Library Image

စာအုပ်မိတ်ဆက် နေ့ရက်-၄-၆-၂၀၁၇(တနင်္ဂနွေနေ့) နေရာ-Yangon Book Plaza, ငါးလွှာ

31/05/17



စာအုပ်အမည်-မိစ္ဆာနှင့်မစ္စပရမ်း

ဘာသာပြန်သူ-ဒေါက်တာခင်မောင်ညို

မူရင်းစာအုပ်နှင့်ရေးသူ-THE DEVIL AND MISS PRYM - PAULO COELHO

စာမျက်နှာ-၂၆၉

တန်ဖိုး-၃၀၀၀ကျပ်

အကြိမ်-ဒုတိယအကြိမ်

မျက်နှာဖုံးဒီဇိုင်း-မောင်မောင်ထွေး


နာမည်ကြီး ဘရာဇီးစာရေးဆရာPAULO COELHO ရဲ့ THE DEVIL AND MISS PRYM စာအုပ်ကို ဘာသာပြန်ထားတဲ့ စာအုပ်တစ်အုပ်ပါ။

ဘာသာပြန်သူဒေါက်တာခင်မောင်ညိုက သူဘာသာပြန်ရတဲ့အကြောင်းကို အောက်ပါအတိုင်း အမှာစာမှာ ရေးထားပါတယ်။


????????????????????????????????????????????????????????????????????????????????????

ဘဝအသိတွေ အတွေးတွေကိုပေးသည့် စာတွေကို ကျွန်တော်ရေးချင်ပါ သည်။ယခုဘာသာပြန်ထားသည့် PAULO COELHO ၏ THE DEVIL AND MISS PRYM စာအုပ်သည် အသိအတွေးများစွာ ဒဿနတွေဖွေရှာ၍ ဇာတ်အသွင်ဖွဲ့ တင်ပြထားခြင်း ဖြစ်သည်။ ဒီအတွက် ပိုပြီး စွဲမက်စရာဟု ကျွန်တော်မြင်သည်။ ကောင်းမှုနှင့် မကောင်းမှု တိုက်ပွဲတွေအကြား လူတွေရပ်တည်နေကြသည်။

မူရင်းစာရေးဆရာ PAULO COELHO၏ အကောင်းဆုံးဖွဲ့ဆိုထားသည့် နိမိတ်ပုံရိပ်တွေကို မြင်နိုင်ပါသည်။

????????????????????????????????????????????????????????????????????????????????????


စာအုပ်ထွက်ရှိခြင်းအမှတ်တရ စာရေးဆရာလက်မှတ်ရေးထိုးပွဲကို အောက်ပါအတိုင်း ကျင်းပမှာဖြစ်ပါတယ်။

လက်မှတ်ရေးထိုးပွဲမှာ ယခုအသစ်ထွက်တဲ့ စာအုပ်နဲ့အတူ ဒေါက်တာခင်မောင်ညိုရဲ့ အခြားစာအုပ်တွေကိုပါ ၂၀%လျော့ဈေးနဲ့ ရောင်းချပေးမှာဖြစ်ပါတယ်။

လက်မှတ်ထိုးမည့်  . . . . .

နေ့ရက်-၄-၆-၂၀၁၇(တနင်္ဂနွေနေ့)

နေရာ-Yangon Book Plaza, ငါးလွှာ။ သံဈေးအပေါ်ထပ်။၁၇လမ်းနှင့် လမ်းမတော်လမ်းအကြား၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

အချိန်-ညနေ၄း၀၀ မှ ၆း၀၀ နာရီ