31/05/17
#စကားဝိုင်းဆွေးနွေးပွဲ
(လေးစားစွာ ဖိတ်ကြားပါရစေ။ နိုင်ငံသားအားလုံးနဲ့ ပတ်သက်တဲ့ အရေး။ လူတိုင်းနဲ့ ဆိုင်တယ်။ ကိုယ့်အခွင့်အရေးကို ကိုယ်တိုင်က သိထားဖို့ လိုတယ်။ အစိုးရ ဌာနဆိုင်ရာတွေအားလုံးဆီက သတင်းအချက်လက်တွေကို ပြည်သူတွေအနေနဲ့ တောင်းယူ သိရှိပိုင်ခွင့်ရှိလာမယ့် ဥပဒေ။ ခု ဥပဒေကြမ်းအဆင့်မှာ ကိုယ့်အမြင် သူ့အမြင်ကို ပြောဆိုဆွေးနွေးနိုင်တယ်)
• အကြောင်းအရာခေါင်းစဉ် - သတင်းအချက်အလက်ဆိုင်ရာ အခွင့်အရေး ဥပဒေ (မူကြမ်း) (Right to Information Bill) ကို လေ့လာသုံးသပ်ဆွေးနွေးခြင်း
• ပါဝင်ဆွေးနွေးမည့်သူများ -
၁။ လွှတ်တော် ကိုယ်စားလှယ်များ
၂။ ဥပဒေရေးရာ နှံ့စပ်သူ ရှေ့နေများ
၃။ ဤဥပဒေ (မူကြမ်း) ပေါ်ပေါက်လာသည့် ဖြစ်စဉ်တစ်လျှောက် ပါဝင်ဆောင်ရွက်လာသူ အရပ်ဖက်အဖွဲ့အစည်းဝင်များ
၄။ ဆွေးနွေးပွဲကို ပါဝင်တက်ရောက်လာကြသူများ
• အချိန် - နေ့ ၁ နာရီ မှ ၄ နာရီထိ
• နေ့ရက် - ၄ ဇွန်လ ၂၀၁၇ (တနင်္ဂနွေနေ့)
• နေရာ - ယုံကြည်ရာအသိပညာပြန့်ပွားရေးအသင်းနှင့် အခမဲ့စာကြည့်တိုက်၊ အကွက် (၄၁၃/၁)၊ ရွှေငုဝါလမ်းသွယ်၊ ၃၆×၃၇လမ်းကြား၊ ၇၁×၇၂လမ်းကြား၊ မဟာနွယ်စဉ်ရပ်ကွက်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေး။
• ဤဥပဒေကို ကြိုတင်ဖတ်ရှုလေ့လာလိုပါက ကျနော်တို့ ယုံကြည်ရာ စာကြည့်တိုက်သို့ ရုံးချိန်အတွင်း လာရောက်ရယူနိုင်ပါသည်။ သို့မဟုတ် အီးမေးလ်လိပ်စာကို Comment ကွန်မင့်မှာ ရေးပေးပါကလည်း Soft Copy ပို့ပါမည်။
- ဆက်သွယ်ရန်
• 09 97 07 451 70
• 09 97 485 47 44