Book Image

မြန်မာနိုင်ငံ၏ ပြည်ထောင်စုလွှတ်တော်ကို အနီးကြည့်၊ အဝေးကြည့် (၁)

အောင်ဒင်

ယခုစာအုပ်သည် မြန်မာနိုင်ငံ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် ခေါင်းစဉ်ဖြင့် ပြည်သူ့ခေတ်ဂျာနယ်တွင် ဆရာအောင်ဒင် ရေးသားခဲဲ့သော ဆောင်းပါးများကို စုစည်းထားခြင်း ဖြစ်သည်။ အပိုင်း (၁)မှ အပိုင်း (၃၄) အထိ ပါဝင်ပါသည်။


စာရေးသူသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အားနည်းချက်များကို ဝေဖန်ထောက်ပြထားသည့် နည်းတူ လွှတ်တော်တစ်ရပ်၏ လုပ်ထုံးလုပ်နည်း၊ ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏ တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ကျင့်ဝတ်များ အထူးသဖြင့် အမေရိကန် ပြည်ထောင်စုတွင် ကျင့်သုံးဆောင်ရွက်နေပုံများနှင့် နှိုင်းယှဉ် ဖော်ပြထားသည်ကို တွေ့ရမည် ဖြစ်ပါသည်။ ဒီမိုကရေစီစနစ်တွင် အရပ်ဘက် လူ့အဖွဲ့အစည်းတို့ အရေးပါအရာရောက်ပုံကိုလည်း သမ္မတအိုဘားမား၏ အရပ်ဘက်လူ့အဖွဲ့အစည်းများအား အိမ်ဖြူတော်သို့ ဖိတ်ခေါ် ဆွေးနွေးအကြံဉာဏ်ရယူသည့် လုပ်ဆောင်ချက် တစ်ရပ်ကို ဥပမာပေး၍ ဖော်ပြထားသည်မှာလည်း မှတ်သားဖွယ်ရာ ဖြစ်ပါသည်။ ထို့ပြင် ဘတ်ဂျက်ခွဲဝေမှု၏ အရေးပါပုံကိုလည်းကောင်း၊ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကိုလည်းကောင်း၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှုနှင့် နိုင်ငံရေးအကျဉ်းသားများ၏ အခန်းကဏ္ဍကိုလည်းကောင်း အလေးပေး ဖော်ပြထားပါသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးအကူးအပြောင်း တစ်နည်းအားဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလတွင် သက်တမ်းနုနယ်ပြီး အတွေ့အကြုံ မရင့်ကျက်သေးသည့် မုဆိုးစိုင်သင် လွှတ်တော်များ၊ လွှတ်တော် ကိုယ်စားလှယ်များအတွက် များစွာ အထောက်အကူ ပြုနိုင်လိမ့်မည်ဟု ယုံကြည်သည့်အတွက် ယခုကဲ့သို့ စုစည်းထုတ်ဝေလိုက်ခြင်း ဖြစ်ပါသည်။ ထို့အတူ နိုင်ငံံရေးစိတ်ဝင်စားသူများ၊ နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်နေသူများ ဖတ်သင့်သော စာအုပ်တစ်အုပ်လည်း ဖြစ်ပါသည်။

ပြည်သွေးနိုင် (ခေတ်ပြတိုက်စာပေ)

မူရင်းစာအုပ်ပါ အမှာစာကို ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။


Publisher Name: ခေတ်ပြတိုက် စာပေ

Publisher Address: အမှတ် (၁၃၈/၁၄၀)၊ ပထပ် (ဝဲ)၊ ၄၉ လမ်း(အထက်)၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။ ဖုန်း - ၀၉၇၃၀၃၇၇၂၇

Publisher Phone Number: 09 73037727


Related Books

Book Review Image

ကျွန်တော် သေဒဏ်ကျခဲ့ရသော (၁၇)လ (၁၇)ရက်

ဇော်သက်ထွေး
Book Review Image

စမ်းချောင်း အင်းစိန် ဟားဗတ်

မသီတာ(စမ်းချောင်း)
Book Review Image

ရာဇဝင်ရှင်းတမ်း

ဝင်းနိုင်ဦး
Book Review Image

အင်းစိန်ထောင်အတွင်းမှဂန္တဝင်လူမိုက်ကြီးများ

ဇော်သက်ထွေး
Book Review Image

ဘာလဲ ဟဲ့ လူ့ငရဲ

ဝင်းတင်