Book Image

လေ့လာစရာ မှတ်သားစရာတွေ အများကြီးပါသလို တရားစီရင်လိုက်တဲ့အခါတိုင်းမှာလည်း ပြည်သူ ပြည်သားတွေအားလုံး သဘောကျ နှစ်သက်ကြလေရဲ့။ အမှုတစ်ခုကို ရှင်းတဲ့အခါတိုင်း တွေးစရာတွေ အများကြီး ရသွားသလို အမျိုးသမီးတွေဖက်က ရပ်တည်ရာမှာ တရားနည်းလမ်းကျကျ ဆန့်ကျင်တွန်းလှန်တဲ့ သတ္တိခဲ ကျွန်ရုပ်မ မြအနှစ်ကို ဘယ်လောက်တောင် နှစ်သက်လဲ မပြောတတ်ပါ။


မိမြသဘောမတူဘဲ ဘယ်သူ့ရဲ့တော်ကောက်ခြင်းကိုမှ မခံ၊ နိုင့်ထက်စီးနင်း သူတကာ့သမီးပျိုကို ဒီလိုပဲ စော်ကားရသလား

ဟဲ့ မိမြ နင်က ဘုရင့်အမိန့်တော်ကို မရိုမသေ မလေးမစားဘဲနှင့် ဒီလိုမပြောနှင့် ဘုရင်ဆိုတာ မြေပိုင် ရေပိုင် ဓားပိုင်ဟဲ့

ဒါဟာ အမိန့်မဟုတ်ဘူး။ ကာမဓားပြတိုက်တာ ခေါ်တယ်။ ဘုရင်ဆိုတာ တိုင်းသူပြည်သားရှိမှဖြစ်တာ မြေပိုင်ဆိုတာ လယ်သမား၊ ရေပိုင်ဆိုတာ တံငါသည် ဓားပိုင်ဆိုတာ တောင်ယာသမား အမေ

ဟဲ့ မိအမြ 
နင်က နင့်ရုပ်ရည်ကို အားကိုးပြီး မာန်တက်တာလား။ ကျွန်ရုပ်မ … တကတည်း ကျွန်ရုပ်မ

တက္ကသီလာထွက် ပညာဉာဏ်နှင့် ပြည့်စုံတဲ့ အမျိုးသမီးသုခမိန် မြအနှစ်ဟာ မာလာယုပြည်သူပါ။ မဟော်သဓာ ဖြတ်ထုံးတွေလိုပါပဲ၊ အမှုတွေကို စီရင် ဆုံးဖြတ်ရာမှာ အကြောင်းအကျိုး ခိုင်လုံစွာနှင့် ဖြေရှင်းနိုင်တဲ့ မိန်းကလေးပါ။

လူငယ်ချင်း မချစ်ကြိုက်ဘဲ မိဘသဘောတူလို့ပေးစားရာမှာ သားသမီးက မိဘကို တရားစွဲတဲ့အမှု။

ချစ်တယ် ကြိုက်တယ် အသားယူပြောပြီး ရပ်ရွာကျော်အောင် လုပ်လို့ မိန်းကလေးက သည်းမခံနိုင်တော့ဘဲ ပါးရိုက်လိုက်တာ ပါးရိုက်ခံရတဲ့ အမျိုးသားက တရားစွဲတဲ့အမှု။

မိန်းမတစ်ယောက်တည်းနဲ့ ပေါင်းသင်းမိတဲ့ ယောကျင်္ားငါးယောက်က သူ့မယား ငါ့မယားလုလို့ အဲ့ဒီ့မိန်းမက တရားလာစွဲတဲ့အမှု။

ကလေးမရနိုင်တဲ့ သူကြွယ်လင်မယားက ပုဏ္ဏားရဲ့ဓါတ်ရိုက်ဓါတ်ဆင်ပြုပြီး အိမ်ပေါ်တက်လာတဲ့ သူခိုးအံ့ဖွယ်ကို သားပေးပါလို့ ကာမမေထုန်တောင်းဆိုတဲ့ အမှု။ 

လေ့လာစရာ မှတ်သားစရာတွေ အများကြီးပါသလို တရားစီရင်လိုက်တဲ့အခါတိုင်းမှာလည်း ပြည်သူ ပြည်သားတွေအားလုံး သဘောကျ နှစ်သက်ကြလေရဲ့။ အမှုတစ်ခုကို ရှင်းတဲ့အခါတိုင်း တွေးစရာတွေ အများကြီး ရသွားသလို အမျိုးသမီးတွေဖက်က ရပ်တည်ရာမှာ တရားနည်းလမ်းကျကျ ဆန့်ကျင်တွန်းလှန်တဲ့ သတ္တိခဲ ကျွန်ရုပ်မ မြအနှစ်ကို ဘယ်လောက်တောင် နှစ်သက်လဲ မပြောတတ်ပါ။

ကိုယ့်အကြိုက်သူ့အကြိုက် ထပ်တူမကျနိုင်လို့ အပျင်းပြေဖတ်လိုက ဖတ် …  စာချစ်သူ စာဂျပိုးများကတော့ အပိုင်ဝယ်သိမ်းထားသင့်ပါကြောင်း။

ဝယ်ချင်ရင် တန်ဖိုး - ၂၇၀၀ ကျပ်နှင့် စိတ်ကူးချိုချိုအနုပညာက ပြန်လည်ရိုက်နှိပ်ထားပါတယ်။ ပထမအကြိမ်ကတော့ ၁၉၈၆ က ပုံနှိပ်ထုတ်ဝေထားကြောင်း သိရပါတယ်။

ဖတ်ညွှန်းရေးသူ - မေသူထွန်းမြင့်


Publisher Name: စိတ်ကူးချိုချို စာပေ

Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅

Publisher Phone Number: 01546845


Related Books

Book Review Image

ပက်တီဟတ်စ် နှင်​့ အက်​စ်​အယ်​လ်​​အေဂိုဏ်​း

မောင်ပေါ်ထွန်း
Book Review Image

စည်းအပြင်ကလူ

ထင်လင်း