Library Image

လူသိရှင်ကြားဖုံးကွယ်ခြင်း သစ္စာနီ

12/05/17



လူသိရှင်ကြားဖုံးကွယ်ခြင်း

သစ္စာနီ

တစ်ကိုယ်တော် ကဗျာနေ့

၂၀.၅.၁၇ ( စနေ)

နေ့လယ် ၂ နာရီ

လက်မှတ် - ၅၀၀၀ကျပ် (ကန့်သတ်)


      Yangon Book Plaza မှာ စီစဉ်လေ့ရှိတဲ့ တစ်ကိုယ်တော် ကဗျာပွဲရဲ့ အမာခံပရိသတ်များအတွက် ကဗျာပွဲကြီး လာပါပြီ။

       ဒီတစ်လကတော့ ဆရာ သစ္စာနီရဲ့ တစ်ကိုယ်တော် ပွဲဖြစ်ပါတယ်။ လူသိရှင်ကြား ဖုံးကွယ်ခြင်းလို့ နာမည်ရတဲ့ တစ်ကိုယ်တော်ပွဲမှာ ဘာတွေ ထူးထူးခြားခြား ပါမှာ ပါလိမ့်။

          ကဗျာရွတ်ပွဲနဲ့အတူ ထူးထူးခြားခြား တင်ဆက်မယ့် Performance များ။ ဒါ့အပြင် ကော်ဖီတစ်ခွက်နဲ့ ဆရာသစ္စာနီ လက်ရေးမူ ပန်းဖလက်လေး တစ်ခုပါ လက်ဆောင်အဖြစ် ပြန်လည်ပေးအပ်သွားမှာပါ။

         ရှိပါသေးတယ်။ ဆရာ သစ္စာနီ ဆွဲထားတဲ့ ကဗျာပန်းချီကား သုံးကားကိုလည်း လက်မှတ် ဝယ်ယူသူများထဲကနေ ပြန်လည် မဲဖောက်ကာ လက်ဆောင် အဖြစ် ချီးမြင့်သွားမှာ ဖြစ်ပါတယ်။

         တစ်ကိုယ်တော် ကဗျာပွဲများကို လူများများနဲ့ ဆူဆူညံညံ ပြုလုပ်သွားဖို့ YBP အနေနဲ့ စိတ်ကူး မရှိပါဘူး။ ကဗျာချစ်သူ အမာခံ ပရိသတ် အနည်းငယ်နဲ့သာ ကျစ်ကျစ် လစ်လစ်လေး လုပ်သွားချင်တာ ဖြစ်ပါတယ်။

        ဒါကြောင့်လည်း လက်မှတ်များကို အရေအတွက် အကန့်အသတ်နဲ့သာ ရောင်းချသွားမှာ ဖြစ်ပါတယ်။

         ကြိုတင်ဝယ်ယူလိုသူများအနေနဲ့ မေလ ၁၂ ရက်နေ့ကနေစတင်ပြီး Yangon Book Plaza မှာရှိတဲ့ WE Book Store မှာ စတင်ရောင်းချပေးလျက်ရှိပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

        ကော်ဖီလေးသောက်ရင်း ကဗျာလေးတွေနဲ့အတူ မိတ်ဆွေတို့ရဲ့ လှပတဲ့ နေ့လယ်ခင်းလေးကို အတူတူဖြတ်သန်းဖို့ ဖိတ်ခေါ်လိုက်ပါရစေ။