Library Image

New Era of Social Network ခေတ်သစ် လူမှူကွန်ယက် ၂၄-၆-၁၇ ( စနေ) နေ့လယ် ၁၂ နာရီမှ ၂ နာရီထိ

21/06/17




New Era of Social Network

ခေတ်သစ် လူမှူကွန်ယက်

၂၄-၆-၁၇ ( စနေ)

နေ့လယ် ၁၂ နာရီမှ ၂ နာရီထိ


ဆွေးနွေးသူများ - နေဘုန်းလတ်၊ ပန်ဆယ်လို၊ ကိုစိုးထိုက် (ဖဒို)၊ မဝင်းမင်းသန်း

ကြားခံဆွေးနွေးသူ ( Moderator ) - ရဲထက်ဦး


မြို့ပြနေ လူတန်းစားသာမက ကျေးလက်နေ လူတန်းစားများထိပါ လွှမ်းမိုးမှူ အရှိဆုံး မီဒီယာတစ်ခုကို ပြပါဆိုရင်တော့ ဆိုရှယ် မီဒီယာများကိုသာ ပြရမှာ ဖြစ်ပါတယ်။

အထူးသဖြင့်တော့ ဖေ့ဘုတ်ခ် လူမှူ ကွန်ယက်ပင်။ နေ့စဉ် သန်းပေါင်းများစွာသော မြန်မာပြည်သူများ ဖေ့ဘုတ်ခ်ကို ပုံစံပေါင်းများစွာဖြင့် အသုံးပြုနေကြသည်။

လွှမ်းမိုးမှူ အားကောင်းသော ဖေ့ဘုတ်ခ် မီဒီယာကို တလွဲ အသုံးချမှူများကြောင့် မလိုလားအပ်သည့် ပြသနာများ ပေါ်ပေါက်လျက် ရှိတာကိုလည်း အားလုံး အသိပင်။

သုံးတက်ရင် ဆေး၊ မသုံးတက်ရင် ဘေး ဖြစ်နိုင်တဲ့ လူမှူ ကွန်ယက်များရဲ ကောင်းကျိုးဆိုးပြစ်များကို ဖေ့ဘုတ် စာမျက်နှာများမှာ ပုံစံအသီးသီးဖြင့် ထင်ရှားအောင်မြင်လျက် ရှိကြသူများက ဝိုင်းဖွဲ့ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဆွေးနွေးကြမယ့် သူများအားလုံးဟာ လူလတ်ပိုင်း အရွယ်များဖြစ်သလို လူမှူကွန်ယက်များကိုလည်း တစိုက်မတ်မတ် အသုံးပြုနေများသာ ဖြစ်ပါတယ်။

အဆိုပါ ပညာရှင်များရဲ့ အမြင်များ၊ အတွေးအခေါ်များ၊ ဗဟုသုတများစွာတို့ကို နားထောင်ခွင့်ရမှာ ဖြစ်သလို မိမိတို့ရဲ့ အမြင်များကိုပါ ပြန်လည် ဆွေးနွေးခွင့် ရမယ့် အခွင့်အရေးကြီးလည်း ဖြစ်ပါတယ်။

ပြောင်းလဲလာတဲ့ ခေတ်သစ် မီဒီယာရေးစီးကြောင်းမှာ နောက်ကျ မကျန်ရစ်စေဖို့အတွက် လာရောက် ဆင်နွှဲကြပါရန် လူငယ်၊ လူကြီး အားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်။


နေဘုန်းလတ်

မြန်မာပြည်တွင် အထင်ရှားဆုံး ဘလော့ခ်ဂါ တစ်ဦး ဖြစ်ပြီး လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလည်း ဖြစ်ပါတယ်။ ဘလော့ခ် ခေတ်ဦးကနေ ယနေ့ခေတ် ဖေ့ဘုတ်ခ်ထိ ပြောင်းလဲလာတဲ့ ရေစီးကြောင်းအပေါ် အဓိကထားဆွေးနွေးမယ့် သူတစ်ယောက်ဖြစ်ပါတယ်။


ပန်ဆယ်လို

ဖေ့ဘုတ်ပေါ်မှာ အငြင်းပွားဖွယ်ရာ အကောင်းဆုံး အကောင့် တစ်ခုအဖြစ် လူသိများတဲ့ အကောင့်တစ်ဖြစ်ပါတယ်။ အစောပိုင်းကာလတွေကများက ဘယ်သူဘယ်ဝါဆိုတာ ဖော်ပြခြင်းမရှိခဲ့တဲ့အတွက်လည်း အငြင်းပွားမှူများ ပိုမိုများပြားခဲ့ပါတယ်။

