Library Image

WORLD BOOK DAY 2017 /25 April 2017-10 a.m to 6 p.m

21/04/17



"ကမ္ဘာ့စာအုပ်များနေ့" အထိမ်းအမှတ်အစီအစဉ်များ ဗြိတိသျှကောင်စီ စာကြည့်တိုက်တွင်ကျင်းပမည်


"ကမ္ဘာ့စာအုပ်များနေ့" အထိမ်းအမှတ်အစီအစဉ်များကို ဗြိတိသျှကောင်စီ စာကြည့်တိုက်တွင် ဧပြီလ (၂၅) ရက် အင်္ဂါနေ့၌ ကျင်းပမည်ဖြစ်ပါမည်။  အဆိုပါအစီအစဉ်များတွင် ကလေးများအတွက် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြခြင်း နှင့် စာပေဟောပြောပွဲ တို့ပါဝင်မည်ဖြစ်ပြီး စာပေကို နှစ်သက်မြတ်နိုးသူများအားလုံးကို (အသင်းဝင်မဟုတ်သူများအပါအဝင် မည်သူမဆို) အတူတကွ ပါဝင်ဆင်နွဲရန် ဖိတ်ခေါ်ပါသည်။

ဆေးရောင်ခြယ်ပြိုင်ပွဲကို ဧပြီလ (၂၅) ရက်  နံနက် (၁၀) နာရီမှ စတင်ကာ အသက် (၅) နှစ်မှ (၁၀) နှစ်အထိ ကလေးငယ်များ ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။ ရောင်စုံခဲတံနှင့် ဆေးရောင်ခြယ်ရန်ပုံများကို စာကြည့်တိုက်မှ ပြင်ဆင်ထားပေးမည်ဖြစ်ပြီး ပြိုင်ပွဲဝင်ကလေးများ အနေဖြင့် မိမိနှစ်သက်ရာ ရောင်စုံခဲတံများလည်း ယူဆောင်လာနိုင်ပါသည်။ ပြိုင်ပွဲဝင်ကလေးများကို အသက်အလိုက် အဖွဲ့သုံးဖွဲ့ခွဲ၍ ယှဉ် ပြိုင်စေမည်ဖြစ်၍ တစ်ဖွဲ့ချင်းစီမှ အကောင်းဆုံး ဆေးခြယ်နိုင်သူ (၅) ဦးကို ရွေးချယ်၍ ဆုများချီးမြှင့်သွားပါမည်။  အကောင်းဆုံးလက်ရာများကို ဗြိတိသျှကောင်စီ ကလေးစာကြည့်တိုက်တွင် ပြသထားပါမည်။

နေ့လည်တွင်(၂ ) နာရီတွင်  အသက် (၅) နှစ်မှ (၁၀) နှစ်အရွယ် ကလေးများအတွက် ပုံပြင်ဖတ်ပြမည့် အစီအစဉ်တွင် ဗြိတိသျှကောင်စီမှ ပုံပြောကောင်းတဲ့ ဆရာမ Eliza မှ စိတ်ဝင်စားဖွယ်ရာ ပုံပြင်များကို ဖတ်ပြသွားပါမည်။ ထို့နောက် ကလေးများကို လက်ဆောင်များ ပေးပါမည်။ 

ညနေ (၅) နာရီတွင် အသင်းဝင်များနှင့် စာပေကို ချစ်မြတ်နိုးသူများ အားလုံးအတွက် စာပေဟောပြောပွဲ ကျင်းပပါမည်။ ဆရာမ "မသီတာ (စမ်းချောင်း)" မှ "လွတ်လပ်ဖို့ စာဖတ်ကြစို့" ဆိုသောခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးသွားပါမည်။ ဟောပြောပွဲအပြီးတွင် ဆရာမနှင့်သိလိုသည်များကို ဆွေးနွေးနိုင်မည်ဖြစ်ပါသည်။

အထက်ပါအစီအစဉ်များကို တက်ရောက်လိုသူများ အနေဖြင့် ဧပြီလ (၂၄) ရက်် တနင်္လာနေ့နောက်ဆုံးထား၍ ဗြိိိတိသျှကောင်စီစာကြည့်တိုက်တွင် စာရင်းပေးသွင်းနိုင်ပါသည်။ တယ်လီဖုန်း၊ အီးမေးလ်တို့ဖြစ်လည်းစာရင်းပေးနိုင်ပြီး နှင့် ဆက်သွယ်ရန်ဖုန်းနံပါတ်မှာ ၂၅၄၆၅၈ / ၂၅၆၂၉၀ လိုင်းခွဲအမှတ် ၃၃၁၆ နှင့် အီးမေးလ်လိပ်စာမှာ library.enquiries@mm.britishcouncil.org ဖြစ်ပါသည်။ အသင်းဝင်မဟုတ်သူများလည်းပါဝင်နိုင်ပြီး စာကြည့်တိုက်သို့ လာရောက်သောအခါ မှတ်ပုံတင် (သို့) ကျောင်းသားကဒ် တစ်ခုယူဆောင်လာရန်လိုပါသည်။

စာကြည့်တိုက်ဝန််ဆောင်မူများအကြောင်းကို အသေးစိပ်သိရှိလိုပါက www.britishcouncil.org.mm/my/english/libraries သို့မဟုတ် www.facebook.com/BritishCouncilMyanmar သို့ ဝင်ရောက်ကြည့်ရှုကာ ဆက်သွယ်မေးမြန်းနိုင်ပါသည်။