Book Image

အင်းစိန်ထောင်အတွင်းမှဂန္တဝင်လူမိုက်ကြီးများ

ဇော်သက်ထွေး

အင်းစိန်ထောင်အတွင်းမှဂန္တဝင်လူမိုက်ကြီးများ

ဇော်သက်ထွေး
စာမျက်နှာ ၁၈၂ မျက်နှာ
တန်ဖိုး ၄၀၀၀
ပထမအကြိမ်
HOME စာအုပ်တိုက်


နိုင်ကျဉ်းဟောင်း ဇော်သက်ထွေး ဟာ သူ အင်းစိန်ထောင်ထဲမှာတွေ့ဆုံခဲ့ရတဲ့ လူမိုက်ကြီးတွေအကြောင်းရေးသားထားပါ ။ အပြင်လောကမှာ မဟုတ်ဘဲ ထောင်ထဲမှာရောက်နေတဲ့လူမိုက်ကြီးတွေ ရပ်တည်ရတဲ့အကြောင်းပါ ။ 

၆၈ ဧကကျယ်ပြီး အရှေ့တောင်အာရှမှာ အကြီးဆုံးထောင်ဖြစ်တဲ့ အင်းစိန်ဗဟိုအကျဉ်းထောင်ဟာ တပ်မတော်အစိုးရတက်ပြီးနောက်ပိုင်းမှာ  နာမည်ဆိုးနဲ့ကျော်ကြားပါတယ် ။ 
လူမိုက်ကြီးတွေဖြစ်လာရတဲ့ အခြေခံအချက်တွေက တယောက်နဲ့တယောက်မတူညီကြပါဘူး ။ သနားဖို့ကောင်း ၊ ဝမ်းနည်းစရာကောင်းတယ်လို့ ဖတ်နေရင်း ခံစားရပါတယ် ။ သဘောကျမိတဲ့လူမိုက်တယောက်ကတော့ ထိုင်းမြန်မာနယ်စပ်မှာကြေးစားလူသတ်သမားလုပ်တဲ့ ကျော်သူ ခေါ် မြွေဖြူလေးပါ ။ အသားဖြူဖြူ ခပ်နွဲ့နွဲ့မို့ မင်းသားကြီးဇေယျနဲ့တူပါတယ်တဲ့ ၊ သူ့ရဲ့အားသာချက်က သေနတ်ပစ်အလွန်လက်ဖြောင့်ပါတယ် ။ သူကအစိုးရအုပ်ချုပ်ရေးအရာရှိပိုင်းနဲ့ ထောက်လှမ်းရေးတွေကိုသတ်ခဲ့လို့ မြန်မာဘက်ရော ထိုင်းဘက်ကပါ အလိုရှိနေတာပါ ။ သူ့ပစ်မှတ်က မန္တလေးမှာရှိလို့ လာသတ်ရင်းအဖမ်းခံရပါတယ် ။ နာမည်ကြီးဖြစ်လို့ အင်းစိန်ထောင်ပို့တဲ့အခါ ရဲတင်မကဘဲ ထောက်လှမ်းရေးကပါ လုံခြုံရေးယူပေးရပါတယ် ။ အဲ့ဒိအချိန် အင်းစိန်ထောင်မှာ လူမိုက်ကြီးဖြစ်နေတာက စိုးမြတ်ပါ ။ (သူလဲနာမည်ကြီးပါတယ် ၊ မုန့်ဟင်းခါးစားနေတုန်း နဂါးလေးသတ်တာခံလိုက်ရတာပါ) မြွေဖြူလေး လာမယ်ဆိုတော့စိုးမြတ်တို့လဲ စိတ်ဝင်စားကြပါတယ် ။ စိုးမြတ်ကအချုပ်ရုံးကိုပိုင်တော့ မြေဖြူးလေး ကိုယ်ရေးရာဇဝင်ကို တောင်းကြည့်တော့ သူ့ကိုသေနတ်နဲ့ပစ်ဖူးတဲ့ မြွေဖြူလေးဖြစ်နေပါတယ်။ အဲ့တုန်းကစိုးမြတ်စီးလာတဲ့မော်တော်ဆိုင်ကယ်နောက်ဘီးကိုဘဲသေနတ်ပစ်ခဲ့ပါတယ် ။ မြန်မာအချင်းချင်းမို့အသေမသတ်ခဲ့ပါဘူး ။  မြွေဖြူလေးအင်းစိန်ရောက်လာတော့ စိုးမြတ်က ခင်ဗျားကျုပ်အသက်ကိုကယ်ခဲ့ဘူးလားလို့မေးတော့ ကျွန်တော် မမှတ်မိတော့ဘူးတဲ့ ၊ (အဲ့လောက်ထိလူများတာပါ) မြွေဖြူလေးက ထောင်ထဲမှာအေးအေးနေပါတယ် ။ ဒါပေမယ့် သူ့ကိုရဲဘက်ထွက်ရအောင်လုပ်တဲ့ မူဆာကို ထောင်ထဲမှာ သတ်လိုက်ပါတယ် ။ မြွေဖြူလေး နောက်မှု့ဖြစ်ပြီးစစ်ခွေးတိုက်ပို့တာခံရပါတယ် ။ စစ်ခွေးတိုက်တာဝန်ခံက တပ်ကြပ်ကြီးဗိုလ်ကံပါ ။ စစ်ခွေးတိုက်ရဲ့ နှိပ်စက်မှု့တွေကို ခံရပါတယ် ။ နောက်ပိုင်းမှာတော့ နေရချောင်ပါတယ် ။ စိုးမြတ်တပည့်တွေက ကြည့်ရှု့ပေးလို့ပါ ။ အဲ့ဒိအချိန်မှာ ၅ည နိုင်ငံရေးအကျဉ်းသားတွေ စစ်ခွေးတိုက်ကိုရောက်လာပါတယ် ။ ဗိုလ်ကံက နိုင်ကျဉ်းတွေကိုနှိပ်ဆက်ဖို့လူမိုက်မွေးပါတယ် မြွေဖြူလေး နဲ့ တင်ဟန်ဆိုတဲ့လူမိုက်၂ယောက်ပါ ။ အဆောင်မှာနေတုန်း နိုင်ကျဉ်း တွေကို အမြဲကူညီလေ့ရှိတဲ့ မြေဖြူလေးဟာ ပထမတော့ ဗိုလ်ကံခိုင်းတာလုပ်ပါတယ် ။ နောက်ပိုင်း နိုင်ကျဉ်းတွေကိုညှာတာပေးပါတယ် ။ ဒါကို မြွေဖြူးလေးကို အချွန်နဲ့မ ကြပါတယ် ။ ဗိုလ်ကံသိတော့ မြွေဖြူလေးကိုမေးပါတယ် ဟုတ်တယ် လို့ဖြေတော့ မြွေဖြူလေးကို လူမဆန်သလိုနှိပ်စက်လို့ ထောင်ဆေးရုံရောက်သွားပါတယ် ။ ဆေးရုံမှာ မူဆာကိုသတ်လို့ မကျေနပ်တဲ့ စိန်ဝင်းက အပြတ်ရှင်းတာကို ပုလင်းကွဲနဲ့ ပြန်ခုခံနိုင်ခဲ့ပါတယ် ။ 

မြွေဖြူလေးလဲ ထောင်ကလွတ်ပြီး ဘိန်းဖြူအထိုးလွန်လို့ သေဆုံးတယ် လို့ပြောကြသလို ထိုင်းမြန်မာနယ်စပ်မှာ ခုထိကြေးစားလူမိုက်ကြီး လုပ်တုန်းလို့လဲပြောကြပါတယ် ။ 

ပြောချင်တာက လူမိုက်တွေတော်တော်များများက နိုင်ကျဉ်းတွေကို တော်တော်ညှာတာကြပါတယ် ။ ယုတ်တဲ့ကောင်တွေကလဲ ကမ်းကုန်အောင်ယုတ်ကြပါတယ် ။ 
တခြားလူမိုက်ကြီးတွေအကြောင်းကလဲစိတ်ဝင်စားစရာတွေချည်းပါဘဲ ၊ 
ဖတ်ညွှန်းပေးတာပါ ။ ၁၈နှစ်အောက်လူငယ်များဖတ်ရန် လူကြီးမိဘခွင့်ပြုချက်လိုပါသည် ။

#kmmh


Publisher Name: Home


Related Books

Book Review Image

ကျွန်တော် သေဒဏ်ကျခဲ့ရသော (၁၇)လ (၁၇)ရက်

ဇော်သက်ထွေး
Book Review Image

စမ်းချောင်း အင်းစိန် ဟားဗတ်

မသီတာ(စမ်းချောင်း)
Book Review Image

ရာဇဝင်ရှင်းတမ်း

ဝင်းနိုင်ဦး
Book Review Image

မြန်မာနိုင်ငံ၏ ပြည်ထောင်စုလွှတ်တော်ကို အနီးကြည့်၊ အဝေးကြည့် (၁)

အောင်ဒင်
Book Review Image

ဘာလဲ ဟဲ့ လူ့ငရဲ

ဝင်းတင်