Book Image

ရာဇဝင်ရှင်းတမ်း

ဝင်းနိုင်ဦး

နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ၊ ဒီမိုကရက်တစ် မြန်မာ့အသံ ရေဒီယိုနှင့် လွတ်လပ်တဲ့ အာရှအသံရေဒီယို အယ်ဒီတာဟောင်း တစ်ဦးဖြစ်သူ ဝင်းနိုင်ဦး၏ ထောင်တွင်းဆိုင်ရာ အတွေ့အကြုံများကို ရေးသားထားသော စာအုပ်ဖြစ်သည်။ စစ်ထောက်လှမ်းရေး စစ်ကြောရေးစခန်းများ အကြောင်း၊ အင်းစိန်ထောင်တွင်းအတွေ့အကြုံများ၊ ရဲဘက်စခန်းဆိုင်ရာ အတွေ့အကြုံများ စသည်ဖြင့် အခန်းလိုက် ပြည့်ပြည့်စုံစုံ ဖော်ပြထားသော စာအုပ်ဖြစ်ပါသည်။


တစ်ဖက်သတ် ဖိနှိပ်ချုပ်ချယ်မှု၊ အာဏာရှင်ဆန်မှု၊ တစ်လောကလုံး အကျင့်ပျက်ချစားမှု စသည်တို့၏ အကျိုးဆက်များသည် အကျဉ်းထောင် စသည့်နေရာများတွင် မည်ကဲ့သို့ ပြင်းပြင်းထန်ထန် အကျိုးသက်ရောက် နိုင်ကြောင်း ကွက်ကွက်ကွင်းကွင်း ဖတ်ရှုရမည့် စာအုပ်ဖြစ်သည်။ 

ဦးနု၏ ရက်စက်ပါပေ့ကွယ် စာအုပ်ကို ဖတ်ရှုဖူးသူများသည် ယခုစာအုပ်ပါ အဖြစ်အပျက်များနှင့် နှိုင်းယှဉ် လေ့လာသုံးသပ်နိုင်မည် ဖြစ်သည်။ 

ပုံမှန် အစိုးရရုံးကို သွားလျှင် လာဘ်ပေးလာဘ်ယူမှုကို ဖြစ်ရိုးဖြစ်စဉ်လို့ သဘောထားကြသည့် ခေတ်ကြီးတွင် ထောင်တွင်းမှ လာဘ်ပေးလာလ်ယူမှုများသည် အလွန်အင်မတန် စက်ဆုတ်ရွံရှာဖွယ်ကောင်းသော အဖြစ်အပျက်များ ဖြစ်ပျက်ကုန်ကြသည်။ ပုံစံခန်း ငရဲခန်းမှ လွတ်မြောက်လိုသူများသည် ထောင်တန်းစီးများ (လူဆိုးခေါင်း)၊ ထောင်ဝန်ထမ်းများကို လာဘ်ထိုးကြရသည်။ တစ်ချို့ လိင်တူဆက်ဆံရန် သိမ်းသွင်းအကြပ် ကိုင်ခံရသည်။ တရားဥပဒေကို လက်တစ်လုံးခြား လုပ်လို့အကောင်းဆုံးနေရာ ဖြစ်သော အကျဉ်းထောင်တွင် ထောင်ဝန်ထမ်းများ၊ ထောင်တန်းစီး လူဆိုးခေါင်းများ ချယ်လှယ်ချင်သလို ချယ်လှယ်ခွင့် ရနေသည်။ သတ်ချင်လဲ သတ်ပစ်လို့ရသည်။ မတရားမှုအတွက် ဘယ်လိုမှှ အရေးဆိုခွင့်မရှိသော အနေအထား၊ လူအခွင့်အရေးကို ခွေးအခွင့်အရေးလောက်တောင် တန်ဖိုးမထားသော အနေအထား စသည်တို့ကို ဖတ်ရှုရမည် ဖြစ်သည်။ 

ကဗျာဆရာကြီး ဦးတင်မိုးက အမှာစာတွင် အောက်ပါကဗျာတစ်ပုဒ် ရေးသားပြီး အမှာစာ ရေးထားသည်။

