Book Image

မဏိစန္ဒာဥဒါန်း

ချစ်ဦးညို

တန်ဖိုး - ၃၅၀၀ ကျပ်
စာအုပ်တိုက် - လင်္ကာဒီပစာအုပ်တိုက် (တတိယအကြိမ်)

#မေတ္တာရိပ်ရွေ့လျားစာကြည့်တိုက်မှာ (09420000449) ငှားဖတ်နိုင်ပြီး


သူရဲကောင်းတပ်မင်းကြီးတွေရဲ့ အာဇာနည်ယောကျ်ားကောင်းတို့ ပြုအပ်တဲ့တာဝန်တွေထဲမှာ ကိုယ့်ချစ်သူကို ကိုယ့်သခင်ဆီ ပဏ္ဏာဆက်ဖို့ တာဝန်ရော ပါဝင်သတဲ့လား
                                           ခင်ဦး (မဏိစန္ဒာ)

အကြီးမားဆုံးအရာတစ်ခုကို ဆုံးရှုံးလက်လွှတ်လိုက်ခြင်းဟာ တစ်ချိန်တည်းမှာပဲ အကြီးကျယ်ဆုံးအောင်မြင်မှုဖြစ်ပါတယ်
ကျန်စစ်သားဟာ လူကိုယ်ကို သူ့နှလုံးသားကို သူ့ဆန္ဒကို သူမပိုင်ပါဘူး
ခွင့်လွှတ်ပါ ခွင့်မလွှတ်နိုင်လောက်အောင် မုန်းတီးစက်ဆုပ်မယ်ဆိုလည်း ခံယူဖို့အသင့်ရှိပါတယ်
                                              ကျန်စစ်သား

အရိန္ဒနာလှံသွားဟာ အမှန်တရားကို သိတယ်
ထိုးဖောက်စူးနစ်ရမယ့် ဖောက်ပြန်မှုကိုလည်း သိတယ်
သစ္စာတရား ကိန်းဝပ်တဲ့ အရိန္ဒမာဟာ သူ့သွားရာကို သူသိတယ်

                                            အနော်ရထာ

မဏိစန္ဒာနှင့် ကျန်စစ်သား 
ပုဂံပြည့်ရှင် အနော်ရထာမင်း
ပုဂံခေတ် အချစ်ဇာတ်လမ်းဟာ အားလုံးလည်း ရင်းနှီးသိပြီးပါပဲ
ဥသာပြည်ကို ဂျွမ်းစစ်သည်တွေ ကျူ းကျော်တိုက်ခိုက်ခံနေရစဉ်က
ပုဂံပြည်က သူရဲကောင်းလေးယောက်ဟာ အနော်ရထာမင်းရဲ့ တာဝန်ပေးအပ်ချက်အရ စစ်ကူတိုက်ဖို့လာခဲ့ပါတယ်
ဥသာမင်းသမီးလေး မဏိစန္ဒာနဲ့ ကျန်စစ်သားတို့ ချစ်ကြိုးသွယ်ပြီး
အချစ်ကြီးချစ်ခဲ့ကြပေမယ့် အနော်ရထာမင်းဆီကို ပဏ္ဏာဆက်ဖို့ အကြောင်းက ဖန်လာတော့ 
ခင်ဦးဟာ ဖခင်ကိုလည်း နာကျည်း 
မင်းပဏ္ဏာလို့ သိပြီးကတည်းက မိမိကို မျက်နှာတော်တောင် မော်မဖူးတော့တဲ့ ချစ်ရသူ ကျန်စစ်သားကို အမုန်းကြီးမုန်းခဲ့ အချစ်ကိုလည်းမသတ်နိုင်ဖြစ်ရရှာ … ချစ်လည်းချစ် မုန်းလည်းမုန်း 

အရေးအသားပြောင်မြောက်လွန်းတဲ့ ဆရာချစ်ဦးညို …
မျက်ရည်ဆိုတာ သောကရဲ့ အနိမ့်ဆုံးဝေဒနာလေးပါပဲတဲ့
ချစ်ခြင်းမရှိ မျက်ရည်မရှိ အေးစက်စွာလောင်ကျွမ်းခြင်းပဲရှိတယ်လို့ ရေးဖွဲ့ထားတာတွေက လှလွန်းလို့ စာအုပ်ကို လက်ထဲကမချချင်လောက်အောင်ပါပဲ

သနားစိတ် ဝမ်းနည်းစိတ် မုန်းတဲ့စိတ် ချစ်တဲ့စိတ်နဲ့ ဘုရင့်သမီးတော်ဘဝကို နာကျည်းစိတ်တွေနဲ့ ခင်ဦးဟာ စာဖတ်သူ
စာဖတ်သူဟာ ခင်ဦးဖြစ်သွား …
ရှေးခေတ်က ဘုရင့်သမီးပျူ ိတစ်ပါးရဲ့ ဒုက္ခတွေကို မြင်သိခံစားစေတယ်

လက်ရုံးလို အားကိုးတွယ်နှောင်ရတဲ့ သားတော်နီးပါးချစ်ရတဲ့ ကျန်စစ်သားကို သားတော် စောလူးမင်းက မင်းပဏ္ဏာထိပါးခဲ့တယ်လို့ နန်းသဘင်ညီလာခံမှာ စွပ်စွဲပြန်တော့လည်း အနော်ရထာမင်းမှာ အရိန္ဒမာလှံတော်နဲ့ သစ္စာတရားကို စီရင်ခိုင်းခဲ့တယ်
မဏိစန္ဒာမင်းသမီးလေးကို သနားရှာတဲ့ အနော်ရထာမင်းရဲ့ကိုယ်ချင်းစာစကား ခွင့်လွှတ်ဖို့တောင်းပန်စကားတွေကလည်း ရင်ထဲကို ထိရှလွန်းပါရဲ့

"တကယ်တော့ ကျူ ပ်တို့သုံးယောက်လုံးဟာ မိမိရဲ့ သီးခြားဘဝတွေကိုဆုံးရှုံးနေကြတာပဲ … … …"
"မသိလို့ဖြစ်ခဲ့ကြတာတွေဟာ လွန်ပြီးမှ သိတဲ့အခါ အင်မတန်ကို ကြေကွဲစရာကောင်းတယ် … ကံကြမ္မာကိုယိုးမယ်ဖွဲ့ရမှာပဲ"

မိုးကြောင့် လယ်တောသီးနှံတွေ ပျော်မြူ းကြပေမယ့်
ပန်းပွင့်လေးတွေခမျာတော့ ပွင့်ဖတ်နွမ်းကြေ ပျက်စီးရတယ်
မိုးခြိမ်းသံတွေဟာ ပန်းပွင့်လေးတွေကို ခွင့်လွှတ်ဖို့တောင်းပန်တဲ့ မိုးမင်းကြီးရဲ့ ညည်းညူ သံတွေပါပဲ မဏိစန္ဒာတဲ့

ဖခင် အနော်ရထာမင်း နတ်ရွာစံပြီး စောလူးမင်းက နန်းတက်
စောလူးမင်းရဲ့ လက်ရုံးတော် ငရမန်ကန်းကို ဥသာဘုရင်လုပ်ခိုင်း 
ဒါပေမယ့် စောလူးနဲ့ ငရမန်ဟာ သေရည်သောက် ကြွေအံကစားရာက မာနဂုဏ်ပြိုင် … ဥသာ ပုဂံစစ် ဖြစ်တော့မယ့်ကာလ
ခင်ဦးဟာ ကျန်စစ်သားကိုသွားရှာပြီး  ပြန်တွေ့ကြတဲ့ အခန်းမှာ
ချစ်သူနှစ်ဦးရဲ့ဒဏ်ရာအနာတရ နှလုံးသားတွေက ပိုလို့နားလည်နေကြသယောင် …

ရေးကောင်းကောင်းနဲ့ရေးတာ တစ်အုပ်လုံးကုန်တော့မယ်
ဆရာချစ်ဦးညိုဟာ ကျန်စစ်သားကိုလည်း မမုန်းဘဲနားလည်ခိုင်း
မဏိစန္ဒာရဲ့ နှလုံးသားဝေဒနာကို သနားခိုင်း ကြေကွဲခိုင်း
အနော်ရထာမင်းကိုလည်း သနားခိုင်းနဲ့ 
စာဖတ်သူရဲ့ နှလုံးကို သိမ်းပိုက်ဆွဲငင်သွားပုံကြောင့်
ဖတ်ကြည့်မှ ပိုထိမယ့် စာအုပ် … 


Publisher Name: လင်္ကာဒီပစာအုပ်တိုက်

Publisher Address: အမှတ် (၅၄)၊ပထမထပ်(ယာ) ၄၄ လမ်း၊ဗိုလ်တစ်ထောင်မြို့နယ်၊ရန်ကုန်မြို့။ဖုန်း-01299774

Publisher Phone Number: 0129974


Related Books

Book Review Image

ပီကင်း

မောင်ထွန်းသူ