Book Image

လျှို့ဝှက်ချက်များနှင့် အာဏာ ထောက်လှမ်းရေးနှင့် ဗိုလ်ချုပ်ကြီးခင်ညွန့် ကျရှုံးခြင်း

ဉာဏ်သစ်

ဉာဏ်သစ်
လျှို့ဝှက်ချက်များနှင့် အာဏာ
ထောက်လှမ်းရေးနှင့် ဗိုလ်ချုပ်ကြီးခင်ညွန့် ကျရှုံးခြင်း
Andrew Selth ၏ Secrets and Power in Myanmar: Intelligence and The Fall of General Khin Nyunt ကို ဘာသာပြန်သည်။
လွင်ဦးစာပေ ( လှည်းတန်း )၊
ပထမအကြိမ်၊ ဇွန် ၂၀၂၀။
မျက်နှာဖုံးဒီဇိုင်း - ကျော်မင်းမောင်။
၁၃.၅ စင်တီမီတာ x ၂၁ စင်တီမီတာ။
စာမျက်နှာ - ၂၈၁၊ တန်ဖိုး - ကျပ် ၄၀၀၀။

သြစတြေးလျ အမျိုးသားတက္ကသိုလ် မဟာဗျူဟာ ကာကွယ်ရေးလေ့လာမှုဋ္ဌာန၏ မြန်မာ့ထောက်လှမ်းရေး စနစ် အကြောင်းလေ့လာသော စာတမ်းကို ဒေါက်တာ Andrew Selth က ပြည့်စုံအောင် ဖြည့်စွက်ရေးသား ကာ စက်တင်ဘာ ၂၀၁၉ တွင် ထုတ်ဝေခဲ့သည့်အရေး အသားကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။




အကျဉ်းချုပ်၊ အမှာ၊ ရင်းမြစ်နှင့် နည်းနာများ၊ ကျေးဇူး စကား၊ အတိုမှတ်များ ပါရှိသည်။ အခန်း ၉ ခန်းပါရှိပြီး အခန်းတိုင်းတွင် ကိုးကားသော စာအုပ်၊ စာတမ်း၊ သတင်းစာ၊ ဂျာနယ်နှင့် လူပုဂ္ဂိုလ်တို့၏ ကိုယ်တွေ့မေး မြန်းချက်များကို အသေးစိတ်ထည့်သွင်းဖော်ပြထား သည်။

ပါရှိသော အခန်း ၉ခန်းမှာ မိတ်ဆက်၊ ၂၀၀၄ ခုနှစ်မတိုင်မီက မြန်မာ့ထောက်လှမ်းရေးစနစ်၊ ဗိုလ်ချုပ်ကြီးခင်ညွန့် ကျရှုံးခြင်း၊ အာဏာအပြောင်းအရွှေ့များနှင့် ဖွဲ့စည်းပုံ ဆိုင်ရာ အပြောင်းအလဲများ၊ ၂၀၁၁ ခုနှစ်နောက်ပိုင်း ထောက်လှမ်းရေးအဖြစ်အပျက်များ၊ ထောက်လှမ်းရေး လစ်ဟင်းမှု၊ နိုင်ငံခြားဆက်ဆံရေးများ၊ တာဝန်ခံမှု ပြဿနာများ၊ နိဂုံး တို့ဖြစ်သည်။

'' ၁၉၄၈ ခုနှစ်မှစ၍ အနှစ် ၇၀ ကျော်ကို ပြန်ကြည့်ပါက 
ဤထောက်လှမ်းရေးတိုင်းပြည်၏ ထူးခြားချက်ငါးချက်ကို ဖော်ထုတ်နိုင်သည်။ ပထမအချက်မှာ ဤထောက်လှမ်းရေးစနစ်ကို လက်နက်ကိုင်တပ်ဖွဲ့များက တစ်နည်း မဟုတ် တစ်နည်းဖြင့်လွှမ်းမိုးထားသည်။ ဒုတိယ အချက်မှာ အမျိုးသားထောက်လှမ်းရေးစနစ်၏ အား ထုတ်မှုမှာ ပြည်တွင်းလုံခြုံရေးကိုသာ အဓိကအာရုံစိုက်ထားသည်။ တတိယအချက်မှာ မြန်မာ့ထောက်လှမ်းရေးစနစ်သည် တက်နေသည့်အစိုးရက ရှုမြင်သည့် အတိုင်း ပြည်ထောင်စုကို ထိန်းသိမ်းရန်၊ အထူးသဖြင့် ပြည်ထောင်စု၊ ညီညွတ်မှု၊ အချုပ်အချာအာဏာတို့ မပြိုကွဲရေးကိုသာ မလျှော့တမ်းသန္နိဋ္ဌာန်ချထားသည်။ စတုတ္ထအချက်မှာ မြန်မာနိုင်ငံ၏ သီးသန့်ဆန်မှုနှင့် ရေရှည်စီးပွားရေးပြဿနာကြောင့် ယင်း၏လုံခြုံရေး အဖွဲ့များသည် နည်းပညာရင်းမြစ်များထက် လူသား သတင်းကိုသာ လွန်စွာ အားထားရသည်။ သို့သော် အီလက်ထရွန်းနစ်တော်လှန်ရေးက ဤနိုင်ငံကို ကြီးမား စွာသက်ရောက်လာသောကြောင့် ယခုအခါ ပြောင်းလဲ လာနေလေပြီ။ ပဉ္စမအချက်မှာ ထောက်လှမ်းရေး သတင်း စီမံခန့်ခွဲရေးနှင့်ပတ်သက်လာလျှင် မြန်မာနိုင်ငံ တွင် ကျယ်ပြန့်လှသည့် အမျိုးသားထောက်လှမ်းရေး စနစ်တစ်ခုလုံးကို လူတစ်ဦးတစ်ယောက်၊ အဖွဲ့အစည်း တစ်ခုခုတည်းက ဦးဆောင်ညွှန်ကြားလိုသည့် အာဏာ စက်နှင့် စီမံခန့်ခွဲသူအသီးသီး၏လက်အောက်တွင် သီးခြားတာဝန်များကို ထမ်းဆောင်နေပြီး ယင်းတို့၏ လွတ်လပ်မှုကိုလည်း စောင့်ရှောက်နေသည့် အဖွဲ့ အများအပြားကို ဖန်တီးလိုသည့် အလိုဆန္ဒတို့မှာ အမြဲတမ်း မကျေမလည်ဖြစ်နေတတ်သည်။ ဤအကျပ်အတည်းကို တုံးတိတိ တုံ့ပြန်လိုက်ပါက မှတ်သားလောက်စရာ ထောက်လှမ်းရေးလစ်ဟင်းမှုများဖြစ်ပေါ် ခဲ့သည်ကို လွန်ခဲ့သည့်နှစ်များအတွင်း တွေ့ခဲ့ရသည်။ ''
( စာမျက်နှာ ၂၇၆ နှင့် ၂၇၇ မှ )

ထိုစဉ်က လူမသိသူမသိဖြစ်သည့် ဗိုလ်မှူးကြီးခင်ညွန့် ကို အမှတ် ၄၄ ခြေမြန်တပ်မမှ ခေါ်ကာ ၁၉၈၃ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ထောက်လှမ်းရေးမှူးချုပ် 
'' စီအိုင် '' အဖြစ်ခန့်အပ်ခဲ့သည်။ ၂၀၀၄ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့တွင် ဝန်ကြီးချုပ်ခင်ညွန့်အား 
''ကျန်းမာရေးကြောင့်အငြိမ်းစားယူခွင့်ပြုလိုက်ကြောင်း'' ကြေညာခဲ့သည်။

၂၀၀၄ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် နအဖ သည် မထဖကို ဖျက်သိမ်းကာ ၁၉၈၃ မထဖ ဥပဒေ ကို လည်း ရုပ်သိမ်းလိုက်သည်။ ထိုကာလမှစ၍ စစ်ဆင်ရေးဆိုင်ရာ လစ်ဟင်းမှုများနှင့် သုံးသပ်ချက်ဆိုင်ရာလစ်ဟင်းမှုများ စသည့် ထောက်လှမ်းရေး လစ်ဟင်းမှုများ ကြုံတွေ့လာရသည်။ ကကလှမ်းကို အကြီးအကျယ်သန့်စင်ပြီးသည့်နောက် စစ်ဘက်ရေးရာလုံခြုံရေးအရာ ရှိချုပ်ရုံး ( စရခ ) နှင့် အစားထိုးလိုက်ခြင်းမှာ လက်ရှိအနေအထားဖြစ်သည်။

မြန်မာ့နိုင်ငံရေးအခင်းအကျင်း၌ ယနေ့ထက်တိုင် ထဲထဲဝင်ဝင် ဆက်စပ်ပတ်သက်လျက်ရှိဆဲဖြစ်သည့် 
'' လျှို့ဝှက်ချက်များနှင့် အာဏာ '' အကြောင်း တစေ့တစောင်းဖော်ပြထားသော စာအုပ်ကောင်းတစ်အုပ်ဟု ယူဆမိပါသည်။

မိုးမင်းသိမ်း
၁၇ ဇူလိုင် ၂၀၂၀


Publisher Name: လွင်ဦးစာပေ

Publisher Address: အမှတ် (၁၆ အေ) လှည်းတန်း ၂ လမ်း၊ကမာရွတ်မြို့နယ်၊ရန်ကုန်။

Publisher Phone Number: 09259289154


Related Books

Book Review Image

ကျွန်တော် သေဒဏ်ကျခဲ့ရသော (၁၇)လ (၁၇)ရက်

ဇော်သက်ထွေး
Book Review Image

နွေတစ်ညမှ အစပြု၍

အောင်ဒင်
Book Review Image

ရာဇဝင်ရှင်းတမ်း

ဝင်းနိုင်ဦး
Book Review Image

တင်မောင်မြင့်
Book Review Image

ဓားစာခံ

ကျော်စွာ (ဆေး ၂)
Book Review Image

ဂျွိုင်းလန်း

လင်းခန့်
Book Review Image

နှင်းရည်တစက် အိပ်မက်တသက်

အောင်မိုးဝင်း
Book Review Image

ခေတ်ဝန်ကိုထမ်း ခေတ်လမ်းကိုလျှောက်

ဝင်းတင်
Book Review Image

အကျဉ်းထောင်ပြည်ပြေးဘဝများနှင့်မြန်မာနိုင်ငံသစ်

ကျော်စွာမိုး
Book Review Image

အင်းစိန်မှတ်တမ်း

ရွှေကူမေနှင်း