Library Image

မင်းလူနှင့် ညနေခင်း ၁၈.၅.၁၇ (ကြာသာပတေး) ညနေ ၄ နာရီ Yangon Book Plaza ဖုန်း - 09767019926

12/05/17



မင်းလူနှင့် ညနေခင်း

၁၈.၅.၁၇ (ကြာသာပတေး)
ညနေ ၄  နာရီ
Yangon Book Plaza
ဖုန်း -  09767019926

         ဆရာမင်းလူရဲ့ အမာခံပရိတ်သတ်များအတွက် ဆရာမင်းလူ အလွမ်းပြေ ပွဲလေးတစ်ပွဲ Yangon Book Plaza မှာ စီစဉ်ထားရှိပါတယ်။
        သိတဲ့အတိုင်းပဲလေ။ တကယ်တော့ YBP ဆိုတာ ဆရာမင်းလူရဲ့ စိတ်ကူး အိပ်မက်များထဲက တစ်ခုပါပဲ။ ဆရာမရှိတော့ပေမယ့် ဆရာရဲ့ ရသတွေကတော့ ဆက်လက် စီဆင်းနေဆဲပါ။ ဆရာ့စိတ်ကူးထဲက YBP မှာပဲ ဆရာ့ရဲ့ မွေးနေ့လေးကို ကျင်းပဖို့ အခွင့်အရေးလေးရခဲ့ပါပြီ။
       ဆရာမင်းလူဟာ လက်ဖက်ရည်ဆိုင်ထိုင်ခြင်းကို နှစ်ခြိုက်သူ တစ်ယောက်ဖြစ်ပြီး တစ်နေ့ နှစ်ကြိမ် လက်ဖက်ရည်ဆိုင် ထိုင်လေ့ရှိပါတယ်။ အိပ်ရာထ နောက်ကျလေ့ရှိသူဖြစ်ပြီး နေ့လယ် အိပ်ရာထတစ်ကြိမ်နဲ့ ညနေ တစ်ကြိမ် လက်ဖက်ရည်ဆိုင်ထိုင်လေ့လည်း ရှိပါတယ်။ ဒါကြောင့်လည်း အခုပွဲလေးကို မင်းလူနှင့် ညနေခင်းလို့ အမည်ပေးထားပါတယ်။ ဆရာမင်းလူ လက်ဖက်ရည်ဆိုင်ထိုင်တဲ့ အချိန်လေးပဲလေ။
      အခမ်းအနားအစီအစဉ်တွေကိုလည်း ထူးထူးခြားခြား စီစဉ်ထားပြီး ဆရာမင်းလူ လက်ဖက်ရည်ဆိုင်ထိုင်လေ့ရှိတဲ့ ပုံစံမျိုးနဲ့ ကျင်းပသွားမှာဖြစ်ပါတယ်။
     ဒါ့အပြင် ဆရာရဲ့ သမိုင်းဝင် ”ဘာတွေဖြစ်ကုန်ကြပြီလဲ” ကဗျာရှည်ကြီးကိုလည်း မျိုးဆက်သစ်များ သိရှိရအောင် အခမဲ့ဝေမှာ ဖြစ်ပါတယ်။ ဆရာရဲ့ ပုံနှိပ်ထားခြင်း မရှိသေးတဲ့ ကဗျာတစ်ချို့ကိုလည်း ရွတ်ဆိုကြဦးမှာပါ။
     အထူးတကာ့ အထူးခြားဆုံးကတော့ ဆရာမင်းလူ လက်ဖက်ရည်ဆိုင်ထိုင်တိုင်း သောက်လေ့ရှိတဲ့ အရည်တစ်မျိုးရှိပါတယ်။ ပြင်ပ ဈေးကွက်ထဲမှာ ဝယ်လို့မရပါဘူး။ အဆိုပါ အရည်လေးကို ဆရာမင်းလူ အမှတ်တရအဖြစ် ဆရာ့ ပုံရိပ်ရှေ့မှာ အတူတကွ သောက်ကြရအောင်။ ပြီးရင် ဆရာ့ရဲ့ ပရိသတ်တွေ ဆရာရဲ့ မိတ်ဆွေတွေရဲ့ စကားတွေကို အတူတကွ ဆွေးနွေးရအောင်။ 
      တစ်နည်း ဆရာမင်းလူရဲ့ ညနေခင်းလေးကို အတူတကွ ဖြတ်သန်းကြအောင်။
     ဒါ့အပြင် ဆရာမင်းလူရဲ့ စာအုပ်တွေကိုလည်း အထူးလျှော့ဈေးများနဲ့ ရောင်းချပေးသွားဦးမှာ ဖြစ်ပါတယ်။
     ပွဲကျင်းပမယ့် နေရာကတော့ Yangon Book Plaza ငါးလွှာ၊ သံဈေး၊ လမ်းမတော်မှာ ဖြစ်ပါတယ်။ ၁၇လမ်းဘက်က ဝင်ပေါက်မှာတော့ သီးသန့် ဓာတ်လှေကားလေးလည်း ရှိပါတယ်။
     ဆရာမင်းလူရဲ့ မိတ်ဆွေ၊ ပရိသတ်များအားလုံးကို ရိုသေလေးစားစွာဖြင့် ဖိတ်ကြားအပ်ပါတယ်။