ထူးခြားချက်ကတော့ ၆၆(ဃ) ဒဏ်ကြောင့် တချို့ အကောင့်ပိုင်ရှင်များ သိုသို ဝှက်ဝှက်နေသွားချိန်ကြမှ ပန်ဆယ်လိုဆိုတာ ဘယ်သူ ဘယ်ဝါပါဟု ထုတ်ဖော်ကြေညာခဲ့သူ တစ်ဦး ဖြစ်ပါတယ်။

စာအုပ် နှစ်အုပ် ရေးသားထုတ်ဝေခဲ့ပြီး စာအုပ်နှစ်အုပ်စလုံးဟာလည်း အရောင်းရဆုံးစာရင်းဝင်စာအုပ်များ ဖြစ်ခဲ့ပါတယ်။


ကိုစိုးထိုက် (ဖဒို)

မကြာသေးခင်ကမှ ပြည်သူ့ဂုဏ်ရည် အထူးဆု ရရှိခဲ့သူ တစ်ယောက်ပါ။ အွန်လိုင်း အခြေပြု ပရဟိတများစွာတို့မှာ တက်တက်ကြွကြွ လှူပ်ရှားနေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

Sex Education ကို သာမန်ပြည်သူတွေကြားထိ ရောက်ရှိအောင် စွမ်းဆောင်နိုင်သူ တစ်ဦး ဖြစ်ပါတယ်။


မဝင်းမင်းသန်း

အလှအပရေးရာများနဲ့အတူ ထင်ရှားလာတဲ့ ပညာရှင်တစ်ဦးပါ။ ယနေ့ခေတ် လူမှူကွန်ယက် အသုံးပြုပုံစံများ ပြောင်းလဲ လာအောင်စွမ်းဆောင်နိုင်သူ တစ်ဦးလည်း ဖြစ်ပါတယ်။

လူမှူကွန်ယက်များ စတင် ထင်ရှားခဲ့စဉ်က အစိုးကကို ဝေဖန်တိုက်ခိုက်မှူများ၊ သို့မဟုတ် အတင်းအဖျင်း သတင်းများအတွက်သာ အသုံးပြုမှူများပြားခဲ့သော်လည်း အခုချိန်မှာတော့ ခရီးသွားဆောင်းပါးများ၊ အလှအပရေးရာများ၊ အိမ်မွေးတိရိစ္ဆာန်ရေးရာများ အစရှိတဲ့ လူမှူရေး ဆောင်ပါးရေးသူများလည်း ထင်ရှားလာတာကို တွေ့ရပါတယ်။

အဆိုပါ အပြောင်းအလဲကာလမှာ ထင်ရှားခဲ့သူ တစ်ဦးရဲ့ အတွေးအမြင်များကို ဆွေးနွေးခွင့်ရရှိမှာပဲ ဖြစ်ပါတယ်။


ကိုရဲထက်ဦး ( ကြားခံဆွေးနွေးသူ)

ဝိုင်းဖွဲ့ဆွေးနွေးပွဲများတွင် အရေးပါဆုံး အရာမှာ ကြားခံဆွေးနွေးသူ ပင် ဖြစ်ပါတယ်။

ကြားခံဆွေးနွေးသူရဲ့ မေးခွန်းတွေ ကောင်းရင် ကောင်းသလို၊ ထက်ရင် ထက်သလို ဆွေးနွေးဝိုင်းများမှာ ပိုမိုတောက်ပလေ့ရှိပါတယ်။

သရပါ စာကြည့်တိုက်၊ T- Community များကို တည်ထောင်ထားတဲ့ ကိုရဲထက်ဦးဟာ ဆွေးနွေးပွဲများစွာကို ဦးဆောင်ဆွေးနွေးခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။

ကိုယ်တိုင်ကလည်း လူမှူကွန်ယက်များကို ကျွမ်းကျင်စွာ အသုံးပြုနေသူ တစ်ယောက် ဖြစ်တဲ့အတွက ်အခုဆွေးနွေးပွဲကို အကောင်းဆုံး ဦးဆောင်နိုင်မယ့် သူတစ်ယောက်လည်း ဖြစ်ပါတယ်။