Library Image

Beyond Access Myanmar အစီအစဉ်တွင် ပူးပေါင်းပါဝင်လိုသည့် စာကြည့်တိုက်များအတွက် လျှောက်လွှာများခေါ်ယူခြင်း

22/06/17



Beyond Access Myanmar အစီအစဉ်တွင် ပူးပေါင်းပါဝင်လိုသည့် စာကြည့်တိုက်များအတွက် လျှောက်လွှာများခေါ်ယူခြင်း

မိမိတို့ Myanmar Book Aid and Preservation Foundation (MBAPF) သည် Beyond Access Myanmar အစီအစဉ်အား ၂၀၁၄ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံရှိ ပြည်သူ့စာကြည့်တိုက် (၉၀) သို့ အင်တာနက်နှင့် တက်ဘလက်များတပ်ဆင်ပေးခြင်း၊ စာကြည့်တိုက်မှူးများအား စာကြည့်တိုက်ဦးဆောင်မှုသင်တန်းများ၊ မိုဘိုင်းလ်သုတပညာကျွမ်းကျင်မှုသင်တန်းများ ပို့ချပေးခြင်း၊ စာကြည့်တိုက်များအား ပြင်ပအဖွဲ့အစည်း၊အလှူရှင်များနှင့် ချိတ်ဆက်ပေးခြင်း စသည်တို့ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါတွင် Beyond Access Myanmar အစီအစဉ်တွင် စာကြည့်တိုက်များအား တိုးချဲ့၍ ဖိတ်ခေါ်သွားမည်ဖြစ်ပါ၍ ပူးပေါင်းဆောင်ရွက်ရန် စိတ်ပါဝင်စားမှုရှိသည့် မည်သည့်စာကြည့်တိုက်မဆို ပူးတွဲပါလျှောက်လွှာအား ဖြေဆို၍ ၂၀၁၇ခုနှစ်၊ ဇူလိုင်လ (၇)ရက်နောက်ဆုံးထား၍ စာတိုက်မှဖြစ်စေ၊အီးမေးလ်ဖြင့်ဖြစ်စေ ပြန်လည်ပေးပို့ပေးကြပါရန် အသိပေးကြေငြာအပ်သည်။

လျှောက်လွှာပေးပို့ရမည့် နောက်ဆုံးနေ့ရက်။ ။ ၂၀၁၇ခုနှစ်၊ဇူလိုင်လ(၇)ရက်
ပြန်လည်ပေးပို့ရမည့်လိပ်စာ။ ။ Myanmar Book Aid and Preservation Foundation၊ အမှတ်(၅၅)၊အလုံလမ်းနှင့် ဗဟိုလမ်းထောင့်၊ အလုံမြို့နယ်၊ရန်ကုန်မြို့

ပြန်လည်ပေးပို့ရမည့်အီးမေးလ်လိပ်စာ။ ။ xtetaung@gmail.com
operation@myanmarbook.com

အသေးစိတ်သိရှိလိုပါက ကိုထက်အောင် (၀၉-၉၇၄၉၇၀၇၉၂) သို့ ရုံးချိန်အတွင်း (မနက် ၉ နာရီမှ ညနေ ၅ နာရီ) ဆက်သွယ်မေးမြန်းနိုင်ပါသည်။