Book Image

ကျွန်တော် သေဒဏ်ကျခဲ့ရသော (၁၇)လ (၁၇)ရက်

ဇော်သက်ထွေး

ယခင် စစ်အစိုးရလက်ထက်တွင် (ဦးခင်ညွှန့်ဦးဆောင်သော ထောက်လှန်းရေးများ) နိုင်ငံတော် ပုန်ကန်မှုဖြင့် (မတရားသဖြင့်) တရားစွဲဆိုပြီး သေဒဏ်ချမှတ်ခံခဲ့ရသော eleven အာကစားဂျာနယ် အယ်ဒီတာဟောင်း ဖြစ်သူ ကိုဇော်သက်ထွေးကိုယ်တိုင် ရေးသားထားသော ကိုယ်တွေ့မှတ်တမ်း စာအုပ်ဖြစ်သည်။


ပထမစာမျက်နှာများကို လှန်လိုက်တော့ အင်္ဂလိပ်စာလုံးများ၊ ထို့နောက် ကိုဇော်သက်ထွေး၏ အမျိုးသမီးဖြစ်သူ၏ ရင်တွင်းစကားများနှင့် စာအုပ်ကိုဖွင့်လိုက်သည်။ ထို့နောက်တွင်မတော့ ဆရာကိုဇော်သက်ထွေး၏ အချိတ်အဆက်မိလှစွာသော မှတ်တမ်းများ၊ ထောက်လှမ်းရေးများ၏ ရုပ်ရှင်ရိုက် အကွက်ဆင် ဖမ်းဆီးစစ်ဆေး ထောင်ချမှုများ နောက်ကွယ်တွယ် စတေးခဲ့ရသော မဆီမဆိုင် လူသားများ၊ အသက်များ၊ ဘဝများကို ရုပ်ရှင်ပိတ်ကားတစ်ချပ်တွင် တကွက်ချင်း ပြသသွားသလို မျောပါသွားသည်။ သေမိန့်ကျပြီးသား ကြိုးတိုက်အတွင်းမှ အဖြစ်အပျက်အကြောင်းအရာများ၊ ထို့နောက် အမှုနှင့့် လုံးဝ သက်ဆိုင်ခြင်းမရှိ၊ နိုင်ငံရေးပင် တစ်လုံးမှ မသိပဲ ကြိုးတိုက်အတွင်း သေဆုံးသွားရသော ကိုဇော်ဇော်နှင့် ကိုအောင်လွန်း။ အရိုးတွန်သံဆို​တာ တကယ်ရှိခဲ့လျှင် မတရားဖမ်းဆီးထောင်ချခဲ့သော အုပ်ချုပ်သူ လူတန်းစားအပေါ် မည်ကဲ့သို့ ကျွေးကျော်တွန်ကျူးမည်ကို သိလိုလှသည်။ ကျွန်တော် စာအုပ်ကို ဖတ်ချင်သည့် အဓိက ရည်ရွယ်ချက်တွင် ကိုဇော်သက်ထွေးနှင့် ပတ်သက်သော အကြောင်းအရာများ အဓိက ဖတ်ချင်၍ ဖြစ်သည်။ ကိုဇော်သက်ထွေးနှင့် ပတ်သက်သော ထောက်လှမ်းရေးမှ ဂွင်ဆင်ဖမ်းစီးသည့် အကြောင်းအရာများကို ဖတ်ရသည့်အပြင် ကိုဇော်သက်ထွေးနှင့် ကြိုးတိုက်မှ အမှုတွဲများ၏ အကြောင်းအရာများပါ အဆစ်ပါလာသည့်အတွက် စာအုပ်ဖတ်ရသည်မှာ အားရပါးရ ရှိလှသည်။ ကိုဇော်သက်ထွေး၏ စာအုပ်ကို ဖတ်ရင်း အဓိက ဇာတ်ကောင် အဘိုးကြီးတစ်ယောက်ကို ကျွန်တော် အပြင်မှာ တွေ့မြင်လိုစိတ် ဖြစ်လာမိသည်။ စာအုပ်ထဲတွင်မတော့ ဦးသိန်းစိန်၏ နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် ဘေးချင်းကပ်ရပ်ပြီး ဓာတ်ပုံမှာ ပါလာသည်။ သီဟတင်စိုး၏ တော်လှန်ရေး ဇာတ်ကားများတွင် ပါလေ့ရှိသော အလိုတော်ရိဆိုသည့် သူများ၏ ဟန်ပန်အမူအရာများနှင့် ထိုအဘိုးကြီး ဟန်ပန်အမူအရာ မည်သို့ ကွာခြားသည်ကို သိလို့၍ ဖြစ်သည်။ ဖတ်ညွှန်းရေးသူ - စိုးသီဟနောင်


Publisher Name: တောရိုင်းနှင်းဆီစာပေ

Publisher Address: အမှတ် (၃၇၅)၊ ကျိုက္ကဆံလမ်း၊ တာမွေ


Related Books

Book Review Image

နွေတစ်ညမှ အစပြု၍

အောင်ဒင်
Book Review Image

စမ်းချောင်း အင်းစိန် ဟားဗတ်

မသီတာ(စမ်းချောင်း)
Book Review Image

ရာဇဝင်ရှင်းတမ်း

ဝင်းနိုင်ဦး
Book Review Image

မြန်မာနိုင်ငံ၏ ပြည်ထောင်စုလွှတ်တော်ကို အနီးကြည့်၊ အဝေးကြည့် (၁)

အောင်ဒင်
Book Review Image

အင်းစိန်ထောင်အတွင်းမှဂန္တဝင်လူမိုက်ကြီးများ

ဇော်သက်ထွေး
Book Review Image

ထောင်နှင့်မိခင်

လူထုဒေါ်အမာ
Book Review Image

တင်မောင်မြင့်
Book Review Image

ဓားစာခံ

ကျော်စွာ (ဆေး ၂)
Book Review Image

ညဝတ်​အကျႌ အစင်​းကျားနဲ့ ​ကောင်​​လေး

တင့်ဇော်
Book Review Image

ဂျွိုင်းလန်း

လင်းခန့်
Book Review Image

နှင်းရည်တစက် အိပ်မက်တသက်

အောင်မိုးဝင်း
Book Review Image

မြေကမ္ဘာရဲ့အဆုံးက_ကြယ်တွင်း

ဇော်သက်ထွေး
Book Review Image

သူတို့ပြောသော_ထောင်အတွင်းမှ_ပရလောကသားများ

ဇော်သက်ထွေး
Book Review Image

ခေတ်ဝန်ကိုထမ်း ခေတ်လမ်းကိုလျှောက်

ဝင်းတင်
Book Review Image

ဘာလဲ ဟဲ့ လူ့ငရဲ

ဝင်းတင်
Book Review Image

လျှို့ဝှက်ချက်များနှင့် အာဏာ ထောက်လှမ်းရေးနှင့် ဗိုလ်ချုပ်ကြီးခင်ညွန့် ကျရှုံးခြင်း

ဉာဏ်သစ်
Book Review Image

အကျဉ်းထောင်ပြည်ပြေးဘဝများနှင့်မြန်မာနိုင်ငံသစ်

ကျော်စွာမိုး
Book Review Image

အင်းစိန်မှတ်တမ်း

ရွှေကူမေနှင်း