Book Image

လမင်းရဲ့ချိုသာတဲ့လက်ခုပ်သံ

ညီပုလေး

စာအုပ်အမည်-         -လမင်းရဲ့ချိုသာတဲ့

                            လက်ခုပ်သံ
စာရေးသူ -               -ညီပုလေး
ထုတ်ဝေသည့်နှစ်-      -၂၀၁၅ စက်တင်ဘာ
                              ( ဒုတိယအကြိမ် )
တန်ဖိုး -                  - ၁၈၀၀ ကျပ်
စာမျက်နှာ-               - ၁၅၉
မျက်နှာဖုံးပန်းချီ-        - အမည်မပါ

            စာအုပ်တွေကို မဝယ်ဖြစ်တာလည်း
ကြာခဲ့သလို မဖတ်ဖြစ်တာလည်း ကြာခဲ့ပါပြီ.
မဖတ်ဆို ဆရာညီပုလေးရေးတဲ့ လမင်းရဲ့ချို
သာတဲ့ လက်ခုပ်သံ ကိုဖတ်ပြီး တစ်ခြားဘာ
စာအုပ်ကိုမှ မဖတ်ချင်လောက်အောင် ဒီစာအုပ် လေးက ကိုယ့်ကိုလွှမ်းမိုးသွားခဲ့ပါတယ် ဆရာညီပုလေးကို လည်းမေးချင်တဲ့ မေးခွန်း
တွေ တစ်လှေကြီးနဲ့ပေါ့ ဒီဝတ္ထုထဲကဇာတ်လိုက် လူငယ်လေးကို အပြင်လောကမှာပါ လိုက်
ရှာချင်တဲ့အထိ ဖြစ်ခဲ့ရပါတယ်....


      ဒီစာအုပ်လေးက တစ်ကယ့်အဖြစ်
မှန်ကို ဝတ္ထုအဖြစ် အသက်သွင်း ခံစားရေးဖွဲ့
ထားတာလို့ စာရေးဆရာက အမှာစာမှာ ရေးသားထားပါတယ်...အညွှန့်တစ်လူလူတက်နေ
တဲ့  ဇွန်မိုးဆိုတဲ့ လူငယ်လေး တစ်ယောက်ရဲ့
ဘဝဟာ မိခင်နဲ့အတူမနေရဘဲ  မိခင်မေတ္တာ
ငတ်မွတ်နေသူ..စိတ်ကျမ်းမာရေးမကောင်းတဲ့ မိခင ်အတွက်သောကရောက်နေသူ..ဖခင်ပေါ်
မှာ အမြင်မကြည်လင်တာတစ်ဘက် အာခံချင်
တာတစ်ဘက်နဲ့ ဖခင်ကို ခိုးချစ်တဲ့သူ..ဖခင်ဖြစ်
သူကိုယ်စား အစ်ကိုရင်းကို ချစ်အားကိုးပေမဲ့
အတူမနေနိုင်ခဲ့သူ...အဖြစ် မြင်ယောင်ဖတ်ရှု
ခဲ့ရပါတယ်...
                  ဇွန်မိုးဆိုတဲ့  လူငယ်လေးဟာ
သိမ်မွေ့နူးညံ့တဲ့ ရိုးသားတဲ့ စိတ်ကလေးရှိပြီး
သူဝါသနာပါတဲ့ ဂီတ ကို ရူးသွပ်စွာနဲ့တစ်စိုက်
မတ်မတ် ကြိုးစား အားထုတ်ခဲ့ရပုံ သူ့ရဲ့အား
ထုတ်မှုကို အခုခေတ် ရိုးသား ကြိုးစားတဲ့လူ
ငယ်လေးတွေ အတုယူစဖွယ်ကောင်းလှပါတယ်......
                  ခက်ခဲကြမ်းတမ်းပြီး အဆင်မ
ပြေမှုတွေများပြားတဲ့  ပတ်ဝန်းကျင်ထဲမှာဘဲ
မိတ်ဆွေစစ်    မိတ်ဆွေမှန် ပီသစွာနဲ့ ကူညီ
လမ်းညွှန် ပြသပေးတဲ့သူတွေလည်း ရှိနေတဲ့
အတွက် ဇွန်မိုးရဲ့  ဘဝဟာ မချမ်းသာပေမဲ့
ပျော်ရွှင်စရာ ကြည်နူးစရာတွေ အများကြီးရှိ
နေတတ်ပြီးး အချို့သောသူတွေရဲ့နှိပ်စက်မှု
ကြောင့်လည်း ဇွန်မိုုးရဲ့ပျော်ရွှင်နေတဲ့ဘဝလေးဟာအဆုံးသတ်သွားခဲ့ရတာလည်း အရမ်း
ဝမ်းနည်းစရာလေးပါဘဲ....
                 လောကကြီးထဲမှာ ကိုယ့်အတွက် အပျော်ရွှင်ရဆုံးးအကြည်နူးရဆုံး အအေး
မြဆုံးးးဖြစ်တဲ့ မိဘနှစ်ပါးရဲ့မေတ္တာနဲ့အားပေး
တဲ့ လက်ခုပ်သံကို လမင်းရဲ့ချိုသာတဲ့လက်
ခုပ်သံလို့ တင်စားလိုက်တဲ့ ဆရာညီပုလေးကို
ကျေးဇူးတင်ရင်းးးဇွန်မိုးနဲ့အတူ ဇွန်မိုးများအား
လုံး ဖတ်ရှုနိုင်ပါစေ....
                                            ခမ်းသူရိန်


Publisher Name: စိတ်ကူးချိုချို စာပေ

Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅

Publisher Phone Number: 01546845


Related Books

Book Review Image

အိပ်ဇိုးဒပ် နိုင်ငံတစ်ခုမွေးဖွားခြင်း

မောင်မိုးသူ
Book Review Image

အကြီးအကဲ (နိုင်ငံတစ်ခု ပျက်သုဉ်းခြင်း)

မောင်ပေါ်ထွန်း