Book Image

တို့ဘဝ တို့ကမ္ဘာ

မောင်ထွန်းသူ

မောင်ထွန်းသူ

(ကိုယ်ရေးအကျဥ်းနှင့်စာအုပ်များစာရင်း)

https://savethelibrarymyanmar.org/author/24/show


# ၁၉၆၂ ခုနှစ် စာပေနိုပယ်ဆုရ ကမ်ဘာကျော် အမေရိကန်စာရေးဆရာကြီး

 " ဂျွန်စတိန်းဘက် "ရေးသားထားသည့် လေးအုပ်မြောက်... 


# စာပေဝေဖန်ရေးဆရာ " ဝီလျံရိုးစ်ဘက်နက် " ၊ စာပေပညာရှင် 

" အလန်ထရက်ချ်တင်းဘာ့ဂ် " နှင့် " ဘင်ဂျာမင်ဒီမော့ " တို့က အလေးထား သုံးသပ်ဝေဖန်ခဲ့ကြ ' စရိုက်ဖော်ဝတၳု ' ကောင်း တစ်ပုဒ်...


# ဤဝတၳုတွင် စပိန် ၊ ရက်အင်ဒီးယန်း ၊ မက္ကဆီကန် နှင့် ကော့ကေစီယန် လူမျိုး သွေးချင်းနှော၍ ပေါက်ဖွားလာသည့် " ပီဆာနိုး (Paisanos) " ဟုခေါ်သော လူမျိုးစုတစ်စု၏ ဘဝကို ဖွဲ့ဆိုထားသည်... 



# " မွန်ထရေးမြို့ " သည် တောင်ကုန်းတစ်ခု၏ ဆင်ခြေလျှောပေါ်၌ တည်ရှိသည် ၊ တောင်ကုန်းအပေါ်ဘက်ရှိ မြို့ဆင်ခြေဖုံးနှင့် တောအုပ်ဆက်စပ်နေသောနေရာ ၊ ကတ္တရာစေးနှင့် လုံးဝအထိအတွေ့ မရှိသော လမ်းများရှိသည့်နေရာနှင့် လမ်းထောင့်များတွင် လမ်းမီးတိုင်ဟူ၍ လုံးဝမရှိသော နေရာများ၌မှု မွန်ထရေးမြို့သူ မြို့သားဟောင်းများ နေထိုင်လျက်ရှိသည် ။ ဤကာ " တော်တီလာဖလက် " ရပ်ကွက် ရှိ

" ပီဆာနိုး " များ ပေတည် ။

# လူပေလူတေ ` ဒင်နီ ´က သူ့အဘိုးဆုံးတော့ တော်တီလာဖလက် ရပ်ကွက်ထဲမှာ အိမ်နှစ်လုံး အမွေရတယ်။ တစ်လုံးကို သူနေပြီး ကျန်တစ်လုံးကို သူ့သူငယ်ချင်း ` ပီလွန် ´ ကို ငှားလိုက်တယ်။ 
' ပီလွန် 'မှ တဆင့် သူငယ်ချင်းတွေဖြစ်တဲ့ ` ပတ်ဘလို ´ နှင့်
` ဂျီးဆပ်စ်မေရီယာ ´တို့ တူတူငှါးနေကြရင် သုံးယောက်ပေါင်း လောင်းကျော်တာ မီးလောင်သွားရော။ အဲ့ဒီနောက်ပိုင်း ' ဒင်နီ ' နေတဲ့ အိမ်မှာ အကုန်စုနေရင်း ထပ်တိုးလာတဲ့ ` ပင်လယ်ဓားပြ ´နဲ့ 
` ကောင်ကြီးဂျိုး ´။ စုပေါင်း ခြောက်ယောက်နေကြတာပေါ့ ။

# သူတို့တွေက လူပေလူတေတွေ ဖြစ်တာနဲ့ အညီ
" မကောင်းမှုဆောင် ကောင်းမှူရှောင် " ပြောရလောက်အောင် 
မကောင်းတာ အကုန်လုပ်တယ် ၊ အရက်သောက် ၊ သူများပစ္စည်းခိုး ၊ သူများမယားကြာခိုး ၊ အချင်းချင်းလဲ လူလည်ကျပြီ ကျော်တယ် ခွတယ်ပေါ့ " 

# " အမြင့်မြတ်ဆုံးသော သုစရိုက်များကို ပြုနိုင်စွမ်းရှိသည့် စိတ်သည် အယုတ်အညံ့ဆုံးသော ဒုစရိုက်မှုများကိုလည်း ပြုနိုင်စွမ်းရှိသည် "
ဆိုသလို ဒုစရိုက်ပြုသူလဲ သုစရိုက်ပြုနိုင်သည်ကို လက်ခံရပေမည်....

# " အမှန်ကတော့ ဖြစ်လာသမျှ အဖြစ်ပျက်တွေက အရေးကြီးတာ မဟုတ်ဘူးကွ ၊ ဒါပေမယ့် ဖြစ်လာသမျှ အရာရာတိုင်းမှာ ပါလာတဲ့ သင်ခန်းစာကသာ အရေးကြီးတာ "...

# သူငယ်ချင်လေးယောက် ' ပင်လယ်ဓားပြ 'ကို လူလည်ကျပြီး စုငွေတွေကို ယူမည်ကြံခဲ့သော်လည်း နောက်ဆုံးတွင် ' ပင်လယ်ဓားပြ ' အပေါ် အကူအညီပေး ကောင်းမှုပြုခဲ့ခြင်း... 

# ကလေးငယ်နှင် ဒုက္ခရောက်နေသော တပ်ကြပ်ကို ကူညီခဲ့ကြပုံ....

# လူဖြူ လူမဲ မိန်းမတွေ စရိုက်နှင့် ငွေမျက်နှာ ၊ ဒုစရိုက်မှုတွေမှ ရလာတဲ့ သင်ခန်းစာကြောင့် အကောင်းဘက် ပြောင်းသွားကြပုံ နှင့် စိန့်အင်ဒရူးပွဲတော်အကြောင်း တို့စုံလင်လှတဲ့ ဝတၳုပင်...

# ဤ မြို့လေးနဲ့ တူတဲ့မြို့ဟာ " ရှမ်းပြည် " က မြို့တစ်မြို့ ဖြစ်မည်ဟု တွေးမိရင် " ဝိုင် "ပုလင်းထဲမှာ ဝိုင်တွေဘယ်ရောက်ကုန်ပါလိမ့် ...

# ဇာတ်ကောင်အသားပေး ဇာတ်လမ်း ၊ ဇာတ်ကွက် မယ်မယ်ရရမပါတဲ့ ပြောင်မြောက်တဲ့ ဝတၳုလေးလို့ ဆိုရင် 
" လူဆိုး ၊ လူပေ ၊ လူတေ " လေးတွေကို မမုန်းနိုင် ၊ ချစ်ခင်ရင်းနှီးစိတ် ၊ ကရုဏာစိတ် လေးတွေ ပေါ်ပေါက်လာဖို့ အတွက် ဖတ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ... 

ဖတ်ညွှန်း #phyowai


Publisher Name: စိတ်ကူးချိုချို စာပေ

Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅

Publisher Phone Number: 01546845


Related Books

Book Review Image

နှုတ်ဆက်ခဲ့ပါတယ်

မြေမှုန်လွင်