Library Image

မေတ္တာရိပ်ရွေ့လျားစာကြည့်တိုက်ရဲ့ တစ်နှစ်ပြည့် စာအုပ် ငှား/အပ် အစီအစဉ်ပါ

21/04/17



မေတ္တာရိပ်ရွေ့လျားစာကြည့်တိုက်ရဲ့ တစ်နှစ်ပြည့် စာအုပ် ငှား/အပ် အစီအစဉ်ပါ


နေရာ - ဆူးလေ မဟာဗန္ဓုလပန်းခြံ
အချိန် - 10am-4pm
နေ့ရက် - 22.4.2017(sat)

ပုံမှန် စာအုပ် ငှား/အပ် ရှိသလို
တစ်နှစ်ပြည့် အထူးအစီအစဉ်အနေနဲ့
Bookworm Chit Chat Program ရှိပါတယ် 

မေတ္တာရိပ်ရဲ့ အသင်းဝင်တီရှပ် အမှတ်တရထုတ်ဝေ ရောင်းချသွားမှာဖြစ်ပြီး
တစ်နိုင်ငံလုံးရဲ့ စာကြည့်တိုက်များအတွက် ရန်ပုံငွေအဖြစ် ရောင်းပေးတဲ့
Save the Library တီရှပ်/ အိတ်/ကော်ဖီခွက် များကိုပါ ဝယ်ယူခြင်းဖြင့် ကုသိုလ်ပါဝင်လှူဒါန်းနိုင်ပါတယ်

ကဲ
အထူးအစီအစဉ်
Bookworm Chit Chat ဆိုတာ??

စာဖတ်သူအချင်းချင်း ကိုယ်ဖတ်တဲ့စာအုပ်တစ်အုပ်အကြောင်းကို ပေါ့ပေါ့ပါးပါး ပြောဆိုပြီး ကိုယ်ရလာတဲ့ အတွေးအခေါ်လေးတွေကို မျှဝေပေးရမှာပါ

မျှဝေတဲ့နေရာမှာ ပါဝင်စေချင်တဲ့ 
Chatting Outline လေးတွေက

1. ရွေးချယ်ထားတဲ့ စာအုပ်

2. ဘာကြောင့်ရွေးခဲ့တာလဲ

3. စာအုပ်ရဲ့ အကျဉ်းချူပ်ဇာတ်လမ်း

4. ဘယ်ဇာတ်ကောင်ကို အကြိုက်ဆုံးလဲ
(ကြိုက်ရတဲ့အကြောင်းရင်း)

5. စာအုပ်နဲ့ပတ်သက်ပြီး အတွေးအခေါ်သစ်တစ်ခုခု ရလိုက်လား

6. စာအုပ်ထဲက ကိုယ့်ကို ပြောင်းလဲသွားစေတဲ့ စာသား/ဇာတ်ကောင်စရိုက်/ဘဝခံယူချက်/အတွေးအခေါ် တစ်ခုခု မျှဝေပေးပါ

7. ကိုယ်သာ စာရေးဆရာဆိုရင် ဘယ်လိုအဆုံးသတ်ပေးချင်လဲ

အထက်ပါအကြောင်းအရာလေးတွေကို ပြောပေးဖို့လိုပါတယ်
ပါဝင်ဆွေးနွေးပေးတဲ့ သူတွေအတွက် စာအုပ်လက်ဆောင်အစီအစဉ်ရှိသလို
Special Guest များကိုလည်း ဖိတ်ကြားဖို့ရှိပါတယ်

စာဂျပိုးများ အားလုံး ဖိတ်ပါတယ်
ပြောမယ့်သူတွေက ကိုယ့်အမည်နဲ့ ဖုန်းနံပါတ် ရွေးချယ်ထားတဲ့စာအုပ်တို့ကို 
cb မှ တဆင့် ပေးပို့နိုင်ပါတယ် 
ပါဝင်မယ့် လူအရေအတွက်နဲ့ ညှိရမှာလေးတွေရှိလို့ပါ
စကားဝိုင်းထဲမှာ ဝင်မပြောပေမယ့် နားထောင်ချင်တဲ့ သူတွေအတွက်လည်း ဖိတ်ခေါ်ပါတယ်ရှင်

ပါဝင်ကူညီပေးမယ့် Volunteer များလည်း လိုအပ်နေပါတယ် 
အချိန်အားလပ်ခဲ့ရင် ကူညီပေးကြပါဦးလို့ 

#IP

Booworm Chit Chat Program

1.တင့်တယ် - ကမ္မဖလ
ဆွေးနွေးမည့်သူ-စောယုနန္ဒာ 

2. မောင်ထွန်းသူ- ရမ္မက်မီး (ဗင်းဆင့်ဗန်ဂိုးအတ္တုပတ္တိ)
ဆွေးနွေးမည့်သူ-မေသူထွန်းမြင့်

3. လင်္ကာရည်ကျော်-နှင်းဆွတ်ရေ
ဆွေးနွေးမည့်သူ- မျိူးဇော်လင်း

4. သုမောင်-သာဓု သာဓု သာဓု
ဆွေးနွေးမည့်သူ - အိအိခိုင်

5. ကြည်အေး - မောင် ကိုကိုနဲ့ မြနန္ဒာ
ဆွေးနွေးမည့်သူ - သင်းလှိုင်

6. လင်္ကာရည်ကျော်-တိမ်တွေတောင်တွေနဲ့ခရီးသည်
ဆွေးနွေးမည့်သူ - ဖြိုးဝေဦး

7. နုနုရည်(အင်းဝ)-မြစိမ်းပြာ ကမာရွတ်
ဆွေးနွေးမည့်သူ - သက်ထား

8. နုနုရည်(အင်းဝ) - ပြုံး၍လည်းကန်တော့ခံတော်မူပါ ရယ်၍လည်းကန်တော့ခံတော်မူပါ
ဆွေးနွေးမည့်သူ - ခင်ခင်

9. မြသန်းတင့်-ရွှေပြည်တော်မျှော်တိုင်းဝေး
ဆွေးနွေးမည့်သူ-ကိုဇော်ဇော်လင်း

10. ရဲမြလွင်-တော့တိုးကျန်
ဆွေးနွေးမည့်သူ- အံ့ကြည်မောင်

11. ထင်လင်း-ပေါ်လီယာနာ
ဆွေးနွေးမည့်သူ- ဖြိုးလင်း

Special Guest

1. မြသန်းတင့်-ဧကရာဇ်တို့၏ဘဏ္ဍာတိုက်များ
ဦးမောင်မောင်စိုး (ဗဂျီအိမ်)
Save the Library

2. ညီပုလေး - ထက်မြက်တဲ့ဓါးသွားပေါ်ကချိူမြမြပျားရည်စက် နှင့်
နိုင်ငံတကာ ကာတွန်းစာအုပ်များအကြောင်း
ဆွေးနွေးမည့်သူ - မြေမှုန်လွင်