Book Image

အင်းစိန်မှတ်တမ်း

ရွှေကူမေနှင်း

ရွှေကူမေနှင်း - အင်းစိန်မှတ်တမ်း
စိတ်ကူးချိုချို
တန်ဖိုး ၂၅၀၀ကျပ်

ညီမ စာမဖတ်ဖြစ်တာ တော်တော်ကြာပါပြီ 
စာအုပ်တစ်အုပ်ကို ဖတ်လိုက်ပြီဆိုရင်လည်း တစ်ဝက်တစ်ပျက်နဲ့ကျန်တဲ့ဟာကကျန် ကျော်ဖတ်တာက ဖတ်နဲ့ စာအုပ်ကို သေသေချာချာမဖတ်ဖြစ်တာပါ 

ဒီစာအုပ်ကတော့ ဒီနှစ်တွေထဲမှာ ညီမ ပထမဆုံး သေသေချာချာ အစအဆုံး တစ်ထိုင်တည်း ဖတ်ဖြစ်တဲ့ စာအုပ်ပါ

ညီမက အရင်ကတည်းက ထောင်နဲ့ပတ်သက်တဲ့စာတွေကို တော်တော်စိတ်ဝင်စားတာမို့ မိန်းမထောင်အကြောင်းရေးထားတဲ့ ဒီစာအုပ်ကလည်း ညီမအတွက်တော့ တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းပါတယ်

ဆရာမကြီး ရွှေကူမေနှင်း အင်းစိန်ထောင်မှာ အကျဉ်းကျနေတုန်းက တွေ့ကြုံခဲ့ရတဲ့ အမှုအမျိုးမျိုးနဲ့ ထောင်ကျလာကြတဲ့ နေရာစုံ စရိုက်စုံက အမျိုးသမီးတွေရဲ့အကြောင်းကို ရေးထားတဲ့ စာအုပ်ပါ




နိုင်ငံရေးပုဒ်မနဲ့ အကျဉ်းကျနေတဲ့ မျိုး‌ချစ်စိတ်အပြည့်နဲ့ အာဂအမျိုးသမီးတွေ၊ တောခို‌ေနတဲ့ ချစ်သူကို စာလေးတစ်စောင်ပြန်မိရာကနေ ဘုမသိဘမသိနဲ့ လေး ငါးနှစ် အကျဉ်းကျရရှာတဲ့ အမျိုးသမီးတွေ၊ ပုဒ်မ 30 D နဲ့ ထောင်ကို မိဘအိမ်လိုမျိုး ဝင်လိုက်ထွက်လိုက် လုပ်နေရရှာတဲ့ သနားဖွယ်မိန်းကလေးတွေအကြောင်းတွေက တော်တော်လေးကို ဖတ်လို့ကောင်းပြီး ဗဟုသုတရရပါတယ်

ညီမအတွက်တော့ မိန်းမထောင်ကို ကွက်ကွက်ကွင်းကွင်း မျက်လုံးထဲ မြင်လာစေပြီး ကိုယ်တိုင် သူတို့န‌ဲ့အတူ ထောင်ကျနေရသလို ခံစားချက်မျိုး၊ သူတို့ထောင်ကလွတ်ရင် ကိုယ်ထောင်ကလွတ်သလိုပါ ခံစားရလောက်တဲ့အထိကို ဈာန်ဝင်လို့ကောင်းတဲ့ စာအုပ်တစ်အုပ်ပါ

နိုင်ငံရေးနားမလည်တဲ့ ညီမတောင် တစ်ညလုံးမအိပ်ပဲ ဖတ်ဖြစ်သွားတာ နိုင်ငံရေးနားလည်တဲ့သူတွေဆို ပိုပြီး ဖတ်လို့ကောင်းမယ်လို့ ထင်ပါတယ် 

ပြီးတော့ ညီမ page တစ်ခုမှာ ဖတ်ဖူးပါတယ် စာဖတ်ရမှာ ပျင်းနေရင် အရင်က ကိုယ်ဖတ်ခဲ့ဖူးတဲ့ထဲက အကြိုက်ဆုံး စာအုပ်တစ်အုပ်ကို ပြန်ဖတ်ပါ ဒါမှမဟုတ် ကိုယ်အရမ်း ဖတ်ချင်နေခဲ့တဲ့ စာအုပ်ကို ပြီးအောင် ဖတ်ကြည့်လိုက်ပါတဲ့။ အကြောင်းအမျိုးမျိုးကြောင့်ပဲဖြစ်ဖြစ် ပျင်းလို့ပဲဖြစ်ဖြစ် စာဖတ်ချင်ပေမယ့် မဖတ်ဖြစ်တဲ့သူတွေလည်း ဒီနည်းလေးကို သုံးစေချင်ပါတယ်။ ညီမလည်း အဲ့နည်းကြောင့် စာအုပ်‌ေတွပြန်ဖတ်ဖြစ်နေပါပြီ။
#Jordan Chusat


Publisher Name: စိတ်ကူးချိုချို စာပေ

Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅

Publisher Phone Number: 01546845


Related Books

Book Review Image

ကျွန်တော် သေဒဏ်ကျခဲ့ရသော (၁၇)လ (၁၇)ရက်

ဇော်သက်ထွေး
Book Review Image

နွေတစ်ညမှ အစပြု၍

အောင်ဒင်
Book Review Image

ရာဇဝင်ရှင်းတမ်း

ဝင်းနိုင်ဦး
Book Review Image

တင်မောင်မြင့်
Book Review Image

ဓားစာခံ

ကျော်စွာ (ဆေး ၂)
Book Review Image

ဂျွိုင်းလန်း

လင်းခန့်
Book Review Image

နှင်းရည်တစက် အိပ်မက်တသက်

အောင်မိုးဝင်း
Book Review Image

ခေတ်ဝန်ကိုထမ်း ခေတ်လမ်းကိုလျှောက်

ဝင်းတင်
Book Review Image

လျှို့ဝှက်ချက်များနှင့် အာဏာ ထောက်လှမ်းရေးနှင့် ဗိုလ်ချုပ်ကြီးခင်ညွန့် ကျရှုံးခြင်း

ဉာဏ်သစ်
Book Review Image

အကျဉ်းထောင်ပြည်ပြေးဘဝများနှင့်မြန်မာနိုင်ငံသစ်

ကျော်စွာမိုး