တို့ရဲဘော် ဝင်းနိုင်ဦးရဲ့
မှတ်တမ်းမဲ့ မှတ်တမ်း
ဖတ်စမ်းပါ့ ရဲဘော်ရာ
အသည်းက နာ။

တို့ဒဏ်ရာ
ကြီးပါပေ့တကား။
ပြည်သူတွေ သန်းချီလို့
ဒီမိုကရေစီ သည်တိုင်ပွဲမှာ
ရဲရဲနီ ရင်နဲ့ ရင်းရတယ်
အင်းစိန်က မျက်ရည်များ။

သမိုင်း၏ အရုပ်ဆုံးအကျဉ်းတန်သော အဖြစ်အပျက်များအဖြစ် မှတ်တမ်းဝင်ကျန်ရစ်တော့မည့် အဖြစ်အပျက်များကို ဖတ်ရှုရမည် ဖြစ်သည့်အတွက် မဖြစ်မနေ ဝယ်ယူသိမ်းဆည်းထားသင့်သော စာအုပ်ဖြစ်ကြောင်း ညွှန်းဆိုလိုက်ရပါသည်။

ဖတ်ညွှန်း ရေးသားသူ - စိုးသီဟနောင်


Publisher Name: ငါတို့စာပေ

Publisher Address: Yangon Book Plaza သံစျေး ၅လွှာ ၁၇လမ်း ရန်ကုန်။ ဖုန်း - 09 73055543

Publisher Phone Number: 09 73055543


Related Books

Book Review Image

ကျွန်တော် သေဒဏ်ကျခဲ့ရသော (၁၇)လ (၁၇)ရက်

ဇော်သက်ထွေး
Book Review Image

နွေတစ်ညမှ အစပြု၍

အောင်ဒင်
Book Review Image

စမ်းချောင်း အင်းစိန် ဟားဗတ်

မသီတာ(စမ်းချောင်း)
Book Review Image

မြန်မာနိုင်ငံ၏ ပြည်ထောင်စုလွှတ်တော်ကို အနီးကြည့်၊ အဝေးကြည့် (၁)

အောင်ဒင်
Book Review Image

လေလွင့်သူ

မြသန်းတင့်
Book Review Image

အင်းစိန်ထောင်အတွင်းမှဂန္တဝင်လူမိုက်ကြီးများ

ဇော်သက်ထွေး
Book Review Image

ထောင်နှင့်မိခင်

လူထုဒေါ်အမာ
Book Review Image

တင်မောင်မြင့်
Book Review Image

ဓားစာခံ

ကျော်စွာ (ဆေး ၂)
Book Review Image

ဗမာပြည်မှပေးစာများ

ရဲမြလွင်
Book Review Image

ဂျွိုင်းလန်း

လင်းခန့်
Book Review Image

နှင်းရည်တစက် အိပ်မက်တသက်

အောင်မိုးဝင်း
Book Review Image

မြေကမ္ဘာရဲ့အဆုံးက_ကြယ်တွင်း

ဇော်သက်ထွေး
Book Review Image

သူတို့ပြောသော_ထောင်အတွင်းမှ_ပရလောကသားများ

ဇော်သက်ထွေး
Book Review Image

ခေတ်ဝန်ကိုထမ်း ခေတ်လမ်းကိုလျှောက်

ဝင်းတင်
Book Review Image

ဘာလဲ ဟဲ့ လူ့ငရဲ

ဝင်းတင်
Book Review Image

လျှို့ဝှက်ချက်များနှင့် အာဏာ ထောက်လှမ်းရေးနှင့် ဗိုလ်ချုပ်ကြီးခင်ညွန့် ကျရှုံးခြင်း

ဉာဏ်သစ်
Book Review Image

အကျဉ်းထောင်ပြည်ပြေးဘဝများနှင့်မြန်မာနိုင်ငံသစ်

ကျော်စွာမိုး
Book Review Image

အင်းစိန်မှတ်တမ်း

ရွှေကူမေနှင်း