည်၊ ဆက်သွယ်ရန် ဖုန်းနံပါတ်တို့ကို ပြည့်စုံစွာ ဖြည့်သွင်း၍ ၁၃၇၈-ခုနှစ်၊ တန်ဆောင်မုန်းလကွယ်နေ့၊ ၂၀၁၆-ခုနှစ်၊ နိုဝင်ဘာလ (၂၉)ရက် အဂါင်္နေ့ နောက်ဆုံးထား ပေးပို့ရမည်။ 

(သတ်မှတ်ရက်ထက် ကျော်လွန်သော ဆောင်းပါးများကို ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။)

ဆောင်းပါးပေးပို့ရန်နှင့် ဆက်သွယ်ရန်

အလိမ္မာပျိုးခင်းစာကြည့်တိုက်၊ ဘုရားလေး ပရိယတ္တိ စာသင်တိုက်၊ နောင်ကုလားရွာကြီး၊ သထုံမြို့နယ်။ 

၀၉-၂၅၃၈၅၃၉၆၉၊ ၀၉-၇၇၄၂၈၄၀၁၅