Book Image

နွေတစ်ညမှ အစပြု၍

အောင်ဒင်

ဤစာအုပ်သည် ကိုအောင်ဒင်၏ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးတွင် ပါဝင်ဖြတ်သန်းခဲ့သော အဖြစ်အပျက်များကို မှတ်တမ်းပြုရေးဖွဲ့ထားသော စာအုပ်ဖြစ်သည်။ ကိုအောင်ဒင်၏ ဖြတ်သန်းမှုကို ဖတ်ရင်း အခြားအရေးပါသော နိုင်ငံရေးခေါင်းဆောင်များ၏ ပုံရိပ်များကိုလည်း ဖတ်ရှုလေ့လာနိုင်သည်။ ဦးအောင်ကြီးမှ ဦးနေဝင်းထံသို့ ပေးစာကဲ့သို့သော သမိုင်းဝင် မှတ်တမ်းများကိုလည်း ထည့်သွင်း ဖော်ပြထားသည်။ ကိုအောင်ဒင်၏ အတွေ့အကြုံများကို ဖော်ပြထားသည့် အတွေ့အကြုံမှတ်တမ်း တစ်ခုလည်း ဖြစ်သလို သမိုင်းဆိုင်ရာ ကွက်လပ်တစ်ခုကို ဖြည့်စည်းပေးသော စာအုပ်တစ်အုပ်လည်း ဖြစ်ပါသည်။


ကိုအောင်ဒင့် လက်ရာများထဲတွင် ကျွန်တော် အကြိုက်ဆုံးစာအုပ်တစ်အုပ် ဖြစ်ပါသည်။ ရှစ်လေးလုံး အရေးတော်ပုံတွင် ကိုအောင်ဒင် ပါဝင်ပတ်သက်ခဲ့သော အတွေ့အကြုံများကို မှတ်တမ်းသဖွယ် ပြုစုရေးသားထားသော စာအုပ်ဖြစ်သော်လည်း အချက်အလက်ဗဟိုပြု စာအုပ်များလို ပျင်းစရာမကောင်း။ ကိုအောင်ဒင်နှင့်အတူ စီးမျောပြီး အခြားအရေးပါသော နိုင်ငံရေး ခေါင်းဆောင်များ၏ ပုံရိပ်လွှာများကို တွေ့ရသည်။ တစ်ခါတစ်ခါ လွမ်းမောစရာ၊ တစ်ခါတစ်ခါ စိတ်မောစရာ၊ တစ်ခါတစ်ခါ ကိုအောင်ဒင်နဲ့အတူ ရန်ကုန်စက်မှု တက္ကသိုလ်ကြီးကို ရောက်သွားလိုက်၊ ကိုအောင်ဒင်နဲ့အတူ ရေကြည်အိုင်ကို ရောက်သွားလိုက် ကလောင်အသော့မှာ စီးမျောရင်း အကွဲအပြဲဇာတ်လမ်းတွေလည်း ဖတ်ရမှတ်ရသည်။ 

ကျွန်တော်အကြိုက်ဆုံး စာသားတွေထဲက တစ်ချို့ကို ထုတ်နှုတ်ဖော်ပြရမယ်ဆိုရင် 

ရန်ကုန်မြို့လယ်ကောင် နိုင်ငံတကာ သံရုံများအနီးတစ်ဝိုက်က အရေးကြီးတဲ့ အစိုးရအဆောက်အအုံတစ်ခုကို သိမ်းပိုက်ဖို့ဆိုတာ အင်မတန်အစွန်းရောက်တဲ့ အလုပ်တစ်ခုပါ။ တစ်ခါ ၂၄ နာရီပြည့်ပြီးတဲ့နောက် တောင်းဆိုချက်တွေ မရမချင်း နှစ်နာရီခြား တစ်ယောက်စီ လေးထပ်က ခုန်ချသတ်သေကြမယ်ဆိုတာက ပိုပြီးတောင် အစွန်းရောက်ပါတယ်။ .... လေးထပ်က ခုန်ချရာမှာ ကိုဇော်ညွှန့်က သူကိုယ်တိုင် ပထမဆုံး ခုန်ချပါမယ်လို့ သူ့ကိုယ်သူ အဆိုပြုပါတယ်။ ကိုကိုကြီးက သူက ဒုတိယလူအဖြစ် ခုန်ချမယ်လို့ အဆိုပြုပါတယ်။ အဲဒီနောက် ကိုဇော်ညွှန့်နဲ့ ကိုကိုကြီးတို့ တစ်ယောက်ကို တစ်ယောက်ဖက်ပြီး ငိုကြတော့ ကျွန်တော်တို့ အားလုံးလည်း မျက်ရည်ကျကြပါတယ်။

အဲဒီအချိန်မှာ မင်းကိုနိုင်က အခန်းထောင့်မှာ ထောင်ထားတဲ့ ဂစ်တာကို ယူပြီး ဘေးတံခါးက တစ်ဆင့်ခြံထဲကို ထွက်သွားပါတယ်။ .... မင်းကိုနိုင်က အဲဒီ မြက်ခင်းလေးပေါ်မှာ ထိုင်ပြီး ဂစ်တာတီးပြီး သီချင်းညည်းနေပါတယ်။ သူလည်း သူချစ်တဲ့ မိန်းကလေးကို လွမ်းဆွတ်နေမယ် ထင်ပါတယ်။ .... ဘယ်တော့များလဲ နှင်းရယ်လို့ ကျွန်တော်တို့ နှစ်ယောက် အသံမြှင့်ပြီး ပြိုင်တူအော်ဟစ် ငိုကြွေးလိုက်တာ အတော် ကျယ်လောင် သွားပါတယ်။ အိမ်တံခါးပွင့်လာပြီး ကျနော်တို့အနားကို အပြေးအလွှားရောက်လာတဲ့ ကိုကိုကြီးကက ဒေါသတကြီး ကျနော်တို့နှစ်ယောက်ကို ဆူပါတော့တယ်။

ခွေးကောင်တွေ မင်းတို့ကိုယ်မင်းတို့ စင်မြင့်ပေါ် ရောက်နေတယ် ထင်နေသလား။ ရှေ့မှာ ထောက်လှမ်းရေးတပ်၊ မင်းတို့ကို လက်ထိပ်ခတ်ပြီး ဆုချလိမ့်မယ်။ အိမ်ထဲဝင်ကြတော့တဲ့။ 

ဖတ်ညွှန်းရေးသူ - စိုးသီဟနောင်


Publisher Name: ခေတ်ပြတိုက် စာပေ

Publisher Address: အမှတ် (၁၃၈/၁၄၀)၊ ပထပ် (ဝဲ)၊ ၄၉ လမ်း(အထက်)၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။ ဖုန်း - ၀၉၇၃၀၃၇၇၂၇

Publisher Phone Number: 09 73037727


Related Books

Book Review Image

ကျွန်တော် သေဒဏ်ကျခဲ့ရသော (၁၇)လ (၁၇)ရက်

ဇော်သက်ထွေး
Book Review Image

ရာဇဝင်ရှင်းတမ်း

ဝင်းနိုင်ဦး
Book Review Image

တင်မောင်မြင့်
Book Review Image

ဓားစာခံ

ကျော်စွာ (ဆေး ၂)
Book Review Image

တိမ်​မည်​းညို ခြုံကာလွှမ်​း​လေ​တော့

ခင်​လှိုင်​ကြူ
Book Review Image

ဂျွိုင်းလန်း

လင်းခန့်
Book Review Image

နှင်းရည်တစက် အိပ်မက်တသက်

အောင်မိုးဝင်း
Book Review Image

ခေတ်ဝန်ကိုထမ်း ခေတ်လမ်းကိုလျှောက်

ဝင်းတင်
Book Review Image

လျှို့ဝှက်ချက်များနှင့် အာဏာ ထောက်လှမ်းရေးနှင့် ဗိုလ်ချုပ်ကြီးခင်ညွန့် ကျရှုံးခြင်း

ဉာဏ်သစ်
Book Review Image

အကျဉ်းထောင်ပြည်ပြေးဘဝများနှင့်မြန်မာနိုင်ငံသစ်

ကျော်စွာမိုး
Book Review Image

အင်းစိန်မှတ်တမ်း

ရွှေကူမေနှင်း