စီအိုင်အေပြောသောဗမာပြည်ကွန်မြူနစ်ပါတီနှင့်ဘီဂျင်း ဆက်ဆံရေး
နှင်းဆီဖြူစာပေအနုပညာ ၊
ပထမအကြိမ် ၊ ၂၀၁၈ ခုနှစ် ၊ ဧပြီလ ။
မျက်နှာဖုံးဒီဇိုင်း - မိုးမြင့်စံ ။
အတွင်းစာမျက်နှာ - ဝေးခေါင် ။
၁၃.၇ စင်တီမီတာ x ၂၀.၉ စင်တီမီတာ ။
စာမျက်နှာ - ၁၄၃ ၊ တန်ဖိုး - ၂၀၀၀ ကျပ် ။
၁၉၇၁ခုနှစ်၊ဇူလိုင်လ၊၁ရက်နေ့က တင်သွင်းခဲ့သည့် Intellengence Report : Peking and The Burmese Communists ( 1947 - 1971 ) ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ ယင်းအစီရင်ခံစာ၏ မူရင်းအမည်မှာ Intellengence Report . Peking and The Burmese Communists : The Perils and Profits of Insurgency ဖြစ်သည်။
''၁၉၇၁၊ဇူလိုင်လတွင် စီအိုင်အေရဲ့အထူးသုတေသနဋ္ဌာ နမှူး မစ္စတာ ဟားလ်ဖို့ဒ်မှ လျှို့ဝှက်တင်သွင်းသော အစီရင်ခံစာဖြစ်ပြီး ယင်းအား ၂၀၁၇ ၊ မေလ တွင် ထိပ်တန်းလျှို့ဝှက်အဆင့်မှအဆင့်လျှော့ချပြီး(de -classified ) လုပ်ကာအများပြည်သူသိရှိနိုင်ရန်ထုတ်ပြန်ခဲ့ပါတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီနှင့်တရုတ်ကွန်မြူနစ်ပါတီတို့ရဲ့ ဆက်ဆံရေးကိုလက်နက်ချကွန်မြူနစ်များရေးသားပြုစု ခဲ့သည့် 'သခင်သန်းထွန်း၏နောက်ဆုံးနေ့များ'စာအုပ်မှသာ ပြည်သူများအနေဖြင့်လေ့လာသိရှိနိုင်ခဲ့ပြီး ယခု အစီရင်ခံစာသည် ရှုထောင့်တစ်မျိုးမှတင်ပြထားခြင်းဖြစ်သဖြင့် သမိုင်းကိုလေ့လာနေသူများအတွက်နောက်ထပ် အမြင်သစ်တစ်ခုတိုးပွားလာနိုင်စေရန်ရည်ရွယ်ပါတယ် '' ဟု ဆရာလှစိုးဝေ က ရေးသားထားသည်။
နိဒါန်း ၊၁၉၆၃ ဇွန်လအတွင်းဗိုလ်နေဝင်း၏ ငြိမ်းချမ်းရေး ကမ်းလှမ်းမှု၊ ပီကင်းမှစကားပြန်ကိုစောင့်နေသော CPB ဋ္ဌာနချုပ်၊ တိုက်ပွဲတွေအဆုံးသတ်ရန် တရုတ်မှ ဖိအားပေးလာခြင်း၊ငြိမ်း ချမ်းရေးဆွေးနွေးပွဲပျက်ပြားခဲ့ရမှုအပေါ် CPB အားတရုတ်က စိတ်ပျက်လာခြင်း၊ ဆွေးနွေးပွဲနောက်ပိုင်း CPB ၏ ပါတီတွင်း အကျပ်အတည်းများ၊ သခင်သန်းထွန်းအား ပုဂ္ဂိုလ်ရေးဆည်းကပ်ကိုးကွယ်မှု များပြုလုပ်လာကြခြင်း၊ CPB ၏ ယဉ်ကျေးမှုတော်လှန်ရေး အဆင့် ၁ နှင့် ဂိုရှယ်အားသုတ်သင်ခြင်း၊ ပြည်တွင်းသောင်းကျန်းမှုအပေါ် ပီကင်းမှလက်ရှောင်လိုသည့်သဘောထား၊ တရုတ် - မြန်မာ ဆက်ဆံရေးပြိုကွဲရခြင်းနှင့် အဓိကရုဏ်းမတိုင်မီ နောက်ခံအနေအထား၊ တရုတ် - ဗမာ လူမျိုးရေးအဓိကရုဏ်းကြီး ( ဇွန်လ ၂၃ ၊ ၁၉၆၇ ) ၊ တရုတ်၏ထောက်ခံမှုပြန်လည်ရရှိလာသော CPB ၏ ကဏ္႑သစ်ဖွင့်လှစ်လာခြင်း၊ တိုင်းရင်းသားလူနည်းစုများ ၏လက်နက်ကိုင်လှုပ်ရှားမှုတွင် ပီကင်းမှပါဝင်ပတ်သက်လာခြင်း၊အရှေ့မြောက်စစ်ဋ္ဌာနချုပ်၊ CPB၏ ယဉ်ကျေးမှုတော်လှန်ရေး အဆင့် ၂ နှင့် ပါတီဋ္ဌာနချုပ်မှ ငရဲခန်းများ၊ ခေတ်တစ်ခေတ်၏ နိဂုံး၊ ပီကင်းပုံစံသွင်းခဲ့သောသောင်း ကျန်းမှုအသစ်ကျပ်ချွတ်၊ အရှေ့မြောက်ဒေသသို့ရောက်ရှိလာသော တရုတ်၏စစ်ရေး အကူအညီများ၊ မြန်မာ ပြည်အလယ်ပိုင်းတွင် အသက်ငင်လာနေပြီဖြစ်သော CPB ၊ ရန်ကုန်အစိုးရနှင့် ပြည်တွင်းသောင်းကျန်းမှုများ၊ တရုတ်တို့၏နှစ်လမ်းသွားမူဝါဒအသစ်၊တရုတ်နိုင်ငံခြားရေးမူဝါဒ၏အသုံးချခံဖြစ်လာရသော မြန်မာပြည်၏သောင်းကျန်းမှုပြဿနာ စသည့် အခန်းငယ် ၂၂ ခန်း ပါရှိသည်။
'' ယခုတင်ပြသောစာတမ်းတွင် အောက်ပါအချက် ၂ ချက် ကို အလေးအနက်တင်ပြလိုပေသည်။
၁။ တရုတ်မှမြန်မာသောင်းကျန်းသူများကို ထောက်ခံမှုပေး လာခြင်းသည် ရုတ်ခြည်းဆိုးဝါးလာခဲ့သော တရုတ် - မြန်မာဆက်ဆံရေးအနေအထားကို တိုက်ရိုက်တုံ့ပြန်ခဲ့ခြင်းသာဖြစ်သည်။
၂။ တရုတ် - မြန်မာ ဆက်ဆံရေးကိုပျက်ပြားစေခဲ့ရသော အဖြစ်အပျက်ကြောင့် ပေါ်ပေါက်လာရသော ပြဿနာများကို တရုတ်နှင့်မြန်မာတို့မဖြေရှင်းနိုင်ခဲ့ကြ ခြင်းတို့ကြောင့်ဖြစ်သည်။
( စာမျက်နှာ - ၁၂၆ မှ )
CPB ၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့်အစိုးရတို့ အကြား တရုတ်နိုင်ငံ၏ဆက်ဆံရေးအပေါ် CIA ၏ သုံးသပ်ချက်အဖုံဖုံ တို့ကိုဖတ်ရှုရမည့်အစီရင်ခံစာဖြစ်သည်။ ဒွိဟဖြစ်ဖွယ်အချက်အလက်ပေါင်းများစွာပါရှိပြီး ၁၉၇၁ ခုနှစ်တွင်ရေးသားခဲ့သည့်တိုင် ၂၀၀၇ ခုနှစ်မှ အများပြည်သူသိရှိရန်ဖွင့်ချခဲ့သည်မှာလည်းစိတ်ဝင်စား ဖွယ်ကောင်းနေပေသည်။ မြန်မာ့နိုင်ငံရေး အပြောင်းအ လဲများကိုစိတ်ဝင်တစားရှိကြသူတို့ နှစ်ခြိုက်ကြမည့်စာ တမ်းတစ်စောင်ဟုယူဆမိပါသည်။
မမသ
၁၇ ၊ ဧပြီ ၊ ၂၀၁၈
Publisher Name: နှင်းဆီဖြူစာပေ
Publisher Address: အမှတ် ရ/၅ လွှာ၊ အောင်ဇေယျလမ်း၊ ကျောက်ကုန်၊ ရန်ကုန်မြိုနယ်၊ ရန်ကုန်မြို့။ hninnsiphyu.mm@gmail.com
Publisher Phone Number: 09252210197, 018551347