လူတစ်ယောက် သေဆုံးသွားတဲ့အခါ ရုပ်အလောင်းကို တောင်ထိပ်ဆီ ယူလာပြီး စွန့်ပစ်ခဲ့တဲ့ ဓလေ့မျိုး တိဗက်မှာ ရှိတယ်။ ကောင်းကင်သင်္ဂြိုဟ်အလေ့အထလို့ ခေါ်တယ်။
အလောင်းကို စွန့်ပစ်တဲ့အခါ ခန္ဓာကိုယ်ကို လှီးဖြတ်ပြီး အတွင်းကလီစာတွေကို ဖယ်ထုတ်ပစ်တယ်။ ငှက်တွေ အလွယ်တကူ စားနိုင်အောင်ပေါ့။ ပြီးရင် လူ့အရိုးတွေနဲ့ ဖန်တီးထားတဲ့ပလွေကို မွုတ်ပြီး လင်းတတွေကို ခေါ်တယ်။ အလောင်း ရုပ်ပျက်ဆင်းပျက် ဖြစ်တဲ့အထိ လင်းတတွေက အမဲဖျက်ကြရော။ အဲဒီမှာမှ သေသူရဲ့ဝိညာဉ်ဟာ ကောင်းကင်မှာ လွတ်လပ်စွာ လွင့်ပျံသွားတယ်လို့ တိဗက်တွေက ယုံကြည်ကြတာ။
ဒီစာအုပ်ထဲက ' တိမ်ယံသချႋုင်း ' ဆိုတဲ့ ဝတ္ထုတိုထဲမှာ အထက်ပါ ဓလေ့ကို ဖော်ပြထားတာ ဖတ်ရတယ်။ အဓိကဇာတ်ကောင် ' နိုဂါဝ ' ဆိုတဲ့ လူတစ်ယောက်နောက်ကို လင်းတတစ်ကောင် တောက်လျေှာက်လိုက်လာတယ်။ နောက်တော့ တစ်ကောင်တည်းတောင် မဟုတ်တော့ဘူး။ အုပ်လိုက်လို ဖြစ်လာတယ်။ စိတ်မလုံခြုံမွုကို နိုဂါဝ အချိန်နဲ့အမျှ ခံစားရတယ်။ ကျောင်းက ထွက်ပစ်လိုက်တယ်။ ချစ်သူနဲ့ လမ်းခွဲလိုက်တယ်။ နေ့ခင်းဘက်တောင် အပြင်မထွက်တော့ဘဲ အခန်းထဲပဲ အောင်းနေတယ်။
" လင်းတတွေ သူ့နောက် တကယ်လိုက်နေတာလား။ သူ့စိတ်က ဖန်တီးထားမိတာကို တကယ်ထင်နေတာလား။ သေခြင်းတရားဟာ လူသားဆီကို ဘယ်နေရာကနေ ရောက်လာတတ်သလဲ။ ကြိုတင်အကြောင်းကြားတတ်သလား။ အကြောက်တရားက ဘာတွေကို ဖန်တီးပေးတတ်သလဲ။ လူ့ဘဝရဲ့အချိန်အများစုကိုက တစ်ခုမဟုတ်တစ်ခုကို ကြောက်လန့်နေရတာမျိုးလား။ ကျွန်တော်တို့ကိုယ်တိုင် ' နိုဂါဝ ' နေရာကို ရောက်သွားရင် ဘာတွေ ဆက်လုပ်ကြမလဲ။ " စတဲ့ မေးခွန်းတွေကို ဖြေချင်ရင်တော့ ' တိမ်ယံသချႋုင်း ' ကို ဖတ်ရွုကြည့်ဖို့ လိုပါလိမ့်မယ်။
■
ဂျပန်ကာတွန်း Manga ဆိုတာ ကျွန်တော်တို့နဲ့ မစိမ်းပါဘူး။ သို့သော် ယခုစာအုပ်အမျိုးအစားဖြစ်တဲ့ ' ဂျီကိဂါ ' ကတော့ ကျွန်တော့်အတွက် စိမ်းပါတယ်။
ဂျပန်လို ' ဂါ ' ဆိုတာ ' ပုံ ' လို့ ပြောတာပါ။ ' မန်ဂါ ' က ကာတွန်းပုံစာအုပ်ဖြစ်ပြီး ဖျော်ဖြေရေးကို ဦးစားပေးတဲ့အမျိုးအစား ဖြစ်ပါတယ်။ ' ဂျီကိဂါ ' ကကျ ဖျော်ဖြေရေးထက် လောကအမြင်ကို ဦးစားပေး ရေးဆွဲတဲ့အမျိုးအစားပါ။ မန်ဂါထက် ပိုမိုလေးနက်ပါတယ်။ မန်ဂါကို ဆွဲတဲ့အခါ စာတစ်အုပ်ကို လူအများ ဝိုင်းဆွဲကြပေမယ့် ဂျီကိဂါကိုတော့ တစ်ယောက်တည်းကပဲ အစကနေ အဆုံးအထိ အကုန်ဆွဲရတာပါ။
အခု ကိုမြေမွုန်လွင် ဘာသာပြန်ထားတဲ့စာအုပ်ကို ရေးဆွဲသူ ယိုရှိဟိ ရိုတက်စုမိက ဂျပန်မှာ ဂျီကိဂါကို စတင်ရေးဆွဲခဲ့တဲ့ ခေါင်းဆောင်တစ်ယောက်ပါ။ ' နွုတ်ဆက်ခဲ့ပါတယ် ' ဆိုတဲ့ ဒီစာအုပ်က သူ့ နာမည်အကြီးဆုံးစာအုပ် သုံးအုပ်ထဲက တစ်အုပ်ပါ။ ဝတ္ထုတို ကိုးပုဒ်ပါဝင်တဲ့စာအုပ်လည်း ဖြစ်ပါတယ်။
သူ့အဘိဓမ္မာတွေနဲ့ သူပြောချင်တဲ့ နိမိတ်ပုံတွေကို ဆက်စပ်စဉ်းစားရတာ၊ ဆန့်ကျင်စဉ်းစားရတာ၊ ခြေရာခံရတာ အတော် အလုပ်ရွုပ်ပါတယ်။ သာမန်ကာတွန်းစာအုပ်တွေကို ဖတ်သလို ပုံကို ဖျတ်ခနဲ ကြည့်၊ စာသားတွေကို ပြီးစလွယ်ဖတ်ကာ တစ်ရွက်ပြီးတစ်ရွက် လှန်နေလို့ကတော့ ဒီစာအုပ်ရဲ့အရသာကို ရဖို့ မလွယ်ပါဘူး။ (စာဖတ်တာဟာ စဉ်းစားဖို့အတွက်လို့ မသိကြတော့တဲ့သူတွေ အတော့်ကို များနေတဲ့ကမ႓ာကြီးမို့ ဒီစကားကို ဆိုတာပါ။)
■
စာအုပ်ထဲက ဝတ္ထုတို ကိုးပုဒ်မှာ ၁၈ နှစ်အထက်မှ ဖတ်ရမယ့် ဝတ္ထုတိုတွေ ပါပါတယ်။ လိင်ကိစ္စတွေနဲ့ လိင်ဆန္ဒတွေကို ဘွင်းဘွင်းရှင်းရှင်း ရေးထားတဲ့ ' အမျိုးသားရေးရာ ' ၊ ' အဖု ' ၊ ' ထပ်တစ်ည ' ၊ ' ဝမ်းနည်းစရာဘဝ ' ၊ ' ဒေါက်ဒေါက်ဒေါက် ' နဲ့ ' နွုတ်ဆက်ခဲ့ပါတယ်' ဆိုတဲ့ ဝတ္ထုတိုတွေကို ၁၈ နှစ်ပြည့်ပြီးမှ ဖတ်သင့်ပါတယ်။ 'ငရဲ ' ဆိုတဲ့ဝတ္ထုတိုကတော့ လောကကြီးရဲ့ကမောက်ကမဖြစ်ရပ်တွေကို ကြောက်မက်ဖွယ် သရော်ထားတဲ့ ဝတ္ထုတိုပါ။
ဒီစာအုပ် ဖတ်ပြီးတော့ ရှင်သန်နေထိုင်ခြင်း၊ ငြီးငွေ့မွု၊ အထီးကျန်ဆန်မွု၊ သေခြင်းတရားနဲ့ လိင်ကိစ္စဆိုင်ရာ ပြဿနာတွေကို ကျွန်တော့်ဘဝနဲ့ နွိုင်းယှဉ်စဉ်းစားမိတယ်။ ဆက်တွေးစရာတွေလည်း များသပေါ့။ စာဖတ်သူလည်း ကျွန်တော့်လို အချိတ်လေးတွေ မိမယ်ထင်ရင် ဖတ်သာကြည့်ပါတော့ဗျာ။
#လူသာမန်
21.6.2018; 10:05 pm
စာအုပ်အညွွန်း - နွုတ်ဆက်ခဲ့ပါတယ် (ယိုရှိဟိရို တက်စုမိ ။ ဘာသာပြန် မြေမွုန်လွင်)
===========================
အမှာစာ ကောက်နွုတ်ချက် - “ဂျပန်ကာတွန်းတိုင်းဟာ မန်ဂါ မဟုတ်ပါဘူး။ အခုဖတ်ရမယ့် အမျိုးအစားဟာ ဂဲကိဂါ (Gekiga) အမျိုးအစား ဖြစ်ပါတယ်။ မန်ဂါကတော့ ကာတွန်းပုံစာအုပ်ဖြစ်ပြီး ဖျော်ဖြေရေး ကိုဦးစားပေးပါတယ်။ ဂဲကိဂါကတော့ ဖျော်ဖြေရေးထက် ဘဝကို ဦးစားပေးပြီး အလေးအနက်ရုပ်ပုံများနဲ့ စာအုပ်ကို ဆိုလိုတာပါ”
၁၉၃၅ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ယိုရှိဟိရို တက်စုမိ (Yoshihiro Tatsumi) ဟာ ထူးဆန်းတဲ့ ဘဝသရုပ်ဖော် ရုပ်ပြဇာတ်လမ်းတွေကြောင့် နာမည်ကြီးပြီး ဂျပန်ကာတွန်းပညာရှင်အသင်းကပေးတဲ့ ဆုနဲ့ တဲဇုက အိုစမူ ယဉ်ကျေးမွုဆုတွေကို ရထားခဲ့တဲ့ ရုပ်ပြဆရာတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့အကြောင်းနဲ့ Manga/ Gekiga တို့ ကွာခြားပုံကို ဒီစာအုပ်ရဲ့ အမှာစာမှာ ရှင်းပြထားတဲ့အတွက် ထပ်ပြီး မပြောတော့ပါဘူး။
မန်ဂါတွေလိုမျိုး အခန်းဆက်ရုပ်ပြတွေ မဟုတ်ဘဲ ဝတ္ထုတိုတွေကို သရုပ်ဖော်ပုံနဲ့ ဖတ်နေရသလို ဇာတ်လမ်းတိုလေးတွေ စုစည်းထားတာဖြစ်ပြီး ၁၉၇၀ ဝန်းကျင်က စစ်ရွုံးပြီးစ ပြန်လည်ထူထောင်နေဆဲ ဂျပန်ကို တွေ့ရမှာဖြစ်ပါတယ်။
နွုတ်ဆက်ခဲ့ပါတယ် (မူရင်း Good-Bye) ဟာ သရုပ်ဖော်ရော၊ ဇာတ်လမ်းတွေကပါ အလွန်ရဲတင်း သွက်လက်တဲ့ ဖော်ပြမွုတွေဖြစ်ပြီး အရွယ်မရောက်သေးတဲ့သူတွေ ဖတ်လို့အဆင်မပြေနိုင်ပါဘူး။ ဘဝသရုပ်ဖော် ဆိုပေမယ့် မြန်မာတွေ ဖတ်နေကြ ဘဝနာတာမျိုး ထိုးဇာတ်တွေမဟုတ်ဘဲ ပင်စင်စားတွေရဲ့ နောင်တနဲ့ နေဝင်ချိန်၊ ဘဝမှာ ဘာမှမအောင်မြင်တဲ့ သက်လတ်ပိုင်းတွေရဲ့ လိင်အပန်းဖြေစွဲလန်းမွု၊ စစ်ရွုံးပြီးစ အချိန် အရာရာကို လက်လျော့လိုက်ရတဲ့ ဂျပန်ပြည့်တန်ဆာလေးရဲ့ ခါးသီးမွု စတဲ့ အရွယ်ရောက်ပြီးသား ရင့်ကျက်တဲ့သူတွေအတွက် content တွေသာ ပါဝင်ပြီး တစ်ချို့ သရုပ်ဖော်ပုံတွေက ပွင့်လင်းလို့ပါ။
ဒါပေမယ့် ဇာတ်လမ်းတွေရဲ့ စီးဆင်းမွုနဲ့ လှည့်ကွက်တွေက ပါးစပ်အဟောင်းသား ဖြစ်သွားရပြီး တစ်ခုပြီး နောက်တစ်ခုကို ဖတ်ရဖို့ မစောင့်နိုင်လောက်အောင်ပါပဲ။ ယိုရှိဟိရို ရဲ့အားသာချက်က ဇာတ်လမ်းပဲလို့တောင် ဆိုချင်ပါတယ်။ သူ့ရဲ့ ဇာတ်လမ်းတွေက စာဖတ်သူကို ဘာကြောင့်ဒီလိုဖြစ်ရတယ် ဆိုတဲ့ ဖြေရှင်းချက်မျိုး ပေးဖို့ လုံးဝမကြိုးစားပါဘူး။ ဖတ်တဲ့လူကသာ အားစိုက်ထုတ်ပြီး ဖတ်ရမှာဖြစ်တယ်။ ကျနော်ကတော့ ဒီစာအုပ်ကို စကိုင်မိထဲက လက်ကမချဘဲ အပြီးထိ ဖတ်မိသွားတယ်။
စာအုပ်ပြီးသွားတဲ့အခါမှာလည်း ဘဝသရုပ်ဖော် ရသဝတ္ထုတွေ ဖတ်ရပါများလို့ အီနေပြီလို့ ကိုယ့်ကိုယ်ကို ထင်ထားမိတဲ့သူက ဒီလိုပုံစံမျိုး နောက်တစ်အုပ်ကို ချက်ချင်း ထပ်ဖတ်ချင်လောက်အောင်ကို ဆွဲဆောင်မွုရှိပါတယ်။ မူရင်းစာရေးဆရာရဲ့ အရေးအတွေးတွေက ခေတ်ရေှ့ပြေးနေတဲ့ plot twist တွေဖြစ်သလို ကိုမြေမွုန်လွင်ရဲ့ ဘာသာပြန်မွုကလည်း မူရင်းနဲ့ ထပ်တူကျအောင် အတတ်နိုင်ဆုံး ပြန်ဆိုထားတာ ဖြစ်တဲ့အတွက် ဖတ်ရတာ ချောမွေ့ပါတယ်။
မန်ဂါဖတ်နေကြသူများသာမက ပုံမှန်စာဖတ်ပရိသတ်တွေလည်း ဝယ်ယူဖတ်ရွုသင့်တဲ့ စာအုပ်တစ်အုပ်လို့ ကျနော်ကတော့ မြင်ပါတယ်။ ဒီလို unique ဖြစ်တဲ့ စာအုပ်တွေ မြန်မာနိုင်ငံမှာ ပိုထုတ်လာကြမှသာ ရသခံစားမွု အဆင့်တစ်ဆင့် တိုးမြှင့်လာနိုင်မှာပါ။ နောက်ပြီး သရုပ်ဖော်ပုံနဲ့ ကျကျနန ပြတ်ပြတ်သားသား ဖတ်ရတဲ့အတွက် ပိုပြီး ရင်ထဲ ထိနိုင်တယ်လို့ ကျနော် မြင်ပါတယ်။
#Motaku #BookReview