Book Image

ပက်တီဟတ်စ် နှင်​့ အက်​စ်​အယ်​လ်​​အေဂိုဏ်​း

မောင်ပေါ်ထွန်း

ဘာသာပြန်သူ - မောင်ပေါ်ထွန်း

ပက်တီဟတ်စ် နှင်​့ အက်​စ်​အယ်​လ်​​အေဂိုဏ်​း
တန်ဖိုး - ၄၅၀၀ ကျပ်
ထုတ်ဝေသည့်စာပေ - ရန်ကုန်လမ်းမများ



         ဤစာအုပ်သည် အမေရိကန် နိုင်ငံမှ သူဌေးသမီး တက္ကသိုလ်ကျောင်းသူ တစ်ဦး၏ ဖြစ်ရပ်မှန် ပြန်ပေးမွု ဇာတ်လမ်း ဖြစ်ပါသည်။ တိုင်း( Time)နှင့် (New Week) စသော အပတ်စဉ်ထုတ် နိုင်ငံတကာသတင်း မဂ္ဂဇင်းများကို ဖတ်ရွုသည့် စာဖတ်သူတိုင်း သိရိှကြသည့် ကမ္ဘာကျာ်မွုခင်းကြီး ဖြစ်သည်။ 
     FBI စုံထောက် သုံးထောင်ကျော်တို့အား ၁၉လခွဲ တိုင်တိုင် ဒုက္ခပေးခဲ့သော၊ အမေရိကန် ပြည်သူများ ရင်တထိတ်ထိတ် အသည်းတဖိုဖို ဖြစ်ခဲ့ရတဲ့ ဖြစ်ရပ် တစ်ခုပင် ဖြစ်ပါသည်။
          သန်းကြွယ်သူဌေး သမီးသည် ပြန်ပေးဆွဲ ခံရပြီးနောက် ပြန်ပေးဂိုဏ်းနှင့် ပူးပေါင်းကာ ကြံရာပါမွု၊ ဘဏ်တိုက်စီးမွု၊ လက်နက်မွု၊ ကားခိုးမွု စသည့် ပြစ်မွုပေါင်း များစွာကို ကျူးလွန်ခဲ့သည်။
       သူ့ဖခင်သူဠေးကြီးက နိုင်ငံကျော် ရေှ့နေကြီး ၆ ဦးအား ကြေးကြီးပေး ဌားရမ်းပြီး သူ့သမီး လွတ်မြောက်ရေး အတွက် အစွမ်းကုန် ကြိုးပမ်းခဲ့ သည်။ သို့သော်လည်း ၂၂လ ကြာမျှ အချုပ်ခံခဲ့ ရပြီးနောက် ၁၉၇၉ ခုနှစ်တွင် ခံဝန်ချုပ်ဖြင့် အချုပ်မှ လွတ်မြောက် ခဲ့သည်။ အချုပ်ကျနေစဉ် ကာလအတွင်း လုံခြုံရေး ဝန်ထမ်းတာဝန်ကျသော ရဲတပ်သား လီရေှာနှင့် လက်ထပ်ခဲ့သည်။
      ပက်တီဟက်စ်သည် သူမ၏ ဘဝဖြစ်စဉ်ကို စာအုပ်ရေး၍ Every Secret Thing အမည်ဖြင့် ၁၉၈၁ တွင်ထုတ်ဝေခဲ့သည်။ ၂၀၀၁ ခုနှစ် ဇန်နဝါရီလတွင် သမ္မတ ကလင်တန်က သူမအား ပြစ်မူအားလုံးမှ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။
          ဤစာအုပ်ကို ဆရာမောင်ပေါ်ထွန်း ပထမကြိမ် ဘာသာပြန်ချိန်တွင် အမွုရင်ဆိုင်နေဆဲ ကာလများ ဖြစ်သဖြင့် အဆုံးမသတ်နိုင်ခဲ့ပါ။ ယခု ထုတ်ဝေသည့် ဒီစာအုပ်တွင် ပက်တီဟတ်စ် ၏ အမွု အဆုံးသတ်နှင့် တကွ သူမဘဝ၏ နောက်ဆုံး နေ့ရက်များ၊ နေထိုင် ရှင်သန်ပုံတို့ အားလုံးကိုပါ ရေးသားဖော်ပြ ထားပါသည်။


Publisher Name: ရန်ကုန်လမ်းမများ

Publisher Address: အမှတ်(၇၇/၈၃၊အခန်း(၅၁)၊မန္တလေးလမ်း၊ကန်တော်လေး၊မင်္ဂလာတောင်ညွှန့်မြို့နယ်၊ရန်ကုန်မြို့။ph-095077348,0931865904

Publisher Phone Number: Ph-095077348,0931865904


Related Books

Book Review Image

ကျွန်ရုပ်မ

စစ်ကိုင်းဦးဘိုးသင်း
Book Review Image

စည်းအပြင်ကလူ

ထင်လင်း