ခင်လှိုင်ကြူ
တိမ်မည်းညို ခြုံကာလွှမ်းလေတော့
Wisdom House ၊
ပထမအကြိမ် ၊ ၂၀၁၈ ခုနှစ် ၊ ဇွန်လ ။
မျက်နှာဖုံး - ဗဂျီလင်းဝဏ္ဏ ။
၁၃.၃ စင်တီမီတာ x ၂၀.၇ စင်တီမီတာ ။
စာမျက်နှာ - ၁၇၅ ၊ တန်ဖိုး - ကျပ် ၂၅၀၀ ။
'' ကျောင်းသားအရေး၊ပြည်သူ့အရေးတို့အတွက် ခိုင်မာသော ယုံကြည်ချက်ဖြင့် ကြံ့ကြံ့ခံတိုက်ပွဲဝင်ခဲ့ကြသူများ သို့ ဂုဏ်ပြုလျက်'' ဟု ရည်ညွှန်းထားသောဝတၳုရှည်ဖြစ်သည်။ အဖွင့်၊နိဂုံး နှင့် အခန်း ၁၀ ခန်းပါရှိသည်။
'' ဆဲဗင်းဇူလိုင်အရေးအခင်း ဟုခေါ်သော ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ၊၇ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ရန်ကုန်တက္ကသိုလ်ကျောင်းသားအရေးအခင်းမှာ နှစ်ပေါင်း ၅၀ ကျော်ခဲ့ပါပြီ။ ထိုကာလမှ ကျောင်းသားခေါင်းဆောင်အများစုမှာ ကွယ်လွန်ကြပြီဖြစ်သည်။ တချို့သာ အသက်ထင်ရှားရှိနေဆဲ။ အသက်အရွယ်အားဖြင့် နှစ် ၈၀၊ ၈၀ကျော်အရွယ်ရောက်နေကြပါပြီ။ သူတို့၏ခေါင်းဆောင်မှု၊စွန့်လွှတ်မှု၊ပေးဆပ်မှုတို့သည် သမိုင်းတွင်မှတ်တမ်းတင်နိုင်ခဲ့သည်မှန်သော်လည်း ဘဝကိုနှစ်ပေါင်း များစွာ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းဖြတ်သန်းခဲ့ကြရပါ သည်။ ခိုင်မာသောယုံကြည်ချက်ဖြင့် အခက်အခဲ အကျပ်အတည်းများကို ကြံ့ကြံ့ခံကျော်ဖြတ်ခဲ့ကြပါ သည်။ ထိုပုဂ္ဂိုလ်များကို လေးစားဂုဏ်ပြုလျက် ဤဝတၳု ကို အားထုတ်ရေးသားခဲ့ပါသည်။'' ဟု စာရေးသူ၏အမှာ စာ၌ဖော်ပြထားသည်။
၁၉၆၀ပြည့်လွန်နှစ်များ၏ ကျောင်းသားနိုင်ငံရေးလှုပ်ရှား မှု၊တစ်ဖက်သတ်ဖိနှိပ်ခံခဲ့ရမှုတို့ကို တိုးနိုင်၊မိုးခိုင်၊ ညိုညိုထွေး နှင့် ခင်မြတ်မွန် စသောဇာတ်ကောင်များဖြင့် ပုံဖော်ရေးဖွဲ့ထားသည်။
မျိုးဆက်တစ်ခုမှတစ်ခုသို့ လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့ ကြသည့် အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး စိတ်ဓာတ်ကို ရသမြောက်အောင်ဖော်ကျူးထားသည့် အရေးအသားတစ်ခုဟုလည်း ခံစားမိပါသည်။
'' မိမိတို့ဖြတ်သန်းခဲ့ရသော အမှောင်ကမ ်ဘာ၏အဖြစ်ဆိုး များ၊ အတိတ်တစေ ၦ၏ခြောက်လှန့်မှုများကင်းဝေးပါစေ ဟု ဒေါ်ညိုထွေး ဆုတောင်းမိပါသည်။ ''ဟု နိဂုံးချုပ်ထားသော''တိမ်မည်း ညို ခြုံကာလွှမ်းလေတော့'' ဝတၳုရှည်သည် တစ်ခေတ်တစ်ခါက မဂ္ဂဇင်းဝတၳုရှည်များအား လွမ်းမောတသ အမှတ်ရစေသည့် အရေးအသားတစ်ခုဟုလည်း ယူဆမိပါသည်။
မမသ
၁၃ ၊ ဇူလိုင် ၊ ၂၀၁၈
Publisher Name: Wisdom House စာအုပ်တိုက်
Publisher Address: အခန်း (၁၀၂)၊ တိုက် (၈၆၄-၈၆၅)၊ လက်ဝဲမင်းဒင်လမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီး။ ဖုန်း- ၀၉၂၅၄၁၄၈၅၆၈၊ ၀၁၈၆၀၁၃၁၂၊ ၀၉၄၃၀၄၁၈၅၇