Book Image

နှင်းရည်တစက် အိပ်မက်တသက်

အောင်မိုးဝင်း

''နှင်းရည်တစက် အိပ်မက်တသက်''

စာရေးသူ - အောင်မိုး၀င်း
မျက်နှာဖုံးဒီဇိုင်း - အံ့ဘွယ်ဇင်
တန်ဖိုး - ၆၀၀၀ ကျပ်
ထုတ်ဝေသည့်စာပေ - ရန်ကုန်လမ်းမများ



 ယခုစာအုပ်ရဲ့ စာရေးသူက ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားဟောင်း ကိုအောင်မိုးဝင်း။ သူ့စာအုပ်ရဲ့ ထူးခြားချက်တစ်ခုက စာအုပ်အမျိုးအစား သတ်မှတ်မှုကို Political Drama လို့ ရေးထားတာပါပဲ။ ဒီစာအုပ်မှာ နိုင်ငံရေး စာပေရေးသားမှုတွေထဲက ထူးခြားတဲ့ရေးဟန်ကို ဖတ်ရှုကြရပါမယ်။ ဒါ့အပြင် ၁၉၈၈ ကနေ ယနေ့အချိန်ထိ လူသိပ်မသိသေးတဲ့ အချက်အလက် အသစ်တွေ အငြင်းပွားစရာတွေ အထက်ဗမာပြည် ဗကသလှုပ်ရှားမှု သမိုင်းတွေ အကွဲအပြဲတွေ စွန့်စားခန်းတွေ (အထူးသဖြင့်) ဗမာပြည်ကွန်မြူနစ်ပါတီ နှင့် နယ်စပ်ဒေသ ပရိုပိုဇယ်နိုင်ငံရေး အပေါ် ဝေဖန်ချက်တွေကို … သူ့စာအုပ်မှာ တွေ့ရနိုင်ပါတယ်။ သူ့စာအုပ်ထဲက ''သင်္ကန်းကျွန်း တောင်ဥက္ကလာ စိတ်ရောဂါ'' ဆိုတဲ့ အခန်းလေးကတော့ နိုင်ငံရေးစိတ်ဝင်စားသူတွေ တအံ့တသြ ဖြစ်စေမဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။
 ===========================================
      စစ်လုံခြုံရေးတွေက ဖုန်းမော်စျာပန ကျောင်းထဲမှာမရှိပါဘူး။ ရှေ့ကို ဆက်သွားခွင့် မပြုနိုင်ဘူး။ ရှေ့ဆက်တက်ရင် သူတို့ ဘက်ကလည်း အရေးယူရပါလိမ့်မယ်လို့ ဆိုတယ်။ ကျွန်တော်တို့ကလည်း စဉ်းစားတယ်။ ရှေ့ဆက်သွားလို့ စစ်တပ်က ဖြိုခွဲဖမ်းဆီးလိုက်ရင် ကျွန်တော်တို့ခံရတာကို ရပ်ကွက်က ဝမ်းသာမယ်။ ကျောင်းသားနဲ့ ပြည်သူနဲ့ တသားတည်း အသံမထွက်သေးဘူး။ တဘက်နဲ့တဘက် အထင်လွဲနေတာလေ။သူတို့က ကျောင်းသားတွေကို မကြည်ဘူး။ ရပ်ကွက်ကို မီးရှို့ဖို့ လာတယ်ပဲ ထင်နေတာကိုး။
     ဒါကြောင့် အဆာင်ဘက်ဆီ လှည့်ပြန်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ တစ်ခါ တလေမှာ လှည့်ပြန်လိုက်တာ သတ္တိနည်းတယ်လို့ မခံစားရပါဘူး။ လှည့်ပြန်လိုက်လို့ပဲ ရပ်ကွက်နဲ့ ကျောင်းသားတွေကြားမှာ နားလည်မှု တခုရလိုက်တယ်။ မတ်လ လှုတ်ရှားမှုမှာ ကျောင်းသားတွေကို မတရား ဖမ်းဆီး ရက်စက်တာတွေကို ကြားလိုက်ရတဲ့ ပြည်သူတွေဟာ ဇွန်လလှုတ်ရှားမှု ဟောပြောပွဲကို ရန်ကုန်စက်မှုတက္ကသိုလ်ထဲမှာ ကျင်းပတဲ့အခါ သူတို့ကိုယ်တိုင် ကျောင်းသားတွေကို စာနာနားလည်ပြီး အလှူငွေတွေ လာထည့်ကြတော့တယ်။ ဒါဟာ ကျောင်းသားနဲ့ ပြည်သူ စတင်ပေါင်းစည်းတဲ့ အဖြစ်အပျက်ပဲ။ လူထုလှုပ်ရှားမှုကို စတင်ဦးတည်တဲ့ ခြေလှမ်းလည်း ဖြစ်တယ် (စာ-၄၀ မှ)

     တပေါင်းလဆိုတော့ ပူလည်းပူ လကလည်း သာနေတယ်လေ။ ကျတော်တို့ရဲ့ အခန်းထဲကနေ လှမ်းကြည့်လိုက်ရင် မြင်ကွင်းတွေ အားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရတယ်။ ကားကြီးတွေပေါ်က လူတွေဝေါကနဲ အန်ကျလာတယ်။ တချို့ကလှုပ်နိုင်သေးတယ်။ လမ်းလျှောက်နိုင်တဲ့ သူတွေကို ရိုက်ပြီး အချုပ်ခန်းထဲ ထည့်တယ်။ မသေမရှင် ဖြစ်နေတဲ့လူတွေ မလှုပ်နိုင်တော့တဲ့ လူတွေကို ကားတစီးပေါ်အပုံလိုက်ပစ်တင်တယ်။ နောက်မှ သိရတာ။ သူတို့ကို ကြံတောမှာ မီးရှို့သဂြိုလ် ပစ်လိုက်တယ် တဲ့။ ဘဝတလျှောက်လုံး အဲ့ဒိမြင်ကွင်းကြီးက စွဲနေတာဗျာ။ လသာတဲ့ အခါတိုင်း အလောင်းတွေကို ဘယ်သူတွေက လာကောက်မလဲလို့ အထိတ်တလန့် တွေးနေမိတယ်။ (စာ-၄၄ မှ)

#ရန်ကုန်လမ်းမများ


Publisher Name: ရန်ကုန်လမ်းမများ

Publisher Address: အမှတ်(၇၇/၈၃၊အခန်း(၅၁)၊မန္တလေးလမ်း၊ကန်တော်လေး၊မင်္ဂလာတောင်ညွှန့်မြို့နယ်၊ရန်ကုန်မြို့။ph-095077348,0931865904

Publisher Phone Number: Ph-095077348,0931865904


Related Books

Book Review Image

ကျွန်တော် သေဒဏ်ကျခဲ့ရသော (၁၇)လ (၁၇)ရက်

ဇော်သက်ထွေး
Book Review Image

နွေတစ်ညမှ အစပြု၍

အောင်ဒင်
Book Review Image

ရာဇဝင်ရှင်းတမ်း

ဝင်းနိုင်ဦး
Book Review Image

တင်မောင်မြင့်
Book Review Image

ဓားစာခံ

ကျော်စွာ (ဆေး ၂)
Book Review Image

ဂျွိုင်းလန်း

လင်းခန့်
Book Review Image

ခေတ်ဝန်ကိုထမ်း ခေတ်လမ်းကိုလျှောက်

ဝင်းတင်
Book Review Image

လျှို့ဝှက်ချက်များနှင့် အာဏာ ထောက်လှမ်းရေးနှင့် ဗိုလ်ချုပ်ကြီးခင်ညွန့် ကျရှုံးခြင်း

ဉာဏ်သစ်
Book Review Image

အကျဉ်းထောင်ပြည်ပြေးဘဝများနှင့်မြန်မာနိုင်ငံသစ်

ကျော်စွာမိုး
Book Review Image

အင်းစိန်မှတ်တမ်း

ရွှေကူမေနှင